Local News

လပြတၱာ တြင္ ဆိုက္ကား ဆရာ ၆၅၀ အတြက္ ၿမိဳ႕ခံ မ်ား စုေပါင္း ၿပီး လႉဒါန္း

Written by Ms Cele

လပြတၱာ တြင္ ဆိုက္ကား ဆရာ ၆၅၀ အတြက္ ၿမိဳ႕ခံ မ်ား စုေပါင္း ၿပီး လႉဒါန္း

ဧရာဝတီတိုင္း၊ လပြတၱာၿမိဳ႕နယ္မွာ ကိုဗစ္-၁၉ ကပ္ေဘး ကာလ စားဝတ္ေနေရး အခက္အခဲ ျဖစ္ေနတဲ့ ဆိုက္ကားဆရာေတြ အတြက္ ေအာက္တိုဘာ ၁၁ ရက္ေန႔က အေျခခံစားသုံး ကုန္ေတြ လႉဒါန္းခဲ့ပါတယ္။

အေႏွးယာဥ္ဆိုက္ကား ဆရာေတြ အေျခခံစားသုံးကုန္ေတြ လႉဒါန္းတာ ကို အျဖဴေရာင္ ဧရာဝတီက ဦးေဆာင္ၿပီး ၿမိဳ႕ခံအလႉရွင္ ေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္ခဲ့ တာျဖစ္တယ္လို႔ အျဖဴေရာင္ ဧရာ၀တီအဖြဲ႕မွ ကိုစိုးသီဟမင္းက ဒီဗြီဘီကိုေျပာပါတယ္။

“အဓိကေတာ့ ကိုဗစ္ကာလ မွာ အားလုံးက စားဝတ္ေနေရးအခက္အခဲျဖစ္ ေနတာပါ။ ၿပီးခဲ့တဲ့ ရက္က ရပ္ကြက္ေတြကို လႉေပးခဲ့ပါတယ္။ အခုလုပ္တာ ကေတာ့ က်ေနာ္တု႔္အဖြဲ႕က ဦးေဆာင္ၿပီး ၿမိဳ႕ခံအလႉရွင္ ေတြနဲ႔ ပူးေပါင္းၿပီးေတာ့ ဆိုက္ကား ဆရာေတြအတြက္ လႉေပးျဖစ္တာပါ”လို႔ ေျပာပါတယ္။

အျဖဴေရာင္ဧရာ၀တီအဖြဲ႕နဲ႔ ၿမိဳ႕ခံ အလႉရွင္ေတြပူးေပါင္းၿပီး အေႏွးယာဥ္ဆိုက္ကား ဆရာ ၆၅၀ ဦးအတြက္ ၁ ဦးကို ဆန္ ၂ ျပည္၊ ၾကက္ဥ ၂ လုံး၊ ေခါက္ဆြဲထုပ္ ၂ ထုပ္၊ အေအးနဲ႔ ကိတ္မုန႔္ေတြ ေပးေဝခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

လပြတၱာၿမိဳ႕မွာေနထိုင္သူေတြအေနနဲ႔ စားဝတ္ေနေရးအခက္ အခဲရွိလာရင္ အျဖဴေရာင္ ဧရာဝတီအဖြဲ႕ထံ ဆက္သြယ္ၿပီး အကူညီေတာင္းခံ နိုင္လာရင္လည္း အဖြဲ႕အေနနဲ႔ ကူညီေပးသြားမွာ ျဖစ္တယ္လို႔ အျဖဴေရာင္ ဧရာ၀တီအဖြဲ႕မွ ကိုစိုးသီဟမင္းက ဒီဗြီဘီကိုေျပာပါတယ္။

လပြတၱာၿမိဳ႕အေျခစိုက္ အျဖဴေရာင္ဧရာ၀တီအဖြဲ႕ဟာ သဘာဝေဘး ကယ္ဆယ္ေရး လုပ္ငန္း ေတြ ကိုလုပ္ေဆာင္ေနတဲ့ အဖြဲ႕ျဖစ္ၿပီး ကိုဗစ္ကာလ စား၀တ္ေနေရးအခက္ အခဲရွိေနတဲ့ အိမ္ေထာင္စု ေတြကို ေထာက္ပံ့ ေပးေနသလို ဆြမ္းအခက္အခဲရွိတဲ့ သံဃာေတာ္မ်ား အတြက္လည္း ဆြမ္းခံေပး တာေတြ ျပဳလုပ္ေပးေနတာပါ။

သတင္း – မင္းထက္မုန္း (ပုသိမ္)၊ ဓာတ္ပုံ – အျဖဴေရာင္ဧရာဝတီ

ယခုသတင္းအား DVB မွျပန္လည္ေဖာ္ျပပါသည္

လပွတ္တာ တွင် ဆိုက်ကား ဆရာ ၆၅၀ အတွက် မြို့ခံ များ စုပေါင်း ပြီး လှူဒါန်း

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်မှာ ကိုဗစ်-၁၉ ကပ်ဘေး ကာလ စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့ ဆိုက်ကားဆရာတွေ အတွက် အောက်တိုဘာ ၁၁ ရက်နေ့က အခြေခံစားသုံး ကုန်တွေ လှူဒါန်းခဲ့ပါတယ်။

အနှေးယာဉ်ဆိုက်ကား ဆရာတွေ အခြေခံစားသုံးကုန်တွေ လှူဒါန်းတာ ကို အဖြူရောင် ဧရာဝတီက ဦးဆောင်ပြီး မြို့ခံအလှူရှင် တွေနဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့ တာဖြစ်တယ်လို့ အဖြူရောင် ဧရာဝတီအဖွဲ့မှ ကိုစိုးသီဟမင်းက ဒီဗွီဘီကိုပြောပါတယ်။

“အဓိကတော့ ကိုဗစ်ကာလ မှာ အားလုံးက စားဝတ်နေရေးအခက်အခဲဖြစ် နေတာပါ။ ပြီးခဲ့တဲ့ ရက်က ရပ်ကွက်တွေကို လှူပေးခဲ့ပါတယ်။ အခုလုပ်တာ ကတော့ ကျနော်တု့်အဖွဲ့က ဦးဆောင်ပြီး မြို့ခံအလှူရှင် တွေနဲ့ ပူးပေါင်းပြီးတော့ ဆိုက်ကား ဆရာတွေအတွက် လှူပေးဖြစ်တာပါ”လို့ ပြောပါတယ်။

အဖြူရောင်ဧရာဝတီအဖွဲ့နဲ့ မြို့ခံ အလှူရှင်တွေပူးပေါင်းပြီး အနှေးယာဉ်ဆိုက်ကား ဆရာ ၆၅၀ ဦးအတွက် ၁ ဦးကို ဆန် ၂ ပြည်၊ ကြက်ဥ ၂ လုံး၊ ခေါက်ဆွဲထုပ် ၂ ထုပ်၊ အအေးနဲ့ ကိတ်မုန့်တွေ ပေးဝေခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လပွတ္တာမြို့မှာနေထိုင်သူတွေအနေနဲ့ စားဝတ်နေရေးအခက် အခဲရှိလာရင် အဖြူရောင် ဧရာဝတီအဖွဲ့ထံ ဆက်သွယ်ပြီး အကူညီတောင်းခံ နိုင်လာရင်လည်း အဖွဲ့အနေနဲ့ ကူညီပေးသွားမှာ ဖြစ်တယ်လို့ အဖြူရောင် ဧရာဝတီအဖွဲ့မှ ကိုစိုးသီဟမင်းက ဒီဗွီဘီကိုပြောပါတယ်။

လပွတ္တာမြို့အခြေစိုက် အဖြူရောင်ဧရာဝတီအဖွဲ့ဟာ သဘာဝဘေး ကယ်ဆယ်ရေး လုပ်ငန်း တွေ ကိုလုပ်ဆောင်နေတဲ့ အဖွဲ့ဖြစ်ပြီး ကိုဗစ်ကာလ စားဝတ်နေရေးအခက် အခဲရှိနေတဲ့ အိမ်ထောင်စု တွေကို ထောက်ပံ့ ပေးနေသလို ဆွမ်းအခက်အခဲရှိတဲ့ သံဃာတော်များ အတွက်လည်း ဆွမ်းခံပေး တာတွေ ပြုလုပ်ပေးနေတာပါ။

သတင်း – မင်းထက်မုန်း (ပုသိမ်)၊ ဓာတ်ပုံ – အဖြူရောင်ဧရာဝတီ

ယခုသတင်းအား DVB မှပြန်လည်ဖော်ပြပါသည်

About the author

Ms Cele

Leave a Comment