Celebrity


Written by Ms Cele





လမ်းခွဲ လိုက် ကြပြီ လို့ ဝေဖန် မှတ်ချက် ပေးခံ နေရ တဲ့ ရဲရင့်အောင် နဲ့ ဧငြိမ်းဖြူ တို ့စုံတွဲ

ပရိသတ်ကြီးရေ ရဲရင့်အောင်လို့ ပြောလိုက်တာနဲ့ ဧငြိမ်းဖြူကို တွဲမြင်ကြမယ် ထင်ပါတယ်နော် ။သူတို့ရဲ့ အချစ်ရေးကတော့ ပရိသတ်တွေကိုအထူးမိတ်ဆက်ပေးစရာမလိုတဲ့ အပြင်ခိုင်မြဲတဲ့ တွဲလက်တွေနဲ့ အတူ အေးတူပူအမျှလက်တွဲခဲ့ကြတာ သက်တမ်း(၃)နှစ်ကျော်ခဲ့ပြီပဲ ဖြစ်တဲ့အပြင် လိုက်ဖက်ညီလှတဲ့ စုံတွဲလေးတစ်တွဲ လို့လည်း ဆိုနိုင်ပါတယ်။

ပရိသတ်တွေ ချစ်ခင်သ ဘောကျရတဲ့ အနုပညာရှင် စုံတွဲတွေ ထဲက သူတို့စုံတွဲလေး တစ်တွဲအပါအဝင် ဖြစ်ပြီး နားလည်မှု ရှိရှိနဲ့လက်တွဲ ခဲ့ကြပေမယ့် လက်ရှိမှာတော့ အဆင်မပြေဖြစ် ကာလမ်းခွဲလိုက်ကြပြီလားလို့ မှတ်ချက်တွေ ပေးနေကြတာပါ။ သူမတို့စုံတွဲကို ချစ်ကြတဲ့ပရိသတ် တွေကတော့ အရမ်းကို စိုးရိမ်နေကြတာပါ။

လမ်းခွဲလိုက်ကြပြီ လားလို့ မှတ်ချက် ပေးခံနေရတဲ့ အကြောင်းအရင်း ကတော့ ” မိန်းကလေးတွေက အသည်းကွဲ နေရင်တောင် အလှတော့ မပျက်မခံနိုင်ကြဘူး ”ဆိုတဲ့စာလေး ကို အေးငြိမ်းဖြူက တင်အပြီးမှာ “မျက်ရည်ကျတတ်လား? လို့ နင်ငါ့ကို မမေးနဲ့ငါ တန်ဖိုးထားတဲ့ အကြောင်းတွေ မမေးနဲ့ ဘာ့ကြောင့် တို့တွေဝေးရတာ ငါ့ကို မမေးနဲ့ မမေးနဲ့ ”ဆိုတဲ့ စာလေးကို တင်လာခဲ့တာ ကြောင့်ပရိသတ်တွေ အမျိုးမျိုး ဝေဖန်မှတ်ချက်ထင်ကြေး တွေပေးနေကြတာပါ။ပရိသတ်တွေရဲ့ ထင်မြင်ချက်လေးကို လာ်းမှတ်ချက်ပေးခဲ့ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံး သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်နော်။

About the author

Ms Cele

Leave a Comment