Celebrity
Written by Ms Cele
လမ်းမလည်မှာ ပိုက်ဆံတွေ အထပ်လိုက်ကြီး ထုတ်ပြီး အလုပ်ရှုပ် နေတဲ့ ရွှေထူးကို ဆေးထိုး လိုက်တဲ့ ရွှေမှုံရတီ
ရွှေထူးနဲ့ ရွှေမှုံရတီ ဆိုတာနဲ့ အနုပညာလောက မှာ ကိုယ်ပိုင် အရည်အချင်းတွေနဲ့ ကြိုးစားနေကြတဲ့ လူငယ် ဇနီးမောင်နှံ နှစ်ယောက်ကို မြင်ယောင်ကြမယ် ထင်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ကတော့ အသက်မွေး ဝမ်းကြောင်း လုပ်ငန်း တူညီကြသူ တွေပီပီ တစ်ယောက်ရဲ့ လိုအပ်ချက် တွေတစ်ယောက် ဖြည့်စည်းပေး နေလျက်ရှိပြီး လိုအပ်တာ မှန်သမျှ ကိုလည်း ပွင့်ပွင့် လင်းလင်း အကြံဉာဏ်တွေ ပေးလေ့ ရှိတာပဲ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း ရွှေထူးနဲ့ ရွှေမှုံရတီက အိမ်ထောင်သည် အနုပညာရှင် တွေဖြစ်နေပေမယ့်လည်း ပရိသတ်တွေရဲ့ ဝန်းရံ အားပေးခြင်းကို ဒီနေ့ဒီအချိန်ထိ ခံယူနေရဆဲ ဖြစ်ပါတယ်။
လက်ရှိ ကိုဗစ်ကာလ မှာလည်း ကြော်ငြာအချို့ကို ရိုက်ကူးပေးဖြစ် နေသလို သီချင်းသစ် တွေကိုလည်း ထုတ်လုပ်ပေး နေတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ ကတော့ ပရိသတ်တွေနဲ့ အဆက်အသွယ် မပြတ်ရှိနေဆဲ ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ ရွှေမှုံရတီက အလုပ်ကိစ္စနဲ့ အပြင်ကိုသွားရင်း လမ်းမလည်မှာ ဘေး ပတ်ဝန်းကျင် ကို ဂရုမစိုက်နိုင်ပဲ ပိုက်ဆံတွေ အထပ်လိုက်ကြီးထုတ်ပြီး အလုပ်ရှုပ်နေတဲ့ ရွှေထူးကို “Boss” ဆိုပြီး ဆေးထိုးစနောက် ခဲ့တာကို တွေ့ရပါတယ်။
ရွှေထူးနဲ့ ရွှေမှုံရတီ ကတော့ တစ်ယောက်ကို တစ်ယောက် စနောက်ရင်းနဲ့ပဲ သာယာတဲ့ အိမ်ထောင် တစ်ခုကို ပုံဖော်နေကြ သူများ ဖြစ်ကြပါတယ်။ ပရိသတ် ကြီးလည်း လမ်းမလည်မှာ အလုပ်ရှုပ် နေတဲ့ ရွှေထူးရဲ့ ပုံရိပ်လေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်း ပေးလိုက်ပါတယ်။
Credit:Cele Connections
About the author
Ms Cele
Leave a Comment