Celebrity

လမ္းမေပၚထြက္ကာ ဆိုင္းဘုတ္ ကိုင္ေဆာင္ၿပီး ရဲရဲဝင့္ဝင့္ ဆႏၵထုတ္ေဖာ္ ခဲ့တဲ့ မင္းသားႀကီးလြင္မိုး

Written by Ms Cele

လမ္းမေပၚထြက္ကာ ဆိုင္းဘုတ္ ကိုင္ေဆာင္ၿပီး ရဲရဲဝင့္ဝင့္ ဆႏၵထုတ္ေဖာ္ ခဲ့တဲ့ မင္းသားႀကီးလြင္မိုး

မင္းသားႀကီး လြင္မိုးကေတာ့ အႏုပညာ ေလာကမွာ ဇာတ္ကားေတြ၊ ေၾကာ္ျငာေတြနဲ႔ ပရိသတ္ေတြရဲ့ ရင္ထဲအထိ ေရာက္ေအာင္ ေနရာယူ ထားနိုင္တာ ျဖစ္ပါတယ္ ။ တစ္ခ်ိန္က ပ်ိဳတိုင္းႀကိဳက္တဲ့ႏွင္းဆီခိုင္ ျဖစ္ခဲ့တဲ့ လြင္မိုးက ႏွစ္ေတြလေတြေျပာင္းလဲ သြားေပမယ့္ အခုအရြယ္အထိ ေခ်ာေမာခန႔္ညားေနဆဲ ပါ ။

လြင္မိုးကေတာ့ လတ္တေလာမွာ ဆိုရင္ ျပည္သူေတြ နဲ႔အတူ ရပ္တည္ကာ ေန႔စဥ္တိုင္းလိုလို လမ္းမေပၚ ထြက္ၿပီး ဆႏၵထုတ္ေဖာ္မႈေတြ ျပဳလုပ္ေနတာျဖစ္သလို ဆႏၵျပျပည္သူေတြ အေမာေျပစားေသာက္နိုင္ရန္ အစားအေသာက္ မ်ားလည္း လႉဒါန္းကာ တတ္နိုင္သေလာက္ ကူညီခဲ့တာလည္းျဖစ္ပါတယ္။

အခုလည္း ျပည္သူထဲက ျပည္သူတစ္ေယာက္မို႔ လြတ္လပ္စြာ ဆႏၵထုတ္ေဖာ္ခြင့္ ရွိတာေၾကာင့္ လမ္းမေပၚထြက္ကာ ဆိုင္းဘုတ္ ကိုင္ေဆာင္ၿပီး ရဲရဲဝင့္ဝင့္ ဆႏၵထုတ္ေဖာ္ခဲ့ေၾကာင္း ေဖာ္ျပထားရာ ပရိသတ္ႀကီး အတြက္ ျပန္လည္ေဝမၽွေပး လိုက္ပါတယ္။

Credit:Cele Zone
Photo – Lwin Moe

လမ်းမပေါ်ထွက်ကာ ဆိုင်းဘုတ် ကိုင်ဆောင်ပြီး ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော် ခဲ့တဲ့ မင်းသားကြီးလွင်မိုး

မင်းသားကြီး လွင်မိုးကတော့ အနုပညာ လောကမှာ ဇာတ်ကားတွေ၊ ကြော်ငြာတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲအထိ ရောက်အောင် နေရာယူ ထားနိုင်တာ ဖြစ်ပါတယ် ။ တစ်ချိန်က ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင် ဖြစ်ခဲ့တဲ့ လွင်မိုးက နှစ်တွေလတွေပြောင်းလဲ သွားပေမယ့် အခုအရွယ်အထိ ချောမောခန့်ညားနေဆဲ ပါ ။

လွင်မိုးကတော့ လတ်တလောမှာ ဆိုရင် ပြည်သူတွေ နဲ့အတူ ရပ်တည်ကာ နေ့စဉ်တိုင်းလိုလို လမ်းမပေါ် ထွက်ပြီး ဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်နေတာဖြစ်သလို ဆန္ဒပြပြည်သူတွေ အမောပြေစားသောက်နိုင်ရန် အစားအသောက် များလည်း လှူဒါန်းကာ တတ်နိုင်သလောက် ကူညီခဲ့တာလည်းဖြစ်ပါတယ်။

အခုလည်း ပြည်သူထဲက ပြည်သူတစ်ယောက်မို့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိတာကြောင့် လမ်းမပေါ်ထွက်ကာ ဆိုင်းဘုတ် ကိုင်ဆောင်ပြီး ရဲရဲဝင့်ဝင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း ဖော်ပြထားရာ ပရိသတ်ကြီး အတွက် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။

Credit:Cele Zone
Photo – Lwin Moe

About the author

Ms Cele

Leave a Comment