Celebrity

လမ္းမွာ ရိွတဲ့ Toll Gate တိုင္း မွာ Gay ဆိုျပီး စေနာက္ခံ ခဲ့ရတယ္ ဆိုတဲ့ ဟန္ထူးလြင္

Written by Ms Cele

လမ္းမွာ ရိွတဲ့ Toll Gate တိုင္း မွာ Gay ဆိုျပီး စေနာက္ခံ ခဲ့ရတယ္ ဆိုတဲ့ ဟန္ထူးလြင္

လူငယ္ၾကိဳက္ အဆိုေတာ္ တစ္ေယာက္ျဖစ္တဲ့ ဟန္ထူးလြင္ ကေတာ့ ေက်ာင္းသား အရြယ္ကတည္းက ဂီတကို ရူးရူးသြပ္သြပ္ ဝါသနာပါသူ တစ္ေယာက္ျဖစ္ပါတယ္။ ဟန္ထူးလြင္က သြားဆရာဝန္ တစ္ေယာက္ျဖစ္ခဲ့ ေပမယ့္လည္း သူခံုမင္ရာ ဂီတကိုပဲ တစိုက္မတ္မတ္ လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ သမီးနွစ္ေယာက္ ရိွတဲ့ ဟန္ထူးလြင္က ျပီးခဲ့တဲ့ (၂၀၁၉) ခုနွစ္မွာပဲ အိမ္ေထာင္ နဲ့ တရားဝင္ကြာရွင္းခဲ့တာျဖစ္ျပီး ဒီကေန့ မွာေတာ့ လြန္ခဲ့တဲ့ တစ္နွစ္ဆိုတဲ့ အခ်ိန္က သူ့ဘဝမွာ ဆိုးဆိုးရြားရြားၾကံဳဆံု ခဲ့ရတာေတြကို အခုလိုပဲ ေျပာျပလာပါတယ္။

“B Side record လုပ္ခဲ့တာ တစ္ႏွစ္ျပည့္ သြားၿပီ။ ပုံေတြျပန္ၾကည့္ေတာ့ တမ်ိဳးပဲ။ တစ္ႏွစ္တဲ့။ ခုေလးတင္ျဖစ္ပ်က္သြားတဲ့ တစ္ႏွစ္လိုပါပဲ။ အဲ့ဒီအခ်ိန္က က်ေနာ့္မွာ ေႏြးေႏြးေထြးေထြး ဝတ္စရာ အေႏြးထည္မပါသြားဘူး။ Walking shoes or ေျခစြပ္မပါဘူး။ ေျခညႇပ္ ဖိနပ္နဲ႔။ ကြ်န္ေတာ္ ရန္ကုန္ကေန ထြက္ေျပးခဲ့ရတယ္။ လမ္းမွာ ရွိတဲ့ toll gate တိုင္းမွာ gay ဆိုၿပီး အစအေနာက္ ခံရတယ္။ အဆိုးဆုံးက band members ေတြရဲ႕မိသားစုေတြ မိန္းမနဲ႔ကေလးေတြ ပင္းတယအထိ တက္လာၿပီးသူတို႔ကိုလာေတြ႕ၾကတဲ့အခ်ိန္က်ေနာ္ ေကာ္ဖီေသာက္ရင္းထိုင္ၾကည့္ေနခဲ့ရတာ။ ”

“ႏွစ္ေပါင္းမ်ားစြာ အားတက္ သေရာ စီစဥ္ထားရတဲ့ project တကယ္တီးရၿပီဆိုေတာ့မွ က်ေနာ္ဒီလို စိတ္အေျခအေနေတြနဲ႔ ေရာက္သြားခဲ့ရတာ ယုံေတာင္ မယုံႏိုင္ခဲ့ဘူး။ တစ္ႏွစ္အခ်ိန္ဟာျမန္တယ္ ဆိုရင္ က်ေနာ္ျမန္ျမန္ဆန္ဆန္ပဲ heal ျဖစ္သြားတယ္ထင္ပါတယ္။ အဆိုးဆုံးအခ်ိန္မွာ ကြ်န္ေတာ္ Bigbag history မွာ အလွဆုံး album တစ္ခုသြင္းႏိုင္ခဲ့တာ။ မ်ားေသာအားျဖင့္ကိုယ့္ကိုယ္ကိုသိပ္အထင္ႀကီးတတ္ေလ့မရွိဘူး။ ဒီတစ္ခုကိုေတာ့ ကိုယ့္ကိုယ္ကို credit တခုခုေပးခဲ့တယ္။ အဆိုးဆုံးအခ်ိန္ေတြကေတာ့ တစ္နည္းမဟုတ္တစ္နည္းရွိေနဦးမွာပဲ။ လာေနမွာပဲ။ ၿပီးရင္ေတာ့ခဏတျဖဳတ္ေပးနားမယ္ထင္တာပဲ 😅” ဆိုျပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

ဟန္ထူးလြင္ကေတာ့ အိမ္ေထာင္ နဲ့ တရားဝင္ ကြာရွင္းခဲ့ျပီဆိုေပမယ့္ သူ့ရဲ့ သမီးေလး နွစ္ေယာက္ ကိုေတာ့ တစ္လွည့္စီ ေစာင့္ေရွာက္ ေနတာပဲ ျဖစ္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ပရိသတ္ေတြ ကေတာ့ ဟန္ထူးလြင္ရဲ့ ရပ္တည္မႈထက္ သူ့ရဲ့ အနုပညာဖန္တီးမႈေတြကို ပိုျပီးအားေပးတယ္ဆိုတာ ေသခ်ာပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

လမ်းမှာ ရှိတဲ့ Toll Gate တိုင်း မှာ Gay ဆိုပြီး စနောက်ခံ ခဲ့ရတယ် ဆိုတဲ့ ဟန်ထူးလွင်

လူငယ်ကြိုက် အဆိုတော် တစ်ယောက်ဖြစ်တဲ့ ဟန်ထူးလွင် ကတော့ ကျောင်းသား အရွယ်ကတည်းက ဂီတကို ရူးရူးသွပ်သွပ် ဝါသနာပါသူ တစ်ယောက်ဖြစ်ပါတယ်။ ဟန်ထူးလွင်က သွားဆရာဝန် တစ်ယောက်ဖြစ်ခဲ့ ပေမယ့်လည်း သူခုံမင်ရာ ဂီတကိုပဲ တစိုက်မတ်မတ် လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ သမီးနှစ်ယောက် ရှိတဲ့ ဟန်ထူးလွင်က ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာပဲ အိမ်ထောင် နဲ့ တရားဝင်ကွာရှင်းခဲ့တာဖြစ်ပြီး ဒီကနေ့ မှာတော့ လွန်ခဲ့တဲ့ တစ်နှစ်ဆိုတဲ့ အချိန်က သူ့ဘဝမှာ ဆိုးဆိုးရွားရွားကြုံဆုံ ခဲ့ရတာတွေကို အခုလိုပဲ ပြောပြလာပါတယ်။

“B Side record လုပ်ခဲ့တာ တစ်နှစ်ပြည့် သွားပြီ။ ပုံတွေပြန်ကြည့်တော့ တမျိုးပဲ။ တစ်နှစ်တဲ့။ ခုလေးတင်ဖြစ်ပျက်သွားတဲ့ တစ်နှစ်လိုပါပဲ။ အဲ့ဒီအချိန်က ကျနော့်မှာ နွေးနွေးထွေးထွေး ဝတ်စရာ အနွေးထည်မပါသွားဘူး။ Walking shoes or ခြေစွပ်မပါဘူး။ ခြေညှပ် ဖိနပ်နဲ့။ ကျွန်တော် ရန်ကုန်ကနေ ထွက်ပြေးခဲ့ရတယ်။ လမ်းမှာ ရှိတဲ့ toll gate တိုင်းမှာ gay ဆိုပြီး အစအနောက် ခံရတယ်။ အဆိုးဆုံးက band members တွေရဲ့မိသားစုတွေ မိန်းမနဲ့ကလေးတွေ ပင်းတယအထိ တက်လာပြီးသူတို့ကိုလာတွေ့ကြတဲ့အချိန်ကျနော် ကော်ဖီသောက်ရင်းထိုင်ကြည့်နေခဲ့ရတာ။ ”

“နှစ်ပေါင်းများစွာ အားတက် သရော စီစဉ်ထားရတဲ့ project တကယ်တီးရပြီဆိုတော့မှ ကျနော်ဒီလို စိတ်အခြေအနေတွေနဲ့ ရောက်သွားခဲ့ရတာ ယုံတောင် မယုံနိုင်ခဲ့ဘူး။ တစ်နှစ်အချိန်ဟာမြန်တယ် ဆိုရင် ကျနော်မြန်မြန်ဆန်ဆန်ပဲ heal ဖြစ်သွားတယ်ထင်ပါတယ်။ အဆိုးဆုံးအချိန်မှာ ကျွန်တော် Bigbag history မှာ အလှဆုံး album တစ်ခုသွင်းနိုင်ခဲ့တာ။ များသောအားဖြင့်ကိုယ့်ကိုယ်ကိုသိပ်အထင်ကြီးတတ်လေ့မရှိဘူး။ ဒီတစ်ခုကိုတော့ ကိုယ့်ကိုယ်ကို credit တခုခုပေးခဲ့တယ်။ အဆိုးဆုံးအချိန်တွေကတော့ တစ်နည်းမဟုတ်တစ်နည်းရှိနေဦးမှာပဲ။ လာနေမှာပဲ။ ပြီးရင်တော့ခဏတဖြုတ်ပေးနားမယ်ထင်တာပဲ 😅” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

ဟန်ထူးလွင်ကတော့ အိမ်ထောင် နဲ့ တရားဝင် ကွာရှင်းခဲ့ပြီဆိုပေမယ့် သူ့ရဲ့ သမီးလေး နှစ်ယောက် ကိုတော့ တစ်လှည့်စီ စောင့်ရှောက် နေတာပဲ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ပရိသတ်တွေ ကတော့ ဟန်ထူးလွင်ရဲ့ ရပ်တည်မှုထက် သူ့ရဲ့ အနုပညာဖန်တီးမှုတွေကို ပိုပြီးအားပေးတယ်ဆိုတာ သေချာပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment