Celebrity


Written by Ms Cele





Source:Cherry Thin’s Fb
Credit:Hamro News

လမ်းရှည်ကြီးမှာပန်းတွေကြီး နေ့တိုင်းဖြန့်ခင်းနေရတာမို့ရင်ထဲမဆန့်အောင်ခံစားရပေမယ့် အမှန်တရားဘက်က ရပ်တည်တဲ့အတွက် လိပ်ပြာသန့်တယ်လို့ဆိုလိုက်တဲ့ ချယ်ရီသင်း

ပရိသတ်ကြီးရေ အဆိုတော်ချယ်ရီသင်းဟာ ဆိုရင် ဂီတလောကမှာ ‌အောင်မြင်မှုလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေပြီဖြစ်တဲ့ အဆိုတော် တစ်ယောက်ပဲဖြစ်ပါတယ်နော်။ အသံချိုချိုအေးအေးလေးနဲ့ ပရိသတ်တွေရဲ့ရင်ထဲကို ထိုးဖောက်နိုင်အောင်သီဆိုတတ်တဲ့ သူလေးဖြစ်ပါတယ်။ချယ်ရီသင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေသလို ကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် ဖေးမကူညီလှူဒါန်းနေသူလည်း ဖြစ်ပါတယ်။

ချယ်ရီသင်းကတော့ ပြည်သူတွေရဲ့ အနာဂတ်မျှော်လင့်ချက်တွေ အတွက် တတ်နိုင်တဲ့ဘက်ကအားဖြည့်ပါဝင်ခဲ့သူ တစ်ယောက်ဖြစ်ပြီး ကျဆုံးသွားကြတဲ့ သူရဲကောင်းပြည်သူတွေ အတွက်လည်း တတ်နိုင်သလောက် ဖေးမကူညီလှူဒါန်းနေသူလည်း ဖြစ်ပါတယ်။အမှန်တရားဘက်က ရပ်တည်ခဲ့တဲ့အတွက် နောင်တမရကြောင်းကိုလည်း သူမရဲ့လူမှုကွန်ယက်စာမျက်နှာမှာ တင်ပြထားတာကို တွေ့ရပါတယ်။

ချယ်ရီသင်းက”စာကြောင်းတောင် ဖြောင့်အောင် မဖတ်တတ်…ဘာသာစကားတောင် တည့်အောင် မပြောတတ်တဲ့….လက်တွေထဲ….ငါတို့ အနာဂါတ်လေးတွေ ထည့်ပေးလို့တော့ မရဘူးနော်…။တန်ဖိုးကြီးလိုက်တာ….ဒီမိုကရေစီရယ်။ပန်းတွေနဲ့ အတူ.အမြဲ မတ်မတ်ရပ်ခဲ့တယ် ဆိုပေမယ့်…မဖူးပွင့် နိုင်သေးခင် မှာတော့…ကြွေသွားတဲ့ ပန်းကလေးတွေကိုအားနာတယ်။အမှန်တရား ဘက်မှာမို့…..လိပ်ပြာ သန့်တယ် ဆိုပေမယ့်..လမ်းက အရှည်ကြီး..ပန်းတွေချည်း နေ့တိုင်း ဖြန့်ခင်းနေရတယ်။ရင်ထဲမှာ မဆန့်တော့ဘူး…..။ ” ဆိုပြီး ရေးသားထားတာကိုတွေ့ရပါတယ်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ပါတယ်နော်။

Source:Cherry Thin’s Fb
Credit:Hamro News

About the author

Ms Cele

Leave a Comment