Knowledge

လာမယ့္ ရက္သတၱပတ္ တြင္ ျမန္မာ တစ္နိုင္ငံ လုံး မိုးႀကီး နိုင္(အမ်ား သိေအာင္မၽွ ေဝေပး လိုက္ပါအုံး ေနာ္)

Written by Ms Cele

လာမယ့္ ရက္သတၱပတ္ တြင္ ျမန္မာ တစ္နိုင္ငံ လုံး မိုးႀကီး နိုင္(အမ်ား သိေအာင္မၽွ ေဝေပး လိုက္ပါအုံး ေနာ္)

ေအာက္တိုဘာလ ၂၀ ရက္မွ ၂၆ ရက္ တပတ္အတြင္း မိုးေလဝသအေျခအေန (19/10/2020 11:45am mst)ဒီတပါတ္လည္း ေလဖိအားနည္း သိုမဟုတ္ ေလေပြလွိုင္းျဖစ္ေပၚနိုင္ေသးတဲ့ ရက္သတၱပါတ္ ျဖစ္ေနဆဲပါ။ အလယ္ပိုင္းေဒသ တခ်ိဳ႕ ( စစ္ကိုင္းေအာက္၊ မႏၲေလးတိုင္း၊ မေကြးတိုင္း) မိုးရခဲ့ လို႔ စိတ္သက္သာပါတယ္။ေဒသတခ်ိဳ႕ (ရန္ကုန္တိုင္း ပဲခူးတိုင္း) မိုးမ်ားခဲ့လို႔ တခ်ိဳဆည္/ ေရကန္ႀကီးမ်ား ေရျပည့္မွတ္ေရာက္ ေနတာလည္း ေတြ႕ရပါတယ္။

သတိျပဳလိုတာက ဒီတပါတ္အတြင္းလည္း ရန္ကုန္တိုင္း ပဲခူးတိုင္းအျပင္ မြန္ျပည္နယ္ ဧရာဝတီတိုင္း ရခိုင္ျပည္ေတြ ၂၀ ရက္မွ ၂၄ ရက္ အတြင္း ေလေပြလွိုင္းေၾကာင့္ မိုးထပ္ရနိုင္လို႔ ဆည္/ကန္မ်ား ေရလြတ္ေရထိမ္း သတိျပဳေစ လိုပါတယ္။ ေအာက္တိုဘာ ၂၄ ရက္မွ ၂၆ ရက္အတြင္း မွေတာ့ အလယ္ပိုင္းက စစ္ကိုင္းေအာက္ ပိုင္း ခ်င္းျပည္နယ္ ကခ်င္ျပည္နယ္ေတြ မိုးအသင့္ အတင္ ထပ္မံရြာနိုင္ပါတယ္။ အဲဒီရက္ မ်ားမွာ မႏၲေလးတိုင္း နဲ႔ မေကြးတိုင္းက ေနရာက်ဲက်ဲ မွ ေနရာ ကြက္က်ား မိုးအနည္းငယ္မွ အသင္အတင့္ ရြာနိုင္ပါေၾကာင္း အသိေပးလိုပါတယ္။

ျမန္မာနိုင္ငံ ေအာက္ပိုင္း မွ လယ္သမားမ်ား လယ္ကြင္းအတြင္း ေရသြင္း ေရထုတ္ ဂ႐ုစိုက္သင့္သလို လာမဲ့ စပါးရိတ္သိမ္းခ်ိန္တြင္ လည္း ခ်ိန္ခါမဟုတ္ မိုးမ်ားကို အထူးသတိျပဳရန္ ရွိေနပါေၾကာင္း ႀကိဳတင္ အသိေပး လိုပါတယ္။ မုတၱမေကြ႕ ျမစ္ဝကၽြန္းေပၚ ေရလုပ္သားမ်ား ေန႔စဥ္ မိုးေလဝသ သတင္း နားေထာင္၍ မိုးေလလွိုင္း ျပင္းထန္ခ်ိန္ ေဘးကင္းရာ ခိုလႈံနိုင္ေရး အေလးထား ေစလိုပါတယ္။ ေနာက္တပတ္မွာ ထပ္မံတင္ျပပါမယ္။

ခရက္ဒစ္

လာမယ့် ရက်သတ္တပတ် တွင် မြန်မာ တစ်နိုင်ငံ လုံး မိုးကြီး နိုင်(အများ သိအောင်မျှ ဝေပေး လိုက်ပါအုံး နော်)

အောက်တိုဘာလ ၂၀ ရက်မှ ၂၆ ရက် တပတ်အတွင်း မိုးလေဝသအခြေအနေ (19/10/2020 11:45am mst)ဒီတပါတ်လည်း လေဖိအားနည်း သိုမဟုတ် လေပွေလှိုင်းဖြစ်ပေါ်နိုင်သေးတဲ့ ရက်သတ္တပါတ် ဖြစ်နေဆဲပါ။ အလယ်ပိုင်းဒေသ တချို့ ( စစ်ကိုင်းအောက်၊ မန္တလေးတိုင်း၊ မကွေးတိုင်း) မိုးရခဲ့ လို့ စိတ်သက်သာပါတယ်။ဒေသတချို့ (ရန်ကုန်တိုင်း ပဲခူးတိုင်း) မိုးများခဲ့လို့ တချိုဆည်/ ရေကန်ကြီးများ ရေပြည့်မှတ်ရောက် နေတာလည်း တွေ့ရပါတယ်။

သတိပြုလိုတာက ဒီတပါတ်အတွင်းလည်း ရန်ကုန်တိုင်း ပဲခူးတိုင်းအပြင် မွန်ပြည်နယ် ဧရာဝတီတိုင်း ရခိုင်ပြည်တွေ ၂၀ ရက်မှ ၂၄ ရက် အတွင်း လေပွေလှိုင်းကြောင့် မိုးထပ်ရနိုင်လို့ ဆည်/ကန်များ ရေလွတ်ရေထိမ်း သတိပြုစေ လိုပါတယ်။ အောက်တိုဘာ ၂၄ ရက်မှ ၂၆ ရက်အတွင်း မှတော့ အလယ်ပိုင်းက စစ်ကိုင်းအောက် ပိုင်း ချင်းပြည်နယ် ကချင်ပြည်နယ်တွေ မိုးအသင့် အတင် ထပ်မံရွာနိုင်ပါတယ်။ အဲဒီရက် များမှာ မန္တလေးတိုင်း နဲ့ မကွေးတိုင်းက နေရာကျဲကျဲ မှ နေရာ ကွက်ကျား မိုးအနည်းငယ်မှ အသင်အတင့် ရွာနိုင်ပါကြောင်း အသိပေးလိုပါတယ်။

မြန်မာနိုင်ငံ အောက်ပိုင်း မှ လယ်သမားများ လယ်ကွင်းအတွင်း ရေသွင်း ရေထုတ် ဂရုစိုက်သင့်သလို လာမဲ့ စပါးရိတ်သိမ်းချိန်တွင် လည်း ချိန်ခါမဟုတ် မိုးများကို အထူးသတိပြုရန် ရှိနေပါကြောင်း ကြိုတင် အသိပေး လိုပါတယ်။ မုတ္တမကွေ့ မြစ်ဝကျွန်းပေါ် ရေလုပ်သားများ နေ့စဉ် မိုးလေဝသ သတင်း နားထောင်၍ မိုးလေလှိုင်း ပြင်းထန်ချိန် ဘေးကင်းရာ ခိုလှုံနိုင်ရေး အလေးထား စေလိုပါတယ်။ နောက်တပတ်မှာ ထပ်မံတင်ပြပါမယ်။

ခရက်ဒစ်

About the author

Ms Cele

Leave a Comment