Celebrity

လာမယ့္ ၃၁ရက္ေန႕မွာ က်ေရာက္မယ့္ (၂၈)ႏွစ္ျပည့္ ေမြးေန႕မွာ ပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ အရာေလးကို လက္ေဆာင္ျပန္ေပးမယ္ဆိုတဲ့ G Fatt

Written by Ms Cele

လာမယ့္ ၃၁ရက္ေန႕မွာ က်ေရာက္မယ့္ (၂၈)ႏွစ္ျပည့္ ေမြးေန႕မွာ ပရိသတ္ေတြ ေမွ်ာ္လင့္ေနတဲ့ အရာေလးကို လက္ေဆာင္ျပန္ေပးမယ္ဆိုတဲ့ G Fatt

လူငယ္ေတြၾကား ေရပန္းအစားဆုံး အဆိုေတာ္တစ္ေယာက္ ျဖစ္တဲ့ G Fatt ကေတာ့ အႏုပညာနဲ႔ ပက္သက္လာရင္ သူ႔ရဲ႕ အမိုက္စား သီခ်င္းေတြနဲ႔ ေအာင္ျမင္မႈထိပ္ဆုံး ေရာက္ရွိလာခဲ့သူတစ္ေယာက္ ျဖစ္ပါတယ္။ G Fatt ကေတာ့ အခုခ်ိန္ထိတိုင္ ပရိသတ္ေတြၾကားေရပန္းစားေနဆဲအဆိုေတာ္တစ္ေယာက္ပီပီ သီခ်င္းသစ္ေတြကို အၿမဲတမ္း ထြက္ရွိဖို႔ ႀကိဳးစားေနသူတစ္ေယာက္ပါပဲ။ ဒီတစ္ေခါက္မွာေတာ့ G Fatt က သူနဲ႔ ပက္သတ္ၿပီး ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾကတဲ့ သတင္းေကာင္းတစ္ခုကို မွ်ေဝေပးလာပါတယ္။

G Fatt က လာမယ့္ (၃၁) ရက္ေန႔ သူ႔ရဲ႕ ေမြးေန႔မွာ ပရိသတ္ေတြ အလိုခ်င္ဆုံးအရာတစ္ခုကို လက္ေဆာင္ေပးမယ့္ အေၾကာင္း “၃၁.၁၂.၂၀၂၀ မနက္၉နာရီမွာ ‘ငွက္’ သီခ်င္း MV ကို ကြၽန္​ေတာ့္​ေမြး​ေန႔ လက္ေဆာင္အျဖစ္ ပရိတ္သတ္မ်ားကိုေပးမွာျဖစ္ပါတယ္ ဒီ​ေမြး​ေန႔အမွတ္တရ လက္​ေဆာင္ကိုပရိတ္သတ္မ်ား သ​ေဘာက်​ ေက်နပ္ၾကလိမ့္မယ္လို႔​လဲေမွ်ာ္လင့္ပါတယ္ ။ ” ဆိုျပီး သူ့ရဲ့ ေဖ့စ္ဘုတ္စာမ်က္နွာကေနတဆင့္ “ငွက္” သီခ်င္း MV ထြက္ရိွမယ့္အေၾကာင္း ေျပာလာတာပဲ ျဖစ္ပါတယ္။

G Fatt က မနက္ျဖန္ ဒီဇင္ဘာလ (၃၁) ရက္ေန့မွာ သူ့ရဲ့ အသက္ (၂၈) နွစ္ျပည့္ ေမြးေန့ က်ေရာက္မွာျဖစ္ျပီး ေမြးေန့အမွတ္တရအျဖစ္ ပရိသတ္ေတြ အခ်ိန္ေတြအၾကာၾကီး ေမွ်ာ္လင့္ေစာင့္စားေနၾကတဲ့ “ငွက္” သီခ်င္း MV ကို လက္ေဆာင္အျဖစ္ေပးမွာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း “ငွက္” သီခ်င္း MV ေလးကို မနက္ျဖန္ မနက္ (၉) နာရီမွာ ေစာင့္ၾကည့္ေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာ ေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source: G Fatt ‘s fb
Credit:Cele Connections

လာမယ့် ၃၁ရက်နေ့မှာ ကျရောက်မယ့် (၂၈)နှစ်ပြည့် မွေးနေ့မှာ ပရိသတ်တွေ မျှော်လင့်နေတဲ့ အရာလေးကို လက်ဆောင်ပြန်ပေးမယ်ဆိုတဲ့ G Fatt

လူငယ်တွေကြား ရေပန်းအစားဆုံး အဆိုတော်တစ်ယောက် ဖြစ်တဲ့ G Fatt ကတော့ အနုပညာနဲ့ ပက်သက်လာရင် သူ့ရဲ့ အမိုက်စား သီချင်းတွေနဲ့ အောင်မြင်မှုထိပ်ဆုံး ရောက်ရှိလာခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ G Fatt ကတော့ အခုချိန်ထိတိုင် ပရိသတ်တွေကြားရေပန်းစားနေဆဲအဆိုတော်တစ်ယောက်ပီပီ သီချင်းသစ်တွေကို အမြဲတမ်း ထွက်ရှိဖို့ ကြိုးစားနေသူတစ်ယောက်ပါပဲ။ ဒီတစ်ခေါက်မှာတော့ G Fatt က သူနဲ့ ပက်သတ်ပြီး ပရိသတ်တွေ မျှော်လင့်နေကြတဲ့ သတင်းကောင်းတစ်ခုကို မျှဝေပေးလာပါတယ်။

G Fatt က လာမယ့် (၃၁) ရက်နေ့ သူ့ရဲ့ မွေးနေ့မှာ ပရိသတ်တွေ အလိုချင်ဆုံးအရာတစ်ခုကို လက်ဆောင်ပေးမယ့် အကြောင်း “၃၁.၁၂.၂၀၂၀ မနက်၉နာရီမှာ ‘ငှက်’ သီချင်း MV ကို ကျွန်​တော့်​မွေး​နေ့ လက်ဆောင်အဖြစ် ပရိတ်သတ်များကိုပေးမှာဖြစ်ပါတယ် ဒီ​မွေး​နေ့အမှတ်တရ လက်​ဆောင်ကိုပရိတ်သတ်များ သ​ဘောကျ​ ကျေနပ်ကြလိမ့်မယ်လို့​လဲမျှော်လင့်ပါတယ် ။ ” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် “ငှက်” သီချင်း MV ထွက်ရှိမယ့်အကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

G Fatt က မနက်ဖြန် ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ သူ့ရဲ့ အသက် (၂၈) နှစ်ပြည့် မွေးနေ့ ကျရောက်မှာဖြစ်ပြီး မွေးနေ့အမှတ်တရအဖြစ် ပရိသတ်တွေ အချိန်တွေအကြာကြီး မျှော်လင့်စောင့်စားနေကြတဲ့ “ငှက်” သီချင်း MV ကို လက်ဆောင်အဖြစ်ပေးမှာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း “ငှက်” သီချင်း MV လေးကို မနက်ဖြန် မနက် (၉) နာရီမှာ စောင့်ကြည့်ပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: G Fatt ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment