Celebrity

လာအိုႏိုင္ငံမွာ ျပသခြင့္ ရခဲ့တဲ့ ရုပ္ရွင္ ဇာတ္ကားႀကီး ႏွစ္ကား

Written by Ms Cele

လာအိုႏိုင္ငံမွာ ျပသခြင့္ ရခဲ့တဲ့ ရုပ္ရွင္ ဇာတ္ကားႀကီး ႏွစ္ကား

ဒါရိုက္တာ ထူးပိုင္ေဇာ္ဦးနဲ႔ ဒါရိုက္တာဏႀကီး တို႔ကေတာ့အခု ေနာက္ပိုင္းႏွစ္ ေတြမွာ ျမန္မာ့႐ုပ္ရွင္ ဇာတ္ကားေတြျပန္လည္ ဦးေမာ့ၿပီး လူၾကည့္မ်ားေအာင္ ႀကိဳးပမ္း ပုံေဖာ္နိုင္ခဲ့ၾကသူေတြထဲက အပါအဝင္ပါ။ လူငယ္ ဒါရိုက္တာ ေတြျဖစ္ေပမယ့္ ကိုယ္ရဲ့႐ုပ္ရွင္ကို အခ်ိန္ေပးၿပီး အဖက္ဖက္က ၿပီးျပည့္စုံေအာင္ ပုံေဖာ္နိုင္ခဲ့ၾကသူေတြမို႔ နိုင္ငံတကာပြဲေတြမွာလည္း အသိမွတ္ျပဳဂုဏ္ျပဳျခင္း ရရွိခဲ့ပါတယ္။

မၾကာေသးခင္ကမွ Asia Academy Creative Awards မွာလည္း ဒါရိုက္တာထူးပိုင္ေဇာ္ဦးရဲ့ သူစိမ္းအိမ္ ႐ုပ္ရွင္ ဇာတ္ကားနဲ႔ အေကာင္းဆုံး ႐ုပ္ရွင္ဇာတ္ကား Best Feature Film၊ အေကာင္းဆုံးဒါရိုက္တာဆုနဲ႔ ကူးကူးဇင္ေအာင္က အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆု ကို National Winner ေတြအျဖစ္ ေရြးခ်ယ္ခံ ခဲ့ရသလို ဒီတစ္ေခါက္မွာလည္း ေပ်ာ္စရာသတင္းေကာင္း တစ္ခုရွိေနပါေသးတယ္။ အဲ့ဒါကေတာ့ ဒါရိုက္တာထူးပိုင္ေဇာ္ဦးရဲ့ သူစိမ္းအိမ္ ႐ုပ္ရွင္ဇာတ္ကားနဲ႔ ဒါရိုက္တာ ဏႀကီးရိုက္ကူးတဲ့ မီ ႐ုပ္ရွင္ဇာတ္ကားႏွစ္ခုစလုံး လာအိုနိုင္ငံမွာ က်င္းပတဲ့ အေရွ႕ေတာင္အာရွ ႐ုပ္ရွင္ပြဲေတာ္ လြမ္ပရာဗန္႐ုပ္ရွင္ပြဲေတာ္မွာ ျပသဖို႔ ေရြးခ်ယ္ခံရတဲ့သတင္းေလးပဲ ျဖစ္ပါတယ္။

လြမ္ပရာဗန္႐ုပ္ရွင္ပြဲေတာ္မွာေတာ့ အေရွ႕ေတာင္ အာရွနိုင္ငံမ်ားမွ ႐ုပ္ရွင္ဇာတ္ကား(၂၄) ကားပါဝင္ျပသသြားမွာျဖစ္ပါ။ ယခုႏွစ္ကေတာ့ ကိုဗစ္ အေျခအေနေတြေၾကာင့္ Online Film Festival အေနနဲ႔ က်င္းပသြားမွာျဖစ္ၿပီး ဒီဇင္ဘာ(၄) ရက္ေန႔မွ (၁၀) ရက္ေန႔အတြင္း ပါဝင္ေရြးခ်ယ္ခံရတဲ့ ႐ုပ္ရွင္ဇာတ္ကားေတြကို Online မွာၾကည့္ရႈနိုင္မွာျဖစ္ပါတယ္။ ျမန္မာ့႐ုပ္ရွင္တိုးတက္ေရးအတြက္ အခ်ိန္ေပးႀကိဳးစားရိုက္ကူးခဲ့တာနဲ႔အညီ နိုင္ငံတကာထိ ေျခဆန္႔နိုင္ခဲ့တဲ့ ဒါရိုက္တာထူးပိုင္ေဇာ္ဦးနဲ႔ ဒါရိုက္တာဏႀကီးတို႔ရဲ့ ေအာင္ျမင္မႈအတြက္ ဝမ္းသာဂုဏ္ျပဳစကားေလး ေျပာေပးခဲ့ပါဦးေနာ္။

Credit:Cele Gabar

လာအိုနိုင်ငံမှာ ပြသခွင့် ရခဲ့တဲ့ ရုပ်ရှင် ဇာတ်ကားကြီး နှစ်ကား

ဒါရိုက်တာ ထူးပိုင်ဇော်ဦးနဲ့ ဒါရိုက်တာဏကြီး တို့ကတော့အခု နောက်ပိုင်းနှစ် တွေမှာ မြန်မာ့ရုပ်ရှင် ဇာတ်ကားတွေပြန်လည် ဦးမော့ပြီး လူကြည့်များအောင် ကြိုးပမ်း ပုံဖော်နိုင်ခဲ့ကြသူတွေထဲက အပါအဝင်ပါ။ လူငယ် ဒါရိုက်တာ တွေဖြစ်ပေမယ့် ကိုယ်ရဲ့ရုပ်ရှင်ကို အချိန်ပေးပြီး အဖက်ဖက်က ပြီးပြည့်စုံအောင် ပုံဖော်နိုင်ခဲ့ကြသူတွေမို့ နိုင်ငံတကာပွဲတွေမှာလည်း အသိမှတ်ပြုဂုဏ်ပြုခြင်း ရရှိခဲ့ပါတယ်။

မကြာသေးခင်ကမှ Asia Academy Creative Awards မှာလည်း ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ သူစိမ်းအိမ် ရုပ်ရှင် ဇာတ်ကားနဲ့ အကောင်းဆုံး ရုပ်ရှင်ဇာတ်ကား Best Feature Film၊ အကောင်းဆုံးဒါရိုက်တာဆုနဲ့ ကူးကူးဇင်အောင်က အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ကို National Winner တွေအဖြစ် ရွေးချယ်ခံ ခဲ့ရသလို ဒီတစ်ခေါက်မှာလည်း ပျော်စရာသတင်းကောင်း တစ်ခုရှိနေပါသေးတယ်။ အဲ့ဒါကတော့ ဒါရိုက်တာထူးပိုင်ဇော်ဦးရဲ့ သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားနဲ့ ဒါရိုက်တာ ဏကြီးရိုက်ကူးတဲ့ မီ ရုပ်ရှင်ဇာတ်ကားနှစ်ခုစလုံး လာအိုနိုင်ငံမှာ ကျင်းပတဲ့ အရှေ့တောင်အာရှ ရုပ်ရှင်ပွဲတော် လွမ်ပရာဗန်ရုပ်ရှင်ပွဲတော်မှာ ပြသဖို့ ရွေးချယ်ခံရတဲ့သတင်းလေးပဲ ဖြစ်ပါတယ်။

လွမ်ပရာဗန်ရုပ်ရှင်ပွဲတော်မှာတော့ အရှေ့တောင် အာရှနိုင်ငံများမှ ရုပ်ရှင်ဇာတ်ကား(၂၄) ကားပါဝင်ပြသသွားမှာဖြစ်ပါ။ ယခုနှစ်ကတော့ ကိုဗစ် အခြေအနေတွေကြောင့် Online Film Festival အနေနဲ့ ကျင်းပသွားမှာဖြစ်ပြီး ဒီဇင်ဘာ(၄) ရက်နေ့မှ (၁၀) ရက်နေ့အတွင်း ပါဝင်ရွေးချယ်ခံရတဲ့ ရုပ်ရှင်ဇာတ်ကားတွေကို Online မှာကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ မြန်မာ့ရုပ်ရှင်တိုးတက်ရေးအတွက် အချိန်ပေးကြိုးစားရိုက်ကူးခဲ့တာနဲ့အညီ နိုင်ငံတကာထိ ခြေဆန့်နိုင်ခဲ့တဲ့ ဒါရိုက်တာထူးပိုင်ဇော်ဦးနဲ့ ဒါရိုက်တာဏကြီးတို့ရဲ့ အောင်မြင်မှုအတွက် ဝမ်းသာဂုဏ်ပြုစကားလေး ပြောပေးခဲ့ပါဦးနော်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment