Celebrity


Written by Ms Cele






လိမ္မာပြီး စာကြိုးစားတဲ့ သားကြီးရဲ့ တန်ဖိုးရှိတဲ့အရာ တစ်ခုကြောင့် ဂုဏ်ယူမဆုံး ဖြစ်နေတဲ့ ဇင်ဇင်ဇော်မြင့်

မျက်ဝန်းပြာပြာလေး တွေကို ပိုင်ဆိုင်ထား တယ်လို့ ပရိသတ်တွေ ဆိုကြတဲ့ မင်းသမီးချော ဇင်ဇင်ဇော်မြင့် က ငယ်စဉ် ကတည်းက မျက်ကပ်မှန်လှလှလေးတွေကို တပ်ပြီး တစ်မျိုးထင်ရှား လှပခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ ဇင်ဇင်ဇော်မြင့်က အခုဆိုရင် အိမ်ထောင်ရှင် မကြီးတစ်ယောက်ဖြစ်လို့ နေပြီဖြစ်ပြီး အနုပညာ အလုပ်တွေနဲ့ အလှမ်းဝေးသွားခဲ့ပြီ ဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေကိုလည်း ဦးစီး လုပ်ကိုင်နေပြီဖြစ်တဲ့ ဇင်ဇင်ဇော်မြင့်က သူမရဲ့ ကိုယ်ပိုင်ရတနာဆိုင်ကြီး တစ်ဆိုင်ကိုလည်း ဖွင့်လှစ်ထားတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မှာတော့ ဇင်ဇင်ဇော်မြင့်က The British School Yangon ကျောင်းကနေ Stars Of The Week ဆိုပြီး ဂုဏ်ထူးဆောင် လက်မှတ်ရရှိခဲ့တဲ့ သားကြီး အတွက် ဝမ်းသာဂုဏ်ယူ နေတာကို တွေ့ရပါတယ်။ ဇင်ဇင်ဇော်မြင့်က “လိမ္မာပြီးစာကြိုးစားတဲ့ သားကြီးလေးအောင်ကျော်ကျော်ပိုင် အတွက်အရမ်းကျေနပ်ဂုဏ်ယူပါတယ်” ဆိုပြီး မိဘကလှည့်ကြည့်စရာမလိုအောင် လိမ္မာပြီးစာကြိုးစားတဲ့ သားကြီး အကြောင်း ပြောလာတာပဲ ဖြစ်ပါတယ်။

ဇင်ဇင်ဇော်မြင့် ကတော့ ချစ်စရာကောင်းပြီး လိမ္မာရေးခြား ရှိတဲ့ သားနှစ်ယောက် ကို ပိုင်ဆိုင်ထားတဲ့ မိခင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဇင်ဇင်ဇော်မြင့် တို့ မိသားစုလေး အခုလိုပဲ အမြဲထာဝရ ပျော်ရွှင်ချမ်းမြေ့ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment