Celebrity
Written by Ms Cele
လိုချင်တာပူဆာတဲ့ ညီမဖြစ်သူကို တစ်ခါတည်း ဝယ်ပေးမယ်လို့ ကတိပေးလိုက်တဲ့ နေခြည်ဦး
တစ်နိုင်ငံလုံးက မိန်းကလေး ပရိသတ်တွေ မချစ်ပဲမနေနိုင်တဲ့ နေခြည်ဦး ကတော့ Beauty Blogger တစ်ယောက် အဖြစ်ကနေ (၃) နှစ်ကျော်အတွင်း နိုင်ငံကျော် မင်းသမီး တစ်ယောက်အဖြစ် အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိခဲ့တာပဲ ဖြစ်ပါတယ်။ တစ်နေ့ထက် တစ်နေ့ အောင်မြင်မှုတွေ ရရှိပိုင်ဆိုင်လာတဲ့ နေခြည်ဦးကတော့ အနုပညာ လှုပ်ရှားမှုတွေကိုလည်း လုပ်ကိုင်နေသလို သူမချစ်တဲ့သူ တွေကိုလည်း ဂရုစိုက်ဖို့ မမေ့လျော့သူ တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သွက်လက်ထက်မြက်ပြီး အလုပ်အပေါ်လေးစား သလို မိသားစုအပေါ် တာဝန်ကျေတဲ့ နေခြည်ဦးကို အားကျစိတ်တွေနဲ့ ချစ်ကြတာပဲ ဖြစ်ပါတယ်။
ပရိသတ်ကြီးသိပြီးသား အတိုင်း နေခြည်ဦးမှာ မောင်လေးတစ်ယောက်၊ ညီမလေး တစ်ယောက်ရှိရာ ညီမလေး စိမ်းလဲ့ရတနာ ကတော့ နေခြည်ဦးနဲ့အနေများပြီး နေခြည့်ရဲ့အချစ်ဆုံး လေးလည်း ဖြစ်ပါတယ်။ ညီမလေး အတွက် လိုချင်တာမှန်သမျှကို ဖြည့်ဆည်းပေးတဲ့ နေခြည်ဦးက ဒီတစ်ခေါက်မှာလည်း သူမကို ဖိနပ်ဝယ်ပေးဖို့ ပူဆာတဲ့ ညီမလေး စိမ်းလဲ့ရတနာကို ချက်ချင်းဆိုသလိုပဲ ဝယ်ပေးမယ့့်အကြောင်း ပရိသတ်တွေရှေ့မှာတင် ကတိပေးလာခဲ့တာကြောင့် ပရိသတ်တွေခမျာ ညီမအပေါ် အရမ်းချစ်တဲ့ နေခြည်ဦးကို သဘောကျခဲ့ရတာပဲ ဖြစ်ပါတယ်။
နေခြည်ဦးကတော့ ညီမလေး စိမ်းလဲ့ရတနာကို သူမ ဝါသနာပါတဲ့ အနုပညာလမ်း ကြောင်းပေါ်ရောက်အောင် မြေတောင်မြှောက်ပေး နေသလို ညီမလေး လိုချင်တာမှန်သမျှကိုလည်း နေ့မဆိုင်း လုပ်ပေးတတ်သူ တစ်ယောက် ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေခြည့်လို အစ်မမျိုးကို အားကျနေကြပြီ ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။
Credit:Cele Connections
About the author
Ms Cele
Leave a Comment