Celebrity


Written by Ms Cele





Credit

လိုအပ်နေတဲ့ အောက်စီဂျင်အတွက် “ဒို့လယ်ဝေး” ပရဟိတလူငယ်များအသင်းကို အလှူငွေသိန်း(၅၀) လှူဒါန်းခဲ့တဲ့ ဇေရဲထက်

သရုပ်ဆောင်ဇေရဲထက်ကတော့ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံးသရုပ်ဆောင်နိုင်တာကြောင့် ပရိတ်သတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်၊ ချောမောလွန်းတာကြောင့် မိန်ကလေးပရိတ်သတ်များရဲ့အသည်းစွဲ မင်းသားအဖြစ်နဲ့လဲအောင်မြင်မှုတွေ ရရှိထားတဲ့သူလဲဖြစ်ပါတယ်၊ဇေရဲထက်က အလှူအတန်းတွေမှာလဲသူတတ်နိုင်သလောက်ပါဝင်ကူညီလှူဒါန်းပေးနေပါတယ်။

ယခုတစ်ခါမှာလဲ လက်ရှိဖြစ်ပေါ်နေတဲ့ကိုဗစ်ရောဂါ ကပ်ဆိုးကြီးနဲ့ပတ်သတ်ပြီးတော့လဲ မြန်မာနိုင်ငံနေရာတော်တော်များများတွေမှာ ကူးစက်ပျံ့ပွားလျက်ရှိပါတယ်။ဒီရောဂါကြီးကြောင့် အောက်ဆီဂျင်တွေ မလုံလောက်မှုတွေရှိနေရတဲ့အတွက် အသက်ဆုံးရှုံးခဲ့ရသူတွေလဲမျာစွာရှိနေပါတယ်၊ အနုပညာရှင်များအပြင်တတ်နိုင်တဲ့ပြည်သူများကလဲ အလှူရှင်များနဲ့ပူးပေါင်းပြီးအောက်ဆီဂျင်ရရှိဖို့ကိုဝိုင်းဝန်းကူညီလှူဒါန်းပေးနေတာပဲဖြစ်ပါတယ်။

သရုပ်ဆောင် ဇေရဲထက်ဟာဆိုရင် လ​ဲဒို့လယ်ဝေးပရဟတိလူငယ်များအသင်းကို အောင်ဆီဂျင်အတွက် အလှူငွေကျပ်သိန်း(၅၀)လှူဒါန်းကြောင်းကို ရေးသားဖော်ပြထားပါသေးတယ်၊ပြည်သူများအားလုံးလဲ ရောဂါကပ်ဆိုးကြီးမှအမြန်ဆုံးသက်သာ ပျောက်ကင်းပါစေလို့ဆုတောင်းပေးရင်း ဒီသတင်းကိုတင်ဆက်ပေးလိုက်ပါတယ်။

Credit

About the author

Ms Cele

Leave a Comment