Celebrity

လိုအပ္ေန သူေတြ ကို ကူညီဖို႔ အတြက္ ေျပတီဦး ေဖာင္ေဒးရွင္း ကို အမည္မေဖာ္ ဘဲ ေငြ က်ပ္သိန္း (၂၀၀) လ်ိဳ ႕ဝွက္လႉ ဒါန္းေပးခဲ့ ေသာ အလႉရွင္

Written by Ms Cele

လိုအပ္ေန သူေတြ ကို ကူညီဖို႔ အတြက္ ေျပတီဦး ေဖာင္ေဒးရွင္း ကို အမည္မေဖာ္ ဘဲ ေငြ က်ပ္သိန္း (၂၀၀) လ်ိဳ ႕ဝွက္လႉ ဒါန္းေပးခဲ့ ေသာ အလႉရွင္

ကိုယ္လႉလိုက္တဲ့ အလႉေလးကို ကိုယ္နဲ႔နီးစပ္ရာ မိတ္ေဆြေတြ အားလုံး ကုသိုလ္ထပ္တူရၿပီး သာဓုေခၚဆို နိုင္ေအာင္ မ်ားေသာအားျဖင့္ ျပန္လည္ေဝမၽွ တတ္ၾကပါတယ္။ အမည္မေဖာ္လိုသူ အလႉရွင္ ဆိုတာဟာလည္း မလိုအပ္ဘဲ သတင္းစကား မျပန႔္ခ်င္တာရယ္ နာမည္ႀကီးတာေတြ မလိုခ်င္ဘဲ လိုအပ္တဲ့ ေနရာေတြကို ေရာက္သြားေစခ်င္တဲ့ စိတ္ရယ္နဲ႔ လႉဒါန္းၾကတာျဖစ္ ပါတယ္။

ဒီတစ္ေခါက္မွာေတာ့ ေျပတီဦးေဖာင္ေဒးရွင္း အတြက္ အမည္မေဖာ္လိုသူတစ္ဦးက ေငြက်ပ္ သိန္း (၂၀၀) တိတိလာေရာက္ လႉဒါန္းေပးခဲ့ ပါတယ္။ ခက္ခဲေနတဲ့ ကာလျဖစ္တာမို႔ ဒီေငြေၾကးေတြနဲ႔ လိုအပ္တဲ့ ေနရာေတြကို ကူညီေပး နိုင္ေတာ့မွာမို႔ ေျပတီဦး ကေတာ့ အတိုင္းမသိေပ် ာ္ေနခဲ့ပါတယ္။

ပညာဆက္လက္ သင္ၾကားဖို႔အခက္အခဲရွိတဲ့ ထူးခၽြန္ကေလးငယ္ ေတြကို သာမက အခုလိုခက္ခဲတဲ့ ကာလေ တြမွာလည္း လိုအပ္တဲ့ ေနရာ ေတြကို ေဖာင္ေဒးရွင္းက တဆင့္ေရာ ကိုယ္တိုင္ေရာ လႉဒါန္းေပးေနခဲ့တာျဖစ္ပါတယ္။ အခုလိုအလႉေငြ အမ်ားႀကီးရခဲ့တာမို႔ ကူညီမႈေတြ ပိုၿပီးလက္ဆန႔္နိုင္ေတာ့ မွာပါ။ အမည္မေဖာ္လိုသူ အလႉရွင္ကိုေရာ လႉဒါန္းေပးတဲ့ ပရဟိ တသမားေတြ အားလုံးကိုပါ သာဓုအ ႀကိမ္ႀကိမ္ ေခၚဆို ပါတယ္။

Happy – Cele Zone
Photo – Pyay Ti Oo

လိုအပ်နေ သူတွေ ကို ကူညီဖို့ အတွက် ပြေတီဦး ဖောင်ဒေးရှင်း ကို အမည်မဖော် ဘဲ ငွေ ကျပ်သိန်း (၂၀၀) လျို ့ဝှက်လှူ ဒါန်းပေးခဲ့ သော အလှူရှင်

ကိုယ်လှူလိုက်တဲ့ အလှူလေးကို ကိုယ်နဲ့နီးစပ်ရာ မိတ်ဆွေတွေ အားလုံး ကုသိုလ်ထပ်တူရပြီး သာဓုခေါ်ဆို နိုင်အောင် များသောအားဖြင့် ပြန်လည်ဝေမျှ တတ်ကြပါတယ်။ အမည်မဖော်လိုသူ အလှူရှင် ဆိုတာဟာလည်း မလိုအပ်ဘဲ သတင်းစကား မပြန့်ချင်တာရယ် နာမည်ကြီးတာတွေ မလိုချင်ဘဲ လိုအပ်တဲ့ နေရာတွေကို ရောက်သွားစေချင်တဲ့ စိတ်ရယ်နဲ့ လှူဒါန်းကြတာဖြစ် ပါတယ်။

ဒီတစ်ခေါက်မှာတော့ ပြေတီဦးဖောင်ဒေးရှင်း အတွက် အမည်မဖော်လိုသူတစ်ဦးက ငွေကျပ် သိန်း (၂၀၀) တိတိလာရောက် လှူဒါန်းပေးခဲ့ ပါတယ်။ ခက်ခဲနေတဲ့ ကာလဖြစ်တာမို့ ဒီငွေကြေးတွေနဲ့ လိုအပ်တဲ့ နေရာတွေကို ကူညီပေး နိုင်တော့မှာမို့ ပြေတီဦး ကတော့ အတိုင်းမသိပျေ ာ်နေခဲ့ပါတယ်။

ပညာဆက်လက် သင်ကြားဖို့အခက်အခဲရှိတဲ့ ထူးချွန်ကလေးငယ် တွေကို သာမက အခုလိုခက်ခဲတဲ့ ကာလေ တွမှာလည်း လိုအပ်တဲ့ နေရာ တွေကို ဖောင်ဒေးရှင်းက တဆင့်ရော ကိုယ်တိုင်ရော လှူဒါန်းပေးနေခဲ့တာဖြစ်ပါတယ်။ အခုလိုအလှူငွေ အများကြီးရခဲ့တာမို့ ကူညီမှုတွေ ပိုပြီးလက်ဆန့်နိုင်တော့ မှာပါ။ အမည်မဖော်လိုသူ အလှူရှင်ကိုရော လှူဒါန်းပေးတဲ့ ပရဟိ တသမားတွေ အားလုံးကိုပါ သာဓုအ ကြိမ်ကြိမ် ခေါ်ဆို ပါတယ်။

Happy – Cele Zone
Photo – Pyay Ti Oo

About the author

Ms Cele

Leave a Comment