Celebrity


Written by Ms Cele






လူငယ် တွေ နဲ့ အပြိုင် နုဖတ် လှပနေဆဲ ဖြစ်ပြီး ညအိပ် ဝတ်စုံလေး နဲ့ ရင်ဖိုချင် စရာကောင်း တဲ့ အလှတရား တွေ ပေါ်လွင် နေတဲ့ မြတ်ကေသီအောင်

မင်းသမီးချော မြတ်ကေသီအောင် ကတော့ သရုပ်ဆောင်ပိုင်းမှာလည်း အပြစ်ပြောစရာ မရှိလောက်အောင် ထူးချွန်တဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ် ။ ဇာတ်ရုပ်တိုင်း ကို အံဝင်ခွင်ကျ ဖြစ်အောင် ဖန်တီးတတ်တဲ့ မြတ်ကေသီအောင် အကယ်ဒမီဆု တွေကိုလည်း ဆွတ်ခူးခဲ့သေးတာ ဖြစ်ပါတယ် ။ နာမည်တစ်လုံးနဲ့ ရပ်တည် အောင်မြင်လာခဲ့တဲ့ မြတ်ကေသီအောင်က ပရိသတ်တွေ ရဲ့ အားပေး မှုကို ရရှိနေဆဲ ဖြစ်ပါတယ် ။

မြတ်ကေသီအောင် က အနုပညာလှုပ်ရှားမှု တွေနဲ့ အနည်းငယ်ဝေးကွာ နေပေမယ့် အောင်မြင်မှုတွေ ကိုတော့ ဆက်လက်ထိန်းထား နိုင်တာ ဖြစ်ပါတယ် ။ ဒါ့အပြင် မြတ်ကေသီအောင် က အသက် တစ်နှစ်ကြီးလာတာ နဲ့အမျှ အရင်ကထက် တောင် ပိုလှလို့လာတာပဲ ဖြစ်ပါတယ် ။ ခန္ဓာကိုယ် အချိုးအစားပြေပြစ်တဲ့ မြတ်ကေသီအောင်က စွဲမက်ဖွယ် ကောင်းတဲ့ အလှတရား တွေရဲ့ ပိုင်ရှင် လေးပါပဲနော်။

အခုလည်း မြတ်ကေသီအောင် က စမိုင်းလ်ပို့ ပေးတဲ့ ညအိပ်ဝတ်စုံလေး ကို ဝတ်ပြီး “ဂယက်တွေပါဟယ်” ဆိုတဲ့ ရုပ်ရှင်ကို ကြည့်ရှု အားပေးခဲ့တာ ဖြစ်ပါတယ် ။ Night Dress လေးနဲ့ အရမ်းလှနေတဲ့ မြတ်ကေသီအောင် က ရင်ဖိုချင်စရာကောင်းတဲ့ အလှတရားတွေ ပေါ်လွင်နေ တာလည်း ဖြစ်ပါတယ် ။ ကဲ ဆွဲဆောင်မှုရှိရှိ လှနေတဲ့ မင်းသမီးချော မြတ်ကေသီအောင် ရဲ့ပုံရိပ်တွေ ကို ချစ်ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေး လိုက်ပါ တယ်နော် ။

Source & Photo Credit-Myat Kay Thi Aung’s FB Acc

About the author

Ms Cele

Leave a Comment