Celebrity

လူတစ္ခ်ိဳ႕ရဲ႕ ေ၀ဖန္တိုက္ခိုက္ မႈေၾကာင့္ ႀကိဳးစားလို႕ရခဲ့တဲ့ အကယ္ဒမီ အေၾကာင္းကို ေျပာျပလာတဲ့ ထြန္းထြန္း

Written by Ms Cele

လူတစ္ခ်ိဳ႕ရဲ႕ ေ၀ဖန္တိုက္ခိုက္ မႈေၾကာင့္ ႀကိဳးစားလို႕ရခဲ့တဲ့ အကယ္ဒမီ အေၾကာင္းကို ေျပာျပလာတဲ့ ထြန္းထြန္း

ပရိသတ္ႀကီးေရ ထြန္းထြန္း ကေတာ့ အဆိုေတာ္ တစ္ေယာက္အေနနဲ႔ စတင္ခဲ့ၿပီး ေနာက္ပိုင္းမွာ ႀကိဳးစား အားထုတ္မႈ ေတြေၾကာင့္ သ႐ုပ္ေဆာင္ေကာင္း တစ္ေယာက္ျဖစ္လာခဲ့ပါတယ္။ ယခုမွာေတာ့ ထြန္းထြန္းက အႏုပညာ ေလာကမွာ အခက္အခဲ ေတြၾကားထဲကေန ေလွ်ာက္လွမ္း လာခဲ့တဲ့ သူ႔ရဲ႕ အေၾကာင္းေလးေတြကို ေရးသားေဖာ္ျပလာ ခဲ့ပါတယ္။”မိတ္ေဆြတို႔ေရ….ကြၽန္ေတာ္ ထြန္းထြန္း အသက္ ၁၆-၁၇ ကတည္းက EXAMPLEZ မွာ သီခ်င္းေတြဆိုခဲ့ သီခ်င္းေရးခဲ့တယ္……၂၀၀၀-၂၀၀၁ ေပါ့. အခုဆို ဘာလိုလိုနဲ႔ ဒီ အႏုပညာေလာကထဲမွာ အနိမ့္အျမင့္အတက္အက် ပုံစံမ်ိဳးစုံ ဘဝမ်ိဴးစုံနဲ႔ အႏွစ္၂၀ က်င္လည္ခဲ့တယ္…..

အားေပး ခ်စ္ခင္ၾကတဲ့ ပရိသတ္ ေတြေၾကာင့္သာ ကြၽန္ေတာ္ ရပ္တည္ ေနႏိုင္တာျဖစ္သလို… ကြၽန္ေတာ့္ကို ယုံၾကည္မႈ ရွိေပးၾကတဲ့ Production ေတြ Producer ေတြနဲ႔ အၿမဲတမ္း ကူညီ ေစာင့္ေရွာက္ေပးၾကတဲ့ လုပ္ေဖာ္ကိုင္ဖက္ ေတြေၾကာင့္လည္းျဖစ္ပါတယ္…..႐ုပ္ရွင္ေလာကထဲစဝင္ ဦးေက်ာ္ဟိန္းဆီေရာက္ ေတာ့လည္း တခ်ိဳ႕ေတြက “သီခ်င္းပဲဆိုစမ္းပါ လိုင္းေၾကာင္ျပန္ပီ” ဆိုတာ မၾကားတၾကား ေျပာတာေတြ, နာမည္ တပ္ ဒဲ့ ေစာ္ကားခံရတာေတြၾကားထဲကေန စိတ္ပိုင္းျဖတ္ၿပီး ႀကိဳးစားေလ့လာခဲ့ရတယ္. (ခုထိသင္ယူႀကိဳးစားေနဆဲပါပဲ) ခင္ဗ်ားတို႔အထင္မႀကီးတဲ့ Rap ဆိုတဲ့ ခ်ာတိတ္တေကာင္ အေနနဲ႔ ပထမဆုံး အကယ္ဒမီ ရတဲ့သူျဖစ္လာဖို႔ ရည္မွန္းခ်က္ထားခဲ့တယ္ ႀကိဳးစားခဲ့တယ္…ရခဲ့တယ္……ဒါကလည္း ကြၽန္ေတာ္တေယာက္တည္းေတာ္ေန တတ္ေနလို႔ လုံးဝ(လုံးဝ) မဟုတ္ပါဘူး ဆရာေကာင္း လုပ္ေဖာ္ကိုင္ဖက္ေကာင္း Team Work ေကာင္းလြန္းလို႔ ကြၽန္ေတာ္က ေျမႇာက္စားျခင္းခံခဲ့ရတာပါ……..

မိတ္ေဆြတို႔ေရ ….ဘဝရဲ႕မွတ္တိုင္ ေတြမွာ အၿမဲတမ္း အနားမွာရွိ ေနေပးႏိုင္တာ မိသားစုပါ အခုဆိုရင္ ကြၽန္ေတာ့္ကို ႏွင္းဆီ(အၿငိမ့္) မိသားစုရဲ႕သား,တစ္ေယာက္လို႔ ျမင္ေန ေပးၾကပါၿပီ. ႏွင္းဆီအဖြဲ႕က ကြၽန္ေတာ့္အတြက္ မိသားစုႀကီးဆိုရင္ EXAMPLEZ ကကြၽန္ေတာ့္ရဲ႕ပထမဆုံး မိသားစုေလးပါပဲ ဒီေကာင္ေတြ နဲ႔ အတူတူ လူလားေျမႇာက္လာၾကတယ္ ဝါသနာကို အရင္းတည္ၿပီး ျဖစ္ခ်င္တာ ေတြကို လုပ္ခဲ့ၾကတယ္၊ ရန္ျဖစ္တယ္၊စကားမ်ားတယ္၊ ျပန္ေခၚတယ္၊ ထပ္ေကာက္တယ္၊ ျပသနာေတြ တူတူေျဖရႈင္းၾကတယ္၊ ခရီးေတြ အမ်ားႀကီးတူတူ ထြက္ခဲ့ၾကတယ္၊ ေဖးမခဲ့ၾကတယ္၊ မိတ္ေဆြတို႔ေရ ….EXAMPLEZ ကို ခ်စ္တဲ့ ပရိတ္သတ္ေတြအတြက္ အခုဆိုအႏွစ္၂၀Examplez 20YearsOfExamplez_Music_live ပြဲႀကီးကို ရည္မွန္းထားတဲ့အတိုင္းစီစဥ္ခဲ့ႏိုင္ပါၿပီ
လာမယ့္ December ၄ ရက္ေန႔ ည ၇နာရီမွာ ကြၽန္ေတာ္တို႔ေတြ သီခ်င္းေတြ ဆိုျပပါမယ္.. ကြၽန္ေတာ္တို႔ရဲ႕ ပရိသတ္ေတြ မသိေသးတဲ့ အေၾကာင္းေလးေတြကို ရင္းရင္းႏွီးႏွိး ေျပာျပခ်င္ပါတယ္…..ဒါေၾကာင့္ EXAMPLEZ ပရိသတ္ေတြ အခ်ိန္ေလးေပးၿပီး ၾကည့္ဖို႔ ေလးနက္စြာ ဖိတ္ေခၚပါတယ္. ….လာေရာက္စိတ္ အေမာတခ်ိဳ႕ ေျဖေဖ်ာက္ၾကပါဗ်ာ.”ဆိုၿပီး ေရးသားထားပါတယ္။

Credit:Swelsone News

လူတစ်ချို့ရဲ့ ဝေဖန်တိုက်ခိုက် မှုကြောင့် ကြိုးစားလို့ရခဲ့တဲ့ အကယ်ဒမီ အကြောင်းကို ပြောပြလာတဲ့ ထွန်းထွန်း

ပရိသတ်ကြီးရေ ထွန်းထွန်း ကတော့ အဆိုတော် တစ်ယောက်အနေနဲ့ စတင်ခဲ့ပြီး နောက်ပိုင်းမှာ ကြိုးစား အားထုတ်မှု တွေကြောင့် သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ယခုမှာတော့ ထွန်းထွန်းက အနုပညာ လောကမှာ အခက်အခဲ တွေကြားထဲကနေ လျှောက်လှမ်း လာခဲ့တဲ့ သူ့ရဲ့ အကြောင်းလေးတွေကို ရေးသားဖော်ပြလာ ခဲ့ပါတယ်။”မိတ်ဆွေတို့ရေ….ကျွန်တော် ထွန်းထွန်း အသက် ၁၆-၁၇ ကတည်းက EXAMPLEZ မှာ သီချင်းတွေဆိုခဲ့ သီချင်းရေးခဲ့တယ်……၂၀၀၀-၂၀၀၁ ပေါ့. အခုဆို ဘာလိုလိုနဲ့ ဒီ အနုပညာလောကထဲမှာ အနိမ့်အမြင့်အတက်အကျ ပုံစံမျိုးစုံ ဘဝမျိူးစုံနဲ့ အနှစ်၂၀ ကျင်လည်ခဲ့တယ်…..

အားပေး ချစ်ခင်ကြတဲ့ ပရိသတ် တွေကြောင့်သာ ကျွန်တော် ရပ်တည် နေနိုင်တာဖြစ်သလို… ကျွန်တော့်ကို ယုံကြည်မှု ရှိပေးကြတဲ့ Production တွေ Producer တွေနဲ့ အမြဲတမ်း ကူညီ စောင့်ရှောက်ပေးကြတဲ့ လုပ်ဖော်ကိုင်ဖက် တွေကြောင့်လည်းဖြစ်ပါတယ်…..ရုပ်ရှင်လောကထဲစဝင် ဦးကျော်ဟိန်းဆီရောက် တော့လည်း တချို့တွေက “သီချင်းပဲဆိုစမ်းပါ လိုင်းကြောင်ပြန်ပီ” ဆိုတာ မကြားတကြား ပြောတာတွေ, နာမည် တပ် ဒဲ့ စော်ကားခံရတာတွေကြားထဲကနေ စိတ်ပိုင်းဖြတ်ပြီး ကြိုးစားလေ့လာခဲ့ရတယ်. (ခုထိသင်ယူကြိုးစားနေဆဲပါပဲ) ခင်ဗျားတို့အထင်မကြီးတဲ့ Rap ဆိုတဲ့ ချာတိတ်တကောင် အနေနဲ့ ပထမဆုံး အကယ်ဒမီ ရတဲ့သူဖြစ်လာဖို့ ရည်မှန်းချက်ထားခဲ့တယ် ကြိုးစားခဲ့တယ်…ရခဲ့တယ်……ဒါကလည်း ကျွန်တော်တယောက်တည်းတော်နေ တတ်နေလို့ လုံးဝ(လုံးဝ) မဟုတ်ပါဘူး ဆရာကောင်း လုပ်ဖော်ကိုင်ဖက်ကောင်း Team Work ကောင်းလွန်းလို့ ကျွန်တော်က မြှောက်စားခြင်းခံခဲ့ရတာပါ……..

မိတ်ဆွေတို့ရေ ….ဘဝရဲ့မှတ်တိုင် တွေမှာ အမြဲတမ်း အနားမှာရှိ နေပေးနိုင်တာ မိသားစုပါ အခုဆိုရင် ကျွန်တော့်ကို နှင်းဆီ(အငြိမ့်) မိသားစုရဲ့သား,တစ်ယောက်လို့ မြင်နေ ပေးကြပါပြီ. နှင်းဆီအဖွဲ့က ကျွန်တော့်အတွက် မိသားစုကြီးဆိုရင် EXAMPLEZ ကကျွန်တော့်ရဲ့ပထမဆုံး မိသားစုလေးပါပဲ ဒီကောင်တွေ နဲ့ အတူတူ လူလားမြှောက်လာကြတယ် ဝါသနာကို အရင်းတည်ပြီး ဖြစ်ချင်တာ တွေကို လုပ်ခဲ့ကြတယ်၊ ရန်ဖြစ်တယ်၊စကားများတယ်၊ ပြန်ခေါ်တယ်၊ ထပ်ကောက်တယ်၊ ပြသနာတွေ တူတူဖြေရှုင်းကြတယ်၊ ခရီးတွေ အများကြီးတူတူ ထွက်ခဲ့ကြတယ်၊ ဖေးမခဲ့ကြတယ်၊ မိတ်ဆွေတို့ရေ ….EXAMPLEZ ကို ချစ်တဲ့ ပရိတ်သတ်တွေအတွက် အခုဆိုအနှစ်၂၀Examplez 20YearsOfExamplez_Music_live ပွဲကြီးကို ရည်မှန်းထားတဲ့အတိုင်းစီစဉ်ခဲ့နိုင်ပါပြီ
လာမယ့် December ၄ ရက်နေ့ ည ရနာရီမှာ ကျွန်တော်တို့တွေ သီချင်းတွေ ဆိုပြပါမယ်.. ကျွန်တော်တို့ရဲ့ ပရိသတ်တွေ မသိသေးတဲ့ အကြောင်းလေးတွေကို ရင်းရင်းနှီးနှိး ပြောပြချင်ပါတယ်…..ဒါကြောင့် EXAMPLEZ ပရိသတ်တွေ အချိန်လေးပေးပြီး ကြည့်ဖို့ လေးနက်စွာ ဖိတ်ခေါ်ပါတယ်. ….လာရောက်စိတ် အမောတချို့ ဖြေဖျောက်ကြပါဗျာ.”ဆိုပြီး ရေးသားထားပါတယ်။

Credit:Swelsone News

About the author

Ms Cele

Leave a Comment