Celebrity


Written by Ms Cele





Credit

လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်နေသူများအား အပြစ်တင်ပြောဆို နေကြသူ တွေများကို ထိမိလှတဲ့ စကားလုံးတွေနဲ့ ပြန်လည်ချေပလိုက်တဲ့ သုသု

ပရိတ်သတ်ရဲ့အချစ်တော် သရုပ်ဆောင် အကယ်ဒမီပိုင်ဖြိုးသု ကတော့ ပွင့်ပွင့်လင်းလင်းပြောဆို တတ်ပုံလေးကြောင့် ပရိတ်သတ်တွေရဲ့အားပေး ချစ်ခင်မှုကို အပြည့်အဝသိမ်းပိုက်ထား တာပဲဖြစ်ပါတယ်နော်.။ ပိုင်ဖြိုးသုကအရေးကြုံလာရင် ပြည်သူတွေနဲ့တစ်သားတည်းပါဝင်ခဲ့သူဖြစ်တာကြောင့် အားလုံးကလေးစားအားကျနေတာပဲဖြစိပါတယ်။သုသုကတော့ ကိုယ်ယုံကြည်ရာ ပန်းတိုင်ကို နောက်မဆုတ်ဘဲ ရှေ့သို့သာ ရပ်တည်ချက်ခိုင်မာစွာဖြင့် လျှောက်လှမ်းနေသူ တစ်ယောက်ဆိုရင်လည်းမမှားပါဘူးနော်။

ပြည်သူတွေ ဒီထက်ပိုပြီး ပူးပေါင်းပါဝင်ရန် အတွက်လည်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာများမှ တစ်ဆင့် တိုက်တွန်းပေးနေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဒီလို Speak Out အမြဲလုပ်ပေးနေသူတွေအား မနာလိုသူတွေတစ်ချို့က ဝေဖန် တိုက်ခိုက်နေကြတာပါ။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း သုသု ရဲ့ Facebook အကောင့်တွင် လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်နေသူများအား အပြစ်တင်ပြောဆို နေကြသူ တွေများကို ထိမိလှတဲ့ စကားလုံးတွေနဲ့ ပြန်လည်ချေပ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

” Federal Army တံဆိပ်လေးဖြစ်ဖြစ် နွေဦးတော်လှန်ရေး တံဆိပ်လေး ‌ဖြစ်ဖြစ် Profile pictureလေး အရောင်ပြထား လိုက်တယ်…. Wall ထဲမှာ ဟိုသတင်း ဒီသတင်း အရောင်ပြshareထားတာလေး ၂ခု၃ခု…. ပြီးရင် Speak outလုပ်နေတဲ့ လူတွေကို ပတ်ပြီးတိုက်ခိုက်တယ်…. မောင်လေးတို့ရေ…. အစ်မတို့ကမောင်လေးတို့ အကွက်တွေ မမြင်ရအောင် အစ်မတို့က မောင်လေးတို့လိုမျိုး ၃ယောက်လောက်ပေါင်း တာတောင် A for Apple, B for Ball ကမတက်တာလည်းမဟုတ်ဘူးလေကွယ်…. စိတ်ချ…နင်တို့ကငါတို့ကိုစိတ်ဓါတ်ကျပြီး ဘာမှမတင်စေချင်လေ…ငါတို့တွေဘက်ကပိုပြီး တက်တက်ကြွကြွpostတွေတင် လေပဲဟေ့… နားလည်လား…. နားမလည်ရင်(၃)ခေါက်လောက် စာလုံးပေါင်းပြီးပြန်ဖတ်!!! #အရေးတော်ပုံအောင်ရမည်” ဆိုပြီး ရေးသားထားတာဖြစ်လို့ ပရိသတ်တွေလည်း သိရှိနိုင်စေရန်ဒီသတင်းလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေး လိုက်ရပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်။

Photo Crd-Paing Phyoe Thu’s Facebook Account
Credit

About the author

Ms Cele

Leave a Comment