Celebrity


Written by Ms Cele






လူနာသတင်း လာမေးကြတဲ့ မျိုးကြီးတို့ ဇနီးမောင်နှံကို အစားအသောက်တွေနဲ့ ဧည့်ခံနေတဲ့ သမီးလေးတွေ အကြောင်းပြောပြလာတဲ့ လင်းလင်း

နာမည်ကြီး တေးရေး၊ တေးဆို တစ်ယောက်ဖြစ်တဲ့ လင်းလင်း ကတော့ ဂီတလောကမှာ အောင်မြင်မှုတွေ များစွာ ရရှိပိုင်ဆိုင်နေသူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်တွေ မှာလည်း အောင်မြင်မှုရရှိနေသလို သာယာလှပတဲ့ မိသားစုဘဝလေး ကို ပိုင်ဆိုင်ထားတဲ့ လင်းလင်း ကတော့ သူ့ရဲ့ နေ့ရက်တိုင်းကို စိတ်ချမ်းသာမှုတွေ များစွာနဲ့ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံနှစ်ယောက်ကို သာမက သမီးလေးနှစ်ယောက်ဖြစ်တဲ့ ခေတ်နဲ့သစ် ကိုလည်း ချစ်ကြတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ချစ်သုဝေက ခါးအရိုးအက် ဒဏ်ရာကြောင့် ဆေးရုံပေါ်မှာ ဆေးကုသမှုခံ ယူနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ လင်းလင်းက ဆေးရုံကို လူနာသတင်းလာမေးကြတဲ့ မျိုးကြီးတို့ဇနီးမောင်နှံကို အစားအသောက်တွေနဲ့ ကိုယ်တိုင်ဧည့်ခံတဲ့ သမီးနှစ်ယောက်အကြောင်းကို “လူငယ်တွေ စကားလက်ဆုံကြတုန်း လူကြီးဆရာမနှစ်ယောက် မုန့်များဖြင့် ကိုယ်တိုင်ဧည့်ခံ, ကိုယ်တိုင်စားသောက် :))))) အိပ်ယာပေါ်က ဆရာမ အခြေအနေအထူးကောင်းမွန်လာ၍ ဘောလုံးချိန်းပွဲကန်ရန် ကိုမျိုးကြီးနဲ့ တိုင်ပင်ပြင်ဆင် :)))))” ဆိုပြီး အမှတ်တရ ဓာတ်ပုံလေး မျှဝေလာပါတယ်။

ခေတ်လေးနဲ့ သစ်လေး ကတော့ မေမေ့ဆီ သတင်းလာမေးကြတဲ့ ဦးဦးမျိုးကြီး တို့ကို မုန့်တွေနဲ့ ကိုယ်တိုင်ဧည့်ခံပြီး လူကြီးလေး လို ပြုမူခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း ခေတ်လေးနဲ့ သစ်လေးရဲ့ လုပ်ရပ်လေးကို ကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေး ကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment