International News

လူနာ တင္ ကား မလို၊ PPE မလို၊ ထမင္း ေကၽြး စရာ လည္း မလို တဲ့ စင္ကာ ပူ ကိုဗစ္ စစ္ နည္း

Written by Ms Cele

လူနာ တင္ ကား မလို၊ PPE မလို၊ ထမင္း ေကၽြး စရာ လည္း မလို တဲ့ စင္ကာ ပူ ကိုဗစ္ စစ္ နည္း

ေဒါက္တာ ဉာဏ္ တ ေယာက္ ဟြာဟင္း ကမ္းေၿခ မွာ ဇိမ္က် ေနတုန္း စကၤာပူက အမႀကီး က ဖုန္းဆက္ လာတယ္ သူက ပုံမွန္ စာပဲေရးေလ့ရွိတာ ဖုန္းဆက္ လာၿပီ ဆို တေယာက္ေယာက္ ေနမေကာင္းၿပီပဲ သူ႔ဖုန္းၾကား လၽွင္ ရင္အျမဲတုန္ရသည္ သူကလည္း သူေရးသမၽွ စာေတြ မဖတ္မွန္းသိေတာ့ အေရးႀကီးၿပီ ဆို ဖုန္းတန္းဆက္ေလ့ရွိတယ္

ဟဲ လို ဆိုၿပီး အသံကို ဆြဲၿပီး ဇိမ္က် ပ်င္းရိေနတဲ့ အသံ နဲ႔ ထူး လိုက္တယ္ ဟဲ့ တိတိ (တ႐ုတ္လို ေမာင္ေလးေပါ့ ) နင့္တူ တေယာက္ ဖ်ားေန တယ္ ေဩာ္ ဟုတ္လား ဒါမ်ား ပါရာတိုက္ ေခ်ာင္းလည္း ဆိုးေနတယ္ ငင့္ ေဒါက္တာဉာဏ္ ဒန္းေပၚမွာ ဇိမ္က်ေနတာ ကေန ထထိုင္ရၿပီ အာသီးလည္း ေရာင္တယ္ ႏွာလည္း ေခ်တယ္ ဆက္ေျပာေတာ့ ေဘးနားခ်ထားတဲ့ ႏွာေခါင္းစည္း ကိုေတာင္ ေရာင္ရမ္း ေကာက္ကိုင္မိတယ္

ေနပါအူံး ဘယ္ႏွစ္ရက္ ရွိၿပီလဲ မေန႔က ေခ်ာင္းစဆိုးတယ္ ဒီေန႔ အဖ်ားတက္တယ္ ဟု ျပန္ေျဖသည္ အဲဒီ မတိုင္ခင္ ေက်ာင္းသြားလား ဘာေတြ လုပ္လဲ ဆက္ေမး ျဖစ္သည္ ေက်ာင္းသြား တယ္ ဘက္စ္ကက္ေဘာ ေဆာ့တယ္တဲ့ ဒုကၡပဲ ဟု စိတ္ထဲေတြးမိသည္ ဒါဆို ပါရာ ေသာက္ၿပီး ေဆးခန္းတန္း သြားေတာ့ ကိုဗစ္ စစ္ရမယ္ ႏွာေခါင္းစည္း လူတိုင္းတပ္ ပါ အမတို႔လည္း တပ္ ၿပီးရင္ ဘာထူးလဲ အေၾကာင္းျပန္ ဗီတာမင္ စီ ေရဆူေဆးျပား တေထာင္အား လူတိုင္းေသာက္ထားဟု ေျပာေတာ့ ေအးေအး ဆိုၿပီး ဖုန္းခ်သြားသည္

ဇိမ္ပ်က္ ေခ်၏ ညေနေစာင္းဖုန္း ျပန္ဆက္လာ သည္ ေဆးခန္းက ဆရာဝန္က နင့္လိုပဲ အေသးစိတ္ ထပ္ေမးၿပီး တို႔ဖတ္ယူထားလိုက္တယ္ ၿပီးေတာ့ ေငြမရွင္း နဲ႔ေတာ့ ေျပစာ အိမ္ပို႔လိုက္မယ္ တန္းျပန္ေတာ့ ဆိုလို ျပန္လာၿပီ ငါဘာဆက္လုပ္ရမလဲ ဆိုေတာ့ ဟုမ္းကြာရန္တင္း ခ်ရမယ္ အခန္းခြဲထား စားစရာပန္းကန္ခြက္ခြဲထား ႏွာေခါင္းစည္း တပ္ပါလို႔ အလုပ္ေတြကို လည္း အေၾကာင္းၾကားထားပါ အိမ္မွာ PUI တေယာက္ရွိေနၿပီ အမ တို႔ပါအခ်ိန္မေရြး ေလာ့ေဒါင္းျဖစ္သြားနိုင္တယ္ ဆိုေတာ့ ကိုယ့္အမ အသံ မထြက္ေတာ့

ေနာက္မွာ ပို႔လာေတာ့ Home advice စာရြက္ ဖတ္ၾကည့္မိ သည္ ေရးထားတာ တို႔ဖတ္ ယူၿပီး အိမ္တန္းျပန္ရန္ မလိုက္နာ လၽွင္ ကူးစက္ဥပေဒ အရ ေဒၚလာ တေသာင္း ဒဏ္ေငြ သိူ႔ ေထာင္ ၆လ သို႔ ဒဏ္ေငြ ၂ရပ္စလုံး ျပန္လၽွင္ ကိုယ္ပိုင္ကား သို႔ တက္ဆီသာစီးရန္ အဲကြန္း ပိတ္ ျပတင္းေပါက္ဖြင့္ စီးရန္ ေျပစာယူရန္ အေပါင္းထြက္လၽွင္ တက္ဆီသမားပါ စစ္ရမည့္ပုံ

အေပါင္းထြက္ခဲ့လၽွင္ ၂ရက္အတြင္း ဘာဆက္လုပ္ ရမည္ဆိုၿပီး ဆရာဝန္မွ ဖုန္းဆက္ လာမည္ မစိုးရိမ္ရန္ အေၿဖ ကို ၅ရက္ အတြင္း sms မွပို႔ေပးမည္ အေရးေပၚ ျဖစ္လၽွင္ ဆက္ရမည့္ဖုံး အိမ္မွာ ခြဲေနရန္ ခြဲစားရန္ လက္ေဆးရန္ ႏွာေခါင္းစည္းတပ္ရန္ စသည္ျဖင့္ စုံစုံေစ့ေစ့ေရးထားသည္
အိမ္သားေတြအတြက္ဘာမွာလဲ ဆိုေတာ့ အေျဖေပၚ မူတည္ၿပီး ဆက္ေျပာမည္ဟု သာေျဖ၏တဲ့

ဒီေတာ့ ကိုယ့္အမကို ေျပာလိုက္သည္ အဲဒီအတိုင္းသာလုပ္ေလ ဟုသာ ေျပာလိုက္သည္ ေနာက္ရက္ ညေန က်ေတာ့ စာပို႔လာသည္ ၿပီးမွ ဖုန္းဆက္လာၿပီး တိတိေရ အႏုတ္တဲ့ ဆိုေတာ့ ေနာက္ထပ္ ဘယ္ေန႔ ထပ္စစ္မလဲဆိုေတာ့ က်န္းမာေရးေကာင္းေနရင္ မစစ္ေတာ့ဘူးတဲ့ လကၡဏာေတြ ဆိုးလာရင္ ဖုန္းဆက္ပါတဲ့ ဒါပဲေျပာတယ္ ဟုေျဖသည္ ဘယ္ေလာက္က်လဲ ဆိုေတာ့ မသိဘူး သူ႔အေဖ ကုမၸဏီက ရွင္းေပးမယ္ေျပာ တယ္ တဲ့ ဒီတခါ အသံအေတာ္ က်ယ္သည္ က်န္းမာေရးအာမခံ ေက်းဇူးေတြ

အႏွစ္ခ်ဳပ္က တရက္တိတိ အခ်ိန္ၾကာ သြားသည္ အဖ်ားလည္းက် အေျဖလည္းထြက္ တမိသားစု လုံးအေနအစား မပ်က္ အားလုံးအိုေကမွာ စိုေၿပ ကိုယ္ထင္ တာေတာ့ ဒဏ္ေငြ ေဒၚလာတေသာင္း ႏွင့္ ေထာင္ေျခာက္လ အေတာ္အစြမ္းထက္သည္ PPE လည္းမလို Q စင္တာလည္းမလို လူနာတင္ကားလည္း မလို ထမင္းေကၽြးစရာလည္း မလို ကိုဗစ္အေျဖေဒတာ ကလည္း ေဆာ့ဝဲလ္ကေန တခါတည္းတန္းတက္ သြားသည္ ည ၈နာရီ ကို အမွီေရးရန္မ လို ေဒါက္တာဉာဏ္လည္း အခုမွ ဇိမ္ျပန္က်ရေခ်သည္

Nyan Win Phyo

လူနာ တင် ကား မလို၊ PPE မလို၊ ထမင်း ကျွေး စရာ လည်း မလို တဲ့ စင်ကာ ပူ ကိုဗစ် စစ် နည်း

ဒေါက်တာ ဉာဏ် တ ယောက် ဟွာဟင်း ကမ်းခြေ မှာ ဇိမ်ကျ နေတုန်း စင်္ကာပူက အမကြီး က ဖုန်းဆက် လာတယ် သူက ပုံမှန် စာပဲရေးလေ့ရှိတာ ဖုန်းဆက် လာပြီ ဆို တယောက်ယောက် နေမကောင်းပြီပဲ သူ့ဖုန်းကြား လျှင် ရင်အမြဲတုန်ရသည် သူကလည်း သူရေးသမျှ စာတွေ မဖတ်မှန်းသိတော့ အရေးကြီးပြီ ဆို ဖုန်းတန်းဆက်လေ့ရှိတယ်

ဟဲ လို ဆိုပြီး အသံကို ဆွဲပြီး ဇိမ်ကျ ပျင်းရိနေတဲ့ အသံ နဲ့ ထူး လိုက်တယ် ဟဲ့ တိတိ (တရုတ်လို မောင်လေးပေါ့ ) နင့်တူ တယောက် ဖျားနေ တယ် ေဩာ် ဟုတ်လား ဒါများ ပါရာတိုက် ချောင်းလည်း ဆိုးနေတယ် ငင့် ဒေါက်တာဉာဏ် ဒန်းပေါ်မှာ ဇိမ်ကျနေတာ ကနေ ထထိုင်ရပြီ အာသီးလည်း ရောင်တယ် နှာလည်း ချေတယ် ဆက်ပြောတော့ ဘေးနားချထားတဲ့ နှာခေါင်းစည်း ကိုတောင် ရောင်ရမ်း ကောက်ကိုင်မိတယ်

နေပါအူံး ဘယ်နှစ်ရက် ရှိပြီလဲ မနေ့က ချောင်းစဆိုးတယ် ဒီနေ့ အဖျားတက်တယ် ဟု ပြန်ဖြေသည် အဲဒီ မတိုင်ခင် ကျောင်းသွားလား ဘာတွေ လုပ်လဲ ဆက်မေး ဖြစ်သည် ကျောင်းသွား တယ် ဘက်စ်ကက်ဘော ဆော့တယ်တဲ့ ဒုက္ခပဲ ဟု စိတ်ထဲတွေးမိသည် ဒါဆို ပါရာ သောက်ပြီး ဆေးခန်းတန်း သွားတော့ ကိုဗစ် စစ်ရမယ် နှာခေါင်းစည်း လူတိုင်းတပ် ပါ အမတို့လည်း တပ် ပြီးရင် ဘာထူးလဲ အကြောင်းပြန် ဗီတာမင် စီ ရေဆူဆေးပြား တထောင်အား လူတိုင်းသောက်ထားဟု ပြောတော့ အေးအေး ဆိုပြီး ဖုန်းချသွားသည်

ဇိမ်ပျက် ချေ၏ ညနေစောင်းဖုန်း ပြန်ဆက်လာ သည် ဆေးခန်းက ဆရာဝန်က နင့်လိုပဲ အသေးစိတ် ထပ်မေးပြီး တို့ဖတ်ယူထားလိုက်တယ် ပြီးတော့ ငွေမရှင်း နဲ့တော့ ပြေစာ အိမ်ပို့လိုက်မယ် တန်းပြန်တော့ ဆိုလို ပြန်လာပြီ ငါဘာဆက်လုပ်ရမလဲ ဆိုတော့ ဟုမ်းကွာရန်တင်း ချရမယ် အခန်းခွဲထား စားစရာပန်းကန်ခွက်ခွဲထား နှာခေါင်းစည်း တပ်ပါလို့ အလုပ်တွေကို လည်း အကြောင်းကြားထားပါ အိမ်မှာ PUI တယောက်ရှိနေပြီ အမ တို့ပါအချိန်မရွေး လော့ဒေါင်းဖြစ်သွားနိုင်တယ် ဆိုတော့ ကိုယ့်အမ အသံ မထွက်တော့

နောက်မှာ ပို့လာတော့ Home advice စာရွက် ဖတ်ကြည့်မိ သည် ရေးထားတာ တို့ဖတ် ယူပြီး အိမ်တန်းပြန်ရန် မလိုက်နာ လျှင် ကူးစက်ဥပဒေ အရ ဒေါ်လာ တသောင်း ဒဏ်ငွေ သိူ့ ထောင် ၆လ သို့ ဒဏ်ငွေ ၂ရပ်စလုံး ပြန်လျှင် ကိုယ်ပိုင်ကား သို့ တက်ဆီသာစီးရန် အဲကွန်း ပိတ် ပြတင်းပေါက်ဖွင့် စီးရန် ပြေစာယူရန် အပေါင်းထွက်လျှင် တက်ဆီသမားပါ စစ်ရမည့်ပုံ

အပေါင်းထွက်ခဲ့လျှင် ၂ရက်အတွင်း ဘာဆက်လုပ် ရမည်ဆိုပြီး ဆရာဝန်မှ ဖုန်းဆက် လာမည် မစိုးရိမ်ရန် အဖြေ ကို ၅ရက် အတွင်း sms မှပို့ပေးမည် အရေးပေါ် ဖြစ်လျှင် ဆက်ရမည့်ဖုံး အိမ်မှာ ခွဲနေရန် ခွဲစားရန် လက်ဆေးရန် နှာခေါင်းစည်းတပ်ရန် စသည်ဖြင့် စုံစုံစေ့စေ့ရေးထားသည်
အိမ်သားတွေအတွက်ဘာမှာလဲ ဆိုတော့ အဖြေပေါ် မူတည်ပြီး ဆက်ပြောမည်ဟု သာဖြေ၏တဲ့

ဒီတော့ ကိုယ့်အမကို ပြောလိုက်သည် အဲဒီအတိုင်းသာလုပ်လေ ဟုသာ ပြောလိုက်သည် နောက်ရက် ညနေ ကျတော့ စာပို့လာသည် ပြီးမှ ဖုန်းဆက်လာပြီး တိတိရေ အနုတ်တဲ့ ဆိုတော့ နောက်ထပ် ဘယ်နေ့ ထပ်စစ်မလဲဆိုတော့ ကျန်းမာရေးကောင်းနေရင် မစစ်တော့ဘူးတဲ့ လက္ခဏာတွေ ဆိုးလာရင် ဖုန်းဆက်ပါတဲ့ ဒါပဲပြောတယ် ဟုဖြေသည် ဘယ်လောက်ကျလဲ ဆိုတော့ မသိဘူး သူ့အဖေ ကုမ္ပဏီက ရှင်းပေးမယ်ပြော တယ် တဲ့ ဒီတခါ အသံအတော် ကျယ်သည် ကျန်းမာရေးအာမခံ ကျေးဇူးတွေ

အနှစ်ချုပ်က တရက်တိတိ အချိန်ကြာ သွားသည် အဖျားလည်းကျ အဖြေလည်းထွက် တမိသားစု လုံးအနေအစား မပျက် အားလုံးအိုကေမှာ စိုပြေ ကိုယ်ထင် တာတော့ ဒဏ်ငွေ ဒေါ်လာတသောင်း နှင့် ထောင်ခြောက်လ အတော်အစွမ်းထက်သည် PPE လည်းမလို Q စင်တာလည်းမလို လူနာတင်ကားလည်း မလို ထမင်းကျွေးစရာလည်း မလို ကိုဗစ်အဖြေဒေတာ ကလည်း ဆော့ဝဲလ်ကနေ တခါတည်းတန်းတက် သွားသည် ည ၈နာရီ ကို အမှီရေးရန်မ လို ဒေါက်တာဉာဏ်လည်း အခုမှ ဇိမ်ပြန်ကျရချေသည်

Nyan Win Phyo

About the author

Ms Cele

Leave a Comment