Celebrity


Written by Ms Cele






လူမင်းအတွက် ရင်ထဲမှာ ပြောချင်တဲ့စကားတွေများပြီး ခေါင်းထဲကတောင်ပေါက်ထွက်တော့မယ်လို့ဆိုလာတဲ့ လင်းဇာနည်ဇော်

ရုပ်ရှင် သရုပ်ဆောင်နဲ့ ဒါရိုက်တာ လူမင်းကတော့ မနေ့က ဖေဖော်ဝါရီလ (၂၀) ရက်နေ့ ညသန်းခေါင်ကျော် လူခြေတိတ်ချိန်မှာ ဖမ်းဆီးခြင်းခံခဲ့ရပြီပဲ ဖြစ်ပါတယ်။ ပုဒ်မ ၅၀၅-က နဲ့ တရားစွဲဆိုခံထားရတဲ့ လူမင်းဟာ သူ့ရဲ့နေအိမ်မှာ မနေပဲ အခြားနေရာမှာ တိမ်းရှောင်နေပေမယ့် ရဲတွေနဲ့ စစ်သားတွေဟာ သူရှိနေတဲ့နေရာထိ တံခါးတွေ အတင်းဖျက်ကာ လာရောက် ဖမ်းဆီးသွားကြတယ်လို့ လူမင်းရဲ့ ဇနီးဖြစ်သူ မခင်စံပယ်ဦးက ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။

လူမင်းအတွက် အနုပညာ အသိုင်းအဝိုင်း တစ်ခုလုံးက စိတ်မကောင်း ဝမ်းနည်းဖြစ်နေကြသလို လူမင်းရဲ့ ညီမလေး တစ်ယောက်လိုဖြစ်နေတဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်ကလည်း စိုးရိမ်တကြီးဖြစ်နေတာကို တွေ့ရပါတယ်။ လင်းဇာနည်ဇော်က “ရင်ထဲမှာပြောချင်နေတဲ့စကားတွေများပြီး ခေါင်းထဲကတောင်ပေါက်ထွက်တော့မယ်။ ညီမလေးထပ်တူထပ်တူပါ😭 အန်ကယ်လေးအန္တရာယ်ကင်းပါစေ🙏” ဆိုပြီး လူမင်းရဲ့ဇနီး ခင်စံပယ်ဦးကို ပြောလာတာပဲ ဖြစ်ပါတယ်။

လင်းဇာနည်ဇော်က အစ်ကိုကြီးလူမင်း အတွက် စိတ်ပူလွန်းလို့ ပြောစရာစကားတွေ များပြီး ခေါင်းထဲကတောင် ပေါက်ထွက်တော့မယ်ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက္ပါတယ်နော်။

Source: Lin Zarni Zaw ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment