Celebrity


Written by Ms Cele





Credit:CELELUCKY

လူရွှင်တော်စံလင်းရဲ့ ထွက်ပြေးတိမ်းရှောင်နေတဲ့ လိမ်လည်မှုတစ်ခုကို ဖွင့်ချလိုက်တဲ့ လူရွှင်တော် ချစ်စု

ပရိသတ်ကြီးရေ ဒီကာလမှာ အားလုံးလိုလို အခက်အခဲတွေနဲ့ ရင်ဆိုင်ဖြတ်ကျော် နေကြရတာပါနော်။ အချင်းချင်း အခက်အခဲဖြစ်နေတာကို တစ်ဖက် တစ်လမ်းကနေ ကူညီပေးကြတဲ့ သူငယ်ချင်းကောင်း တွေလည်း ရှိကြပါတယ်နော်။ ဒီလိုရှိကြပေမယ့်လည်း နောက်ကျောကို ဓားနဲ့ထိုးတဲ့သူကတော့ ရှိကြစမြဲပါပဲနော်။

လူရွှင်တော် ပေါ်လေးရဲ့သား ချစ်စု ကတော့ သူ့ဆီက ချေးထားတဲ့ ပိုက်ဆံဆယ်သိန်းပြန်မပေးဘဲ ပတ်ရှောင်ပြေးနေတဲ့ လူရွှင်တော် စံလင်းရဲ့အကြောင်းတွေကို ဖွင့်ချလိုက်ပါပြီနော်။ ” လူတိုင်းအဆင်မပြေတာကို လက်ခံတယ်ငွေဆယ်သိန်းနီးပါး ချက်ခြင်းပြန်ပေးဖို့လည်းမပြောပါဘူး ဖုန်းလေးတော့ကိုင် အဆက်အသွယ်လေးလုပ်ပြီးအကျိုးသင့်အကြောင်းသင့်လေးပြောပေါ့….

ပွဲတွေလည်းထွက် အလှူတွေတောင် လုပ်နေသေးတာပဲဗျာ… ကိုယ်ချင်းစာ တရားလေးထားပြီး နည်းနည်းခြင်းဖဲ့ပေး တာတောင်ရတယ်… တကယ်အံဩတယ် ခင်ဗျားနားကခင်ဗျား တပည့်တွေကပါဝိုင်းလိမ်ပေးကြသေးတယ်… တရားကျဖို့အတော်ကောင်းသဗျာ….ယုံစားမိတဲ့ကျူပ်တို့အမှားပါပဲ ပြေးထား နေတိုင်းတင်ပေးမယ် အနုပညာသမားလို့ပြောရမှာတောင်အတော်ရှက်စရာကောင်းတယ်….” လို့ အကြောင်းစုံကိုအကုန်ပြောပြထားပါတယ်နော်။ဖတ်ရှုပေးတဲ့ပရိသတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်။

Credit:CELELUCKY

About the author

Ms Cele

Leave a Comment