Celebrity

လူရႊင္ေတာ္အေနနဲ႔ ျဖတ္သန္းခဲ့စဥ္က ၾကဳံေတြ႕ခဲ့ရတဲ့ အေတြ႕အၾကဳံေတြကို အရင္းခံၿပီး စာအုပ္ေလးတစ္အုပ္ ေရးသားခဲ့တဲ့ လူရႊင္ေတာ္ဦးခ်စ္စရာ

Written by Ms Cele

လူရႊင္ေတာ္အေနနဲ႔ ျဖတ္သန္းခဲ့စဥ္က ၾကဳံေတြ႕ခဲ့ရတဲ့ အေတြ႕အၾကဳံေတြကို အရင္းခံၿပီး စာအုပ္ေလးတစ္အုပ္ ေရးသားခဲ့တဲ့ လူရႊင္ေတာ္ဦးခ်စ္စရာ

ပရိသတ္ေတြကို ဘဝအေမာ ေတြေျဖေဖ်ာက္နိုင္ဖို႔ ဟာဒယရႊင္ ေဆးတိုက္ေကၽြးကာ ဘဝကိုျဖတ္သန္းခဲ့တဲ့ လူရႊင္ေတာ္ႀကီး ဦးခ်စ္စရာ (မႏၲေလး)ကေတာ့ သူ႔ရဲ့ဘဝ တစ္ေလၽွာက္ လူရႊင္ေတာ္ အေနနဲ႔ ျဖတ္သန္းခဲ့စဥ္က ၾကဳံေတြ႕ခဲ့ရတဲ့ အေတြ႕အၾကဳံေတြကို အရင္းခံၿပီး စာအုပ္ေလးတစ္အုပ္ကို ေရးသားထုတ္ေဝခဲ့ပါတယ္။ စာအုပ္ေလး ကိုေတာ့ E Book အေနနဲ႔ ထုတ္ေဝသြားမွာပါ။

ဦးခ်စ္စရာ (မႏၲေလး)ကေတာ့ သူမေသခင္ သူခ်စ္ခင္ေလးစား ရတဲ့ ပုဂၢိဳလ္ႀကီးမ်ား အပါအဝင္ သက္ႀကီးပုဂၢိဳလ္မ်ား အေထာက္အပံ့ျပဳနိုင္ရန္ ရည္ရြယ္ၿပီး “ကၽြန္ေတာ္သိမီေသာ လူရႊင္ေတာ္ႀကီးမ်ားႏွင့္ကၽြန္ေတာ္ႏွင့္ေခတ္ၿပိဳင္လူရႊင္ေတာ္မ်ား”လို႔ အမည္ေပးကာ စာအုပ္ေလးကို ေရးသားဖန္တီးခဲ့တာပဲျဖစ္ပါတယ္။ E Book စာအုပ္ Link ေလးကို အနည္းဆုံး(၁၀၀၀)က်ပ္ကေနစလို႔ ေစတနာရွိသေလာက္လႉဒါန္းကာ ဖတ္ရႈ႔နိုင္မွာပဲျဖစ္ပါတယ္။ ရရွိလာတဲ့ အက်ိဳးအျမတ္ေတြကိုလည္း လႉဒါန္းသြားမွာပါတဲ့။

ဦးခ်စ္စရာက စာအုပ္ေလးနဲ႔ ပတ္သက္ၿပီး အခုလို လႉဒါန္းသြားဖို႔ ထုတ္ေဝတဲ့ အေၾကာင္းကိုလည္း သူ႔ရဲ့ လူမႈကြန္ရက္ စာမ်က္ႏွာကေန “ကၽြန္ေတာ္မေသခင္ ကၽြန္ေတာ္ခ်စ္ခင္ေလးစားတဲ့ ပုဂၢိဳလ္ႀကီးမ်ားအပါအဝင္ သက္ႀကီးပုဂၢိဳလ္မ်ား အေထာက္အပံ့အတြက္ ကၽြန္ေတာ္သိမီေသာ လူရႊင္ေတာ္ႀကီးမ်ား စာအုပ္ကို E-book အျဖစ္တင္လိုက္ရပါတယ္ခင္ဗ်ာ။” လို႔အားေပးဖတ္ရႈ႔ျခင္းျဖင့္ ကုသိုလ္ယူေစခ်င္ေၾကာင္းလည္း ေဖာ္ျပထားခဲ့ပါေသးတယ္။

Source – Chit Sayar
Credit:Cele Zone

လူရွှင်တော်အနေနဲ့ ဖြတ်သန်းခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို အရင်းခံပြီး စာအုပ်လေးတစ်အုပ် ရေးသားခဲ့တဲ့ လူရွှင်တော်ဦးချစ်စရာ

ပရိသတ်တွေကို ဘဝအမော တွေဖြေဖျောက်နိုင်ဖို့ ဟာဒယရွှင် ဆေးတိုက်ကျွေးကာ ဘဝကိုဖြတ်သန်းခဲ့တဲ့ လူရွှင်တော်ကြီး ဦးချစ်စရာ (မန္တလေး)ကတော့ သူ့ရဲ့ဘဝ တစ်လျှောက် လူရွှင်တော် အနေနဲ့ ဖြတ်သန်းခဲ့စဉ်က ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေကို အရင်းခံပြီး စာအုပ်လေးတစ်အုပ်ကို ရေးသားထုတ်ဝေခဲ့ပါတယ်။ စာအုပ်လေး ကိုတော့ E Book အနေနဲ့ ထုတ်ဝေသွားမှာပါ။

ဦးချစ်စရာ (မန္တလေး)ကတော့ သူမသေခင် သူချစ်ခင်လေးစား ရတဲ့ ပုဂ္ဂိုလ်ကြီးများ အပါအဝင် သက်ကြီးပုဂ္ဂိုလ်များ အထောက်အပံ့ပြုနိုင်ရန် ရည်ရွယ်ပြီး “ကျွန်တော်သိမီသော လူရွှင်တော်ကြီးများနှင့်ကျွန်တော်နှင့်ခေတ်ပြိုင်လူရွှင်တော်များ”လို့ အမည်ပေးကာ စာအုပ်လေးကို ရေးသားဖန်တီးခဲ့တာပဲဖြစ်ပါတယ်။ E Book စာအုပ် Link လေးကို အနည်းဆုံး(၁၀၀၀)ကျပ်ကနေစလို့ စေတနာရှိသလောက်လှူဒါန်းကာ ဖတ်ရှု့နိုင်မှာပဲဖြစ်ပါတယ်။ ရရှိလာတဲ့ အကျိုးအမြတ်တွေကိုလည်း လှူဒါန်းသွားမှာပါတဲ့။

ဦးချစ်စရာက စာအုပ်လေးနဲ့ ပတ်သက်ပြီး အခုလို လှူဒါန်းသွားဖို့ ထုတ်ဝေတဲ့ အကြောင်းကိုလည်း သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ “ကျွန်တော်မသေခင် ကျွန်တော်ချစ်ခင်လေးစားတဲ့ ပုဂ္ဂိုလ်ကြီးများအပါအဝင် သက်ကြီးပုဂ္ဂိုလ်များ အထောက်အပံ့အတွက် ကျွန်တော်သိမီသော လူရွှင်တော်ကြီးများ စာအုပ်ကို E-book အဖြစ်တင်လိုက်ရပါတယ်ခင်ဗျာ။” လို့အားပေးဖတ်ရှု့ခြင်းဖြင့် ကုသိုလ်ယူစေချင်ကြောင်းလည်း ဖော်ပြထားခဲ့ပါသေးတယ်။

Source – Chit Sayar
Credit:Cele Zone

About the author

Ms Cele

Leave a Comment