Celebrity


Written by Ms Cele





#Crd

လူတွေ အကြောင်းကို ပိုသိလာပြီး ဘယ်အရာမဆို နားလည် ခွင့်လွှတ် ပေးတတ်လာတယ် ဆိုတဲ့ ထက်ထက်မိုးဦး

ထက်ထက်မိုးဦး ကတော့ အနုပညာ လောကရဲ့ ကြော်ညာဘုရင်မ တဦးအဖြစ် ပရိတ်သတ်က သာမက အနုပညာရှင် တွေကပါ သတ်မှတ်ခံထားရသူပါ။ သရုပ်ဆောင် လောကနဲ့ အချိန်ကြာမြင့်စွာ ဝေးကွာခဲ့ပေ မဲ့လည်း အနုပညာ လောကထဲကို ပြန်လည်ရောက်ရှိလာတဲ့ အခါမှာတော့ အားလုံးရဲ့ ချစ်ခင်အားပေးမှုကို အရင်လိုပဲ ရရှိခဲ့တဲ့သူ ဖြစ်ပါတယ်။

လောကဓံ အနိမ့်အမြင့် အတက်အကျ များကို ကြုံခဲ့ရပြီးနောက်မှာတော့ သူမရဲ့ လက်ရှိစိတ်နေ သဘောထားကို အခုလိုပဲ ပြောပြခဲ့ပါတယ်။ ” ငယ်ငယ်တုန်းက လမင်းကြီးကိုမော့ကြည့်ပြီး စကားပြောခဲ့ ဘူးတယ်။အိပ်ယာကနိုးရင် နေမင်းကြီးကိုကြည့်ပြီး တော့လဲ ဆုတောင်းခဲ့ဘူးတယ်။

တိမ်တွေကိုကြည့် ပြီးတော့ ရင်ထဲမှာခံစားနေရတာတွေကို မျက်ရည်တွေနဲ့စိတ်ကူးယဉ်ပြီး ရူးခဲ့ဘူးတယ်။အခုတော့လဲ လူတွေအကြောင်း ပိုသိလာပြီးအရာရာ နားလည်ပေး ခွင့်လွတ်ပေးတတ် လာတယ်။ ” ဆိုကာ လူတွေအကြောင်း ပိုသိလာတာနဲ့ အမျှ အရာရာကို ခွင့်လွှတ်ပေးနိုင်တဲ့ အကြောင်း မျှဝေခဲ့ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီး ကို အထူးပဲ ကျေးဇူးတင်ရှိ ပါတယ်ရှင်။

#Crd

About the author

Ms Cele

Leave a Comment