Celebrity

လူႀကီးေတြက ဘုရားတရားလုပ္ေနတာကိုၾကည့္ၿပီး သူပါစိတ္၀င္စားလာၿပီး တရားလိုက္ထိုင္ေနတဲ့ သက္မြန္ျမင့္ရဲ႕သမီးေလး

Written by Ms Cele

လူႀကီးေတြက ဘုရားတရားလုပ္ေနတာကိုၾကည့္ၿပီး သူပါစိတ္၀င္စားလာၿပီး တရားလိုက္ထိုင္ေနတဲ့ သက္မြန္ျမင့္ရဲ႕သမီးေလး

ကေလးေတြဟာ အတုျမင္ အတတ္သင္တတ္တာမို႔ ကေလးေတြေရွ႕မွာ မသင့္ေတာ္တဲ့ အျပဳအမူေတြ မလုပ္ဖို႔ အတြက္ လူႀကီးေတြက အေတာ္ေလးကို သတိထားရပါတယ္။ သက္မြန္ရဲ့ သမီးေလးကေတာ့ ေကာင္းမြန္တဲ့ ပတ္ဝန္းက်င္မွာႀကီးပ်င္းခဲ့လို႔ အက်င့္ေကာင္း ေလးေတြ ကိန္းေအာင္းေနၿပီ ဘုရားတရားကိုင္းရွိုင္းတဲ့ မိဘ ဘိုးဘြားေတြေၾကာင့္ တရားေတာ္ေတြရဲ့ အႏွစ္သာရကို အမ်ားႀကီး မသိေသးတာေတာင္ ႀကိဳးစားၿပီးတရားထိုင္ေနခဲ့ပါၿပီ။

သမီးေလးရဲ့ေကာင္းမြန္တဲ့ အမူအက်င့္ေတြကို ျမင္ေတာ့ ေမေမသက္မြန္က အရမ္းေက်နပ္တဲ့ အေၾကာင္းကို ” တံငါနားနီး တံငါ မုဆိုးနားနီးမုဆိုး ဆိုသလိုေပါ့ (၉) ရက္ တရားစခန္း (အိမ္ကေန zoom နဲ႔) ဝင္ေတာ့ သူလိုက္ထိုင္တာ သက္မြန္ကိုယ္တိုင္လည္း ေမေမက ဘုရားတရားအရမ္းလုပ္ေတာ့ ကိုယ္ပါ စိတ္ႏွစ္ၿပီးလုပ္ျဖစ္တယ္ ကေလးဘဝထဲက ေမေမ ပုတီးစိပ္ရင္ စိတ္ဝင္တစား ၾကည့္ၿပီး ေမေမသင္ေပးတာ လိုက္လုပ္တာ အႏုပညာ အလုပ္စလုပ္ ေတာ့လည္း ဘုရားမွတပါး အားကိုးရာမရွိခဲ့ေတာ့ ပိုလုပ္ျဖစ္တယ္ ”

” ခု အလုပ္မလုပ္ရေတာ့ အိမ္မွာေနရတဲ့ခ်ိန္ အိမ္ကေန တရားစခန္းဝင္လို႔ ရတယ္ဆိုေတာ့ ဝင္ျဖစ္တယ္ ဆရာေကသာဦးရဲ့ သဲအင္းဂူ ” ေသနည္းသင္ “ဆိုေတာ့ ပိုစိတ္ဝင္စားသြားတာ.. ေသမလိုျဖစ္တုန္းက စိတ္ေတြေယာက္ယက္ ခတ္ခဲ့တာကိုး ေဝဒနာနဲ႔ စိတ္ကို ဘယ္မွာ အာ႐ုံျပဳရမလဲဆိုတာ သိခ်င္ေန ခဲ့တာ ခုေတာ့သိၿပီ ကိုယ္ဆက္ၿပီး က်င့္ႀကံသြားဖို႔ပဲလိုေတာ့ တယ္ က်င့္သားမရရင္ ေယာက္ယက္က ခတ္ဦးမွာပဲ ” ဆိုၿပီး ေျပာျပလာ ခဲ့ပါတယ္။

Credit: Cele Zone
Source:Thet Mon Myint

လူကြီးတွေက ဘုရားတရားလုပ်နေတာကိုကြည့်ပြီး သူပါစိတ်ဝင်စားလာပြီး တရားလိုက်ထိုင်နေတဲ့ သက်မွန်မြင့်ရဲ့သမီးလေး

ကလေးတွေဟာ အတုမြင် အတတ်သင်တတ်တာမို့ ကလေးတွေရှေ့မှာ မသင့်တော်တဲ့ အပြုအမူတွေ မလုပ်ဖို့ အတွက် လူကြီးတွေက အတော်လေးကို သတိထားရပါတယ်။ သက်မွန်ရဲ့ သမီးလေးကတော့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာကြီးပျင်းခဲ့လို့ အကျင့်ကောင်း လေးတွေ ကိန်းအောင်းနေပြီ ဘုရားတရားကိုင်းရှိုင်းတဲ့ မိဘ ဘိုးဘွားတွေကြောင့် တရားတော်တွေရဲ့ အနှစ်သာရကို အများကြီး မသိသေးတာတောင် ကြိုးစားပြီးတရားထိုင်နေခဲ့ပါပြီ။

သမီးလေးရဲ့ကောင်းမွန်တဲ့ အမူအကျင့်တွေကို မြင်တော့ မေမေသက်မွန်က အရမ်းကျေနပ်တဲ့ အကြောင်းကို ” တံငါနားနီး တံငါ မုဆိုးနားနီးမုဆိုး ဆိုသလိုပေါ့ (၉) ရက် တရားစခန်း (အိမ်ကနေ zoom နဲ့) ဝင်တော့ သူလိုက်ထိုင်တာ သက်မွန်ကိုယ်တိုင်လည်း မေမေက ဘုရားတရားအရမ်းလုပ်တော့ ကိုယ်ပါ စိတ်နှစ်ပြီးလုပ်ဖြစ်တယ် ကလေးဘဝထဲက မေမေ ပုတီးစိပ်ရင် စိတ်ဝင်တစား ကြည့်ပြီး မေမေသင်ပေးတာ လိုက်လုပ်တာ အနုပညာ အလုပ်စလုပ် တော့လည်း ဘုရားမှတပါး အားကိုးရာမရှိခဲ့တော့ ပိုလုပ်ဖြစ်တယ် ”

” ခု အလုပ်မလုပ်ရတော့ အိမ်မှာနေရတဲ့ချိန် အိမ်ကနေ တရားစခန်းဝင်လို့ ရတယ်ဆိုတော့ ဝင်ဖြစ်တယ် ဆရာကေသာဦးရဲ့ သဲအင်းဂူ ” သေနည်းသင် “ဆိုတော့ ပိုစိတ်ဝင်စားသွားတာ.. သေမလိုဖြစ်တုန်းက စိတ်တွေယောက်ယက် ခတ်ခဲ့တာကိုး ဝေဒနာနဲ့ စိတ်ကို ဘယ်မှာ အာရုံပြုရမလဲဆိုတာ သိချင်နေ ခဲ့တာ ခုတော့သိပြီ ကိုယ်ဆက်ပြီး ကျင့်ကြံသွားဖို့ပဲလိုတော့ တယ် ကျင့်သားမရရင် ယောက်ယက်က ခတ်ဦးမှာပဲ ” ဆိုပြီး ပြောပြလာ ခဲ့ပါတယ်။

Credit: Cele Zone
Source:Thet Mon Myint

About the author

Ms Cele

Leave a Comment