Celebrity


Written by Ms Cele





Source : Maung Thi
Credit:Cele Gabar

လူရွှင်တော် (၄)ယောက်ရိုက်ကူး ခဲ့တဲ့ ဟာသ ဇာတ်ဝင်ခန်း ကိုကြည့်ပြီး မရယ်နိုင်ပဲ TVပိတ်ခဲ့ရတဲ့ အကြောင်းကို ဝမ်းနည်းစွာ ပြောပြလာတဲ့ ဒါရိုက်တာ မောင်သီ

ပရိတ်ကြီးရေ .. နှစ်ပေါင်းများစွာတိုင်အောင် သူတို့ချစ်တဲ့ အနုပညာတွေနဲ့ ပေးဆပ်ပြီး ပရိသတ်တွေကို ပျော်ရွှင်စေခဲ့တဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော်တွေဖြစ်တဲ့ အနုပညာကြယ်ပွင့်တော်တော် များများဟာ ဒီအစောပိုင်းနှစ်တွေမှာ တစ်ယောက်ပြီး တစ်ယောက် ကြွေလွင့်ခဲ့ရပါတယ် ။ ပရိသတ်တွေချစ်ရတဲ့ အနုပညာရှင်တွေဖြစ်လို့ ကြွေလွင့်သွားသည့် တိုင်အောင် ယနေ့တိုင် ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူနေဆဲပါ ။

လတ်တလော မှာတော့ ဒါရိုက်တာမောင်သီက ကြွေလွင့်သွားခဲ့တဲ့ အနုပညာရှင်တွေနဲ့ ပတ်သတ်ပြီး သူ့ရဲ့ခံစားချက်အချို့ကို အခုလို ပြောပြလာခဲ့ပါတယ် ။ ကွယ်လွန်သွားပြီဖြစ်တဲ့ ဟာသ သရုပ်ဆောင် လူရွှင်တော် (၄) ယောက် ရိုက်ကူး ခဲ့တဲ့ ဟာသ ဇာတ်ဝင်ခန်း ပုံရိပ်လေးနဲ့အတူ ဒီ ဇာတ်ဝင်ခန်း မှာ သူတို့(၄)ယောက် ရယ်စရာတွေ ပြောနေကြတယ် ကျွန်တော် မရယ်နိုင်လို့ TV ပိတ်လိုက်တယ် ဆိုတဲ့စာသားလေးကို သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာထက်မှာ ရေးသားဖော်ပြခဲ့ပါတယ် ။

ဒီအနုပညာရှင်တွေ ကွယ်လွန်သွား ခဲ့တာ ကတော့ ထင်ပေါ် ၁၂နှစ်ခွဲ ၊ ကုသိုလ် ၆နှစ်ခွဲ ၊ ကင်းကောင် ၂နှစ် ၊ ဧရာ ၁လ ခန့်ရှိခဲ့ပြီဖြစ်ပါတယ် ။ လူသေပေမယ့် နာမည်မသေတဲ့ အနုပညာရှင်တွေ ရဲ့ ဇာတ်ဝင်ခန်းလေး ကတော့ မရယ်နိုင်လောက်အောင် သူတို့တွေကို ပြန်လည်တမ်းတ စေခဲ့တယ်ထင်ပါတယ် ပရိသတ်ကြီးရေ ..။

Source : Maung Thi
Credit:Cele Gabar

About the author

Ms Cele

Leave a Comment