Celebrity


Written by Ms Cele





Credit:Cele Gabar

လုံးဝ မထင်မှတ်ထားတဲ့ လက်ဆောင် တစ်ခုကို ရလိုက်လို့ ဝမ်းသာပီတိ ဖြစ်နေတဲ့ ညီနန္ဒ

သရုပ်ဆောင် ညီနန္ဒ ကတော့ ဇနီးဖြစ်သူ မနန်းထိုက်အောင် နဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့က အိမ်ထောင် သက်တမ်း (၁၁) နှစ်ပြည့်ခဲ့တယ်လို့သိရပါတယ် ။ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့မှာ ရွှေလက်တွဲ ခဲ့တဲ့ ညီနန္ဒတို့ဇနီးမောင်နှံ ကဟာ ၂၀၂၀ နိုဝင်ဘာ (၁၁)ရက်နေ့မှာ အိမ်ထောင်သက် ၁၁ နှစ်ပြည့်ခဲ့ တာပဲဖြစ်ပါတယ် ။ မင်္ဂလာသက်တမ်း (၁၁) နှစ်ပြည့် အလှူလေး အနေနဲ့ သုဝဏ္ဏမှာရှိတဲ့ ဧရာဝတီ ကိုဗစ်စင်တာမှာ ထောပတ်ထမင်း ဒါနအလှူနဲ့ ကုသိုလ်ယူခဲ့ ပါသေးတယ်။

လတ်တလော မှာတော့ ညီနန္ဒက မင်္ဂလာ သက်တမ်း (၁၁)နှစ်ပြည့် အမှတ်တရ အဖြစ် ဘဝမှာ မျှော်လင့်မထားတဲ့ လက်ဆောင် တစ်ခု ရရှိခဲ့တယ်လို့ ဆိုပါတယ် ။ (Samsung 65″ Crystal UHD 2020)ကို ညီနန္ဒတို့မဂ်လာ သက်တမ်း(၁၁)နှစ်ပြည့်အတွက် နိုဝင်ဘာလ (၁၆)ရက်နေ့က အိမ်ကိုလာပို့ခဲ့ တာဖြစ်ပါတယ်တဲ့ ။ ဒါပေမယ့် လက်ဆောင်ရတယ် ဆိုတာကို လုံးဝမယုံဘဲ အိမ်မှားပြီးလာပို့တယ်လို့ပဲ ထင်ခဲ့တယ်လို့ ညီနန္ဒက ပရိသတ်တွေ ကိုပြောပြခဲ့ပါတယ်။

လက်ဆောင်ပေးတဲ့ အစ်ကိုနဲ့ အစ်မ ကို ဘယ်လိုကျေးဇူးတင်ရမှန်း မသိတော့ဘူး… အစ်ကို နဲ့ အစ်မ ရဲ့စေတနာကို အသိအမှတ်ပြုတဲ့ အနေနဲ့ ကျွန်တော်တို့ဒီ့ထက်ပိုပြီး ကြိုးစားအားထုတ် သွားပါ့မယ်လို့ ကတိပေးပါတယ် ခင်ဗျာ ဆိုတဲ့စာသားလေး နဲ့အတူ ညီနန္ဒက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာထက်ကနေ လည်း ကျေးဇူးတင် စကားဆိုခဲ့ပါတယ်။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment