Knowledge

လျပည့္ ည ေရာက္ တိုင္း ရြတ္ ဆို ရမည့္ ေငြျပည့္ ေငြလၽွံ ခ်မ္းသာ ေစမယ့္ ေငြဝင္ ဂါထာ

Written by Ms Cele

လျပည့္ ည ေရာက္ တိုင္း ရြတ္ ဆို ရမည့္ ေငြျပည့္ ေငြလၽွံ ခ်မ္းသာ ေစမယ့္ ေငြဝင္ ဂါထာ

ေငြဝင္ဂါထာဟု ေက်ာ္ၾကား ေသာ ဒိဝါတပတိ ဂါထာေတာ္ သဗၺမဂၤလာဂါထာပါဠိေတာ္

(၁) ဒိဝါ တပတိ အာဒိေစၥာ ၊ ရတၱိမာ ဘာတိ စႏၵိမာ။ သႏၷေဒၶါ ခတၱိေယာ တပတိ စ်ာယီ တပတိ ျဗဟၼေဏာ။ အထ သဗၺ မေဟာရတၱိ ံဗုေဒၶါ တပတိ ေတဇသာ။

(၂) တာဒိသံ ေတဇသမၸႏၷံ ၊ ဗုဒၶံ ဝႏၵာမိ အာဒရံ။ နမကၠာရာ ႏုဘာေဝန ၊ သေဗၺ ပူေရ ႏၲဳ သကၤပၸါ။

ဂါထာေတာ္ ျမန္မာျပန္ အနက္

(၁) ေနမင္းသည္ ေန႔အခါ၌ သာ ေတာက္ပ၏။ လမင္းသည္ ညဥ့္အခါ ၌သာ ေတာက္ပ၏။ ရွင္ဘုရင္သည္ မင္းေျမႇာက္တန္ဆာ ငါးပါး ဆင္ယင္ထားမွသာ ေတာက္ပ ၏ ။ရဟႏၲာသည္ စ်ာန္ ဝ င္စားေ နမွသာ ေတာက္ပ၏ ။ ျမတ္စြာဘုရားရွင္သည္ ကား ေန႔ေရာညပါ အခါခပ္သိမ္း တန္ခိုးေတာ္ အမ်ိဳးမ်ိဳးျဖင့္ အခ်ိန္ တိုင္း ေတာက္ပ၏ ။

(၂) ထိုသို႔ေနေရာ ညဥ့္ပါ ဘယ္ခါမလပ္ တန္ခိုးရွိန္ေစာ္ အာႏုေဘာ္ေတာ္တို႔ျဖင့္ထြန္းလင္းေတာက္ပေတာ္မူေသာဘုရားရွင္အား ဘုရားတပည့္ေတာ္သည္ ရိုေသျမတ္နိုးလက္စုံမိုး၍ ရွိခိုးက န္ေ တာ့ပါ၏ ျမတ္စြာဘုရား။ ဤသိုရွိခိုးပူေဇာ္ရေသာ အက်ိဳးအားေၾကာင့္ အလုံးစုံကုန္ေသာ ေလာကီစီးပြါး အေထြေထြစည္းစိမ္ ဥစၥာရတနာ အေထြတို႔ႏွင့္ လ်င္လ်င္ျမန္ျမန္ ျပည့္စုံနိုင္ရပါေစသား အရွ င္ျမတ္ဘုရား။

ရြတ္ဆိုလိုၿပီး ပါဠိအသံကို ပီျပင္ေအာင္ မရြတ္ဖတ္တတ္ေသာ သူမ်ားအတြက္ ရည္ရြယ္ပါသည္ ဖတ္တတ္သူမ်ားက ေက်ာ္သြားေပးပါ။

ျမန္မာအသံထြက္

(၁) ဒိဝါ တပတိ အာဒိတ္ေစာ ရတ္တိမာ ဘာတိ စန္ဒိမာ သန္နတ္ေဒါ ခတ္တိေယာ တပတိ စ်ာယီ တပတိ ျဗင္မေဏာ အထ သပ္ဗ မေဟာ ရတ္တိန္ဗုဒ္ေဓါ တပတိ ေတဇသာ။

(၂) တာဒိသံ ေတဇသံပန္နံ ဗုတ္ဓံ ဝန္ဒါမိ အာဒရံ နမက္ကာရာ ႏုဘာေဝန သပ္ေဗ ပူရင္တု သင္ကပ္ပါ။(ရေကာက္ အသံရြတ္လၽွင္ အဂၤလိပ္ အသံထြက္ R လို လၽွာလိပ္သံျဖင့္ ထြက္ပါ။ ယပ လ က္အသံ ယတ္ဟု မထြက္ပဲ ရတ္ ဟု ပီျပင္ေအာင္ ထြက္နိုင္ ရန္က ႀကိဳးစားပါ။ ယံ အသံ မထြက္ပဲ ရံ ဟု ပီးျပင္ေအာင္ ႀကိဳးစားပါေလ)

ဘုရားရွင္ ေဟာၾကားေတာ္မူျခင္း

ျမတ္စြာ ဘုရား သာဝတၳိျပည္ ပုပၸာ႐ုံ ေက်ာင္း မိဂါရမာတုျပႆ ဒ္၌ သီတင္းသုံးေတာ္မူစဥ္ အရွင္အာနႏၵာ၏ ေလၽွာက္ထားမူ ကို အေၾကာင္း ျပဳ၍ ဘုရားရွင္က ဤဂါထာကို ေဟာျကားေ တာ္ မူပါသည္။

အရွင္အာနႏၵာသည္ သီတင္းကၽြတ္ လျပည့္ေန႔ဆည္းဆာအခ်ိန္တြင္ အေနာက္ေဂါယာကၽြန္း ယြန္းမည့္ဆဲဆဲ ေနအေရာင္၏ တင့္တယ္မႈ အေရွ႕ေလာကဓာတ္မွ ထြက္ျပဴစ လမင္း၏ တင့္တ ယ္မႈ တို႔ကို ေတြ႕ျမင္ ႏွစ္သက္ ပီတိ ျဖစ္ေတာ္မူသည္။

ထိုသို႔ အာ႐ုံခံစားမူ ျဖစ္ေန စဥ္၌ စစ္အဂၤါေလးပါး ၿခံရံကာ မင္းေျမႇာက္တန္ဆာ ဝတ္ဆင္လာၿပီး ပန္းနံ့သာစြဲ ကိုင္လၽွက္ ဘုရားရွင္ထံ ေရွးရႈ႔လာေနေသာ ပေသနဒီေကာသလ မင္းႀကီး၏ တင့္ တယ္မႈကို ျမင္ရ၍လည္း ႏွစ္သက္ပီတိျဖစ္ရျပန္သည္။

ထို႔ျပင္ အရွင္အာနႏၵာသည္ ကာဠဳဒါယီ ရဟႏၲာမေထရ္ စ်ာန္ဝင္စား သျဖင့္ ကိုယ္ေတာ္မွ အေရာင္အဆင္းမ်ား ေတာက္ပထြန္း ေပၚေနသည္ကို ျမင္ရသျဖင့္ ႏွစ္သက္ပီတိ ျဖစ္ေတာ္ မူၿပ န္ေ လသည္။

ထို႔ေနာက္ ဘုရားရွင္၏ အေရာင္အဆင္း ထြန္းလင္းေတာက္ပျခင္းမွာ အထက္ပါေနမင္း’ လမင္း’ ရွင္ဘုရင္’ ရဟႏၲာ’တို႔ထက္ သာလြန္ လႊမ္းမိုး ထူးကဲေၾကာင္း ေတြ႕ရသျဖင့္ ဘုရားရွင္အား ေလၽွာ က္ထားရာ ဘုရားရွင္က ဒိဝါတပတိ အစခ်ီေသာ ဤဂါထာေတာ္ကို ေဟာၾကားေတာ္ မူေလသည္။

(၂) ဂါထာေတာ္မွာ ေႏွာင္းပညာရွိ သူေတာ္ေကာင္း သူျမတ္ေလာင္း တို႔မွ ရြတ္ဖတ္ပူေဇာ္သူ အမ်ိဳးေကာင္းသား အမ်ိဳးေကာင္းသမီး သူေတာ္ေကာင္းတို႔ အက်ိဳးေပး ထက္သန္ေစရန္ ရည္သ န္လၽွက္ ရွိခိုး ဆုေတာင္း ဂါထာကို ထည့္သြင္းလၽွက္ ရြတ္ဖတ္ပူေဇာ္ေစရာ မွ ဒုတိယ (၂) ဂါထာဟာ ပါဝင္လာျခင္း ျဖစ္ေပသည္

Credit : Danma (ဓမၼပဒ)

လပြည့် ည ရောက် တိုင်း ရွတ် ဆို ရမည့် ငွေပြည့် ငွေလျှံ ချမ်းသာ စေမယ့် ငွေဝင် ဂါထာ

ငွေဝင်ဂါထာဟု ကျော်ကြား သော ဒိဝါတပတိ ဂါထာတော် သဗ္ဗမင်္ဂလာဂါထာပါဠိတော်

(၁) ဒိဝါ တပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိမာ။ သန္နဒ္ဓေါ ခတ္တိယော တပတိ စျာယီ တပတိ ဗြဟ္မဏော။ အထ သဗ္ဗ မဟောရတ္တိ ံဗုဒ္ဓေါ တပတိ တေဇသာ။

(၂) တာဒိသံ တေဇသမ္ပန္နံ ၊ ဗုဒ္ဓံ ဝန္ဒာမိ အာဒရံ။ နမက္ကာရာ နုဘာဝေန ၊ သဗ္ဗေ ပူရေ န္တု သင်္ကပ္ပါ။

ဂါထာတော် မြန်မာပြန် အနက်

(၁) နေမင်းသည် နေ့အခါ၌ သာ တောက်ပ၏။ လမင်းသည် ညဥ့်အခါ ၌သာ တောက်ပ၏။ ရှင်ဘုရင်သည် မင်းမြှောက်တန်ဆာ ငါးပါး ဆင်ယင်ထားမှသာ တောက်ပ ၏ ။ရဟန္တာသည် စျာန် ဝ င်စားေ နမှသာ တောက်ပ၏ ။ မြတ်စွာဘုရားရှင်သည် ကား နေ့ရောညပါ အခါခပ်သိမ်း တန်ခိုးတော် အမျိုးမျိုးဖြင့် အချိန် တိုင်း တောက်ပ၏ ။

(၂) ထိုသို့နေရော ညဥ့်ပါ ဘယ်ခါမလပ် တန်ခိုးရှိန်စော် အာနုဘော်တော်တို့ဖြင့်ထွန်းလင်းတောက်ပတော်မူသောဘုရားရှင်အား ဘုရားတပည့်တော်သည် ရိုသေမြတ်နိုးလက်စုံမိုး၍ ရှိခိုးက န်ေ တာ့ပါ၏ မြတ်စွာဘုရား။ ဤသိုရှိခိုးပူဇော်ရသော အကျိုးအားကြောင့် အလုံးစုံကုန်သော လောကီစီးပွါး အထွေထွေစည်းစိမ် ဥစ္စာရတနာ အထွေတို့နှင့် လျင်လျင်မြန်မြန် ပြည့်စုံနိုင်ရပါစေသား အရှ င်မြတ်ဘုရား။

ရွတ်ဆိုလိုပြီး ပါဠိအသံကို ပီပြင်အောင် မရွတ်ဖတ်တတ်သော သူများအတွက် ရည်ရွယ်ပါသည် ဖတ်တတ်သူများက ကျော်သွားပေးပါ။

မြန်မာအသံထွက်

(၁) ဒိဝါ တပတိ အာဒိတ်စော ရတ်တိမာ ဘာတိ စန်ဒိမာ သန်နတ်ဒေါ ခတ်တိယော တပတိ စျာယီ တပတိ ဗြင်မဏော အထ သပ်ဗ မဟော ရတ်တိန်ဗုဒ်ဓေါ တပတိ တေဇသာ။

(၂) တာဒိသံ တေဇသံပန်နံ ဗုတ်ဓံ ဝန်ဒါမိ အာဒရံ နမက်ကာရာ နုဘာဝေန သပ်ဗေ ပူရင်တု သင်ကပ်ပါ။(ရကောက် အသံရွတ်လျှင် အင်္ဂလိပ် အသံထွက် R လို လျှာလိပ်သံဖြင့် ထွက်ပါ။ ယပ လ က်အသံ ယတ်ဟု မထွက်ပဲ ရတ် ဟု ပီပြင်အောင် ထွက်နိုင် ရန်က ကြိုးစားပါ။ ယံ အသံ မထွက်ပဲ ရံ ဟု ပီးပြင်အောင် ကြိုးစားပါလေ)

ဘုရားရှင် ဟောကြားတော်မူခြင်း

မြတ်စွာ ဘုရား သာဝတ္ထိပြည် ပုပ္ပာရုံ ကျောင်း မိဂါရမာတုပြဿ ဒ်၌ သီတင်းသုံးတော်မူစဉ် အရှင်အာနန္ဒာ၏ လျှောက်ထားမူ ကို အကြောင်း ပြု၍ ဘုရားရှင်က ဤဂါထာကို ဟောကြားေ တာ် မူပါသည်။

အရှင်အာနန္ဒာသည် သီတင်းကျွတ် လပြည့်နေ့ဆည်းဆာအချိန်တွင် အနောက်ဂေါယာကျွန်း ယွန်းမည့်ဆဲဆဲ နေအရောင်၏ တင့်တယ်မှု အရှေ့လောကဓာတ်မှ ထွက်ပြူစ လမင်း၏ တင့်တ ယ်မှု တို့ကို တွေ့မြင် နှစ်သက် ပီတိ ဖြစ်တော်မူသည်။

ထိုသို့ အာရုံခံစားမူ ဖြစ်နေ စဉ်၌ စစ်အင်္ဂါလေးပါး ခြံရံကာ မင်းမြှောက်တန်ဆာ ဝတ်ဆင်လာပြီး ပန်းနံ့သာစွဲ ကိုင်လျှက် ဘုရားရှင်ထံ ရှေးရှု့လာနေသော ပသေနဒီကောသလ မင်းကြီး၏ တင့် တယ်မှုကို မြင်ရ၍လည်း နှစ်သက်ပီတိဖြစ်ရပြန်သည်။

ထို့ပြင် အရှင်အာနန္ဒာသည် ကာဠုဒါယီ ရဟန္တာမထေရ် စျာန်ဝင်စား သဖြင့် ကိုယ်တော်မှ အရောင်အဆင်းများ တောက်ပထွန်း ပေါ်နေသည်ကို မြင်ရသဖြင့် နှစ်သက်ပီတိ ဖြစ်တော် မူပြ န်ေ လသည်။

ထို့နောက် ဘုရားရှင်၏ အရောင်အဆင်း ထွန်းလင်းတောက်ပခြင်းမှာ အထက်ပါနေမင်း’ လမင်း’ ရှင်ဘုရင်’ ရဟန္တာ’တို့ထက် သာလွန် လွှမ်းမိုး ထူးကဲကြောင်း တွေ့ရသဖြင့် ဘုရားရှင်အား လျှော က်ထားရာ ဘုရားရှင်က ဒိဝါတပတိ အစချီသော ဤဂါထာတော်ကို ဟောကြားတော် မူလေသည်။

(၂) ဂါထာတော်မှာ နှောင်းပညာရှိ သူတော်ကောင်း သူမြတ်လောင်း တို့မှ ရွတ်ဖတ်ပူဇော်သူ အမျိုးကောင်းသား အမျိုးကောင်းသမီး သူတော်ကောင်းတို့ အကျိုးပေး ထက်သန်စေရန် ရည်သ န်လျှက် ရှိခိုး ဆုတောင်း ဂါထာကို ထည့်သွင်းလျှက် ရွတ်ဖတ်ပူဇော်စေရာ မှ ဒုတိယ (၂) ဂါထာဟာ ပါဝင်လာခြင်း ဖြစ်ပေသည်

Credit : Danma (ဓမ္မပဒ)

About the author

Ms Cele

Leave a Comment