Celebrity

လျပည့္ေန႔က ဘုရားသြား ေကာင္းမႈ ကုသိုလ္ ျပဳလုပ္ၿပီး ျပန္လာရာမွ မ်က္နွာတစ္ျခမ္း ေလျဖန္းသြား ခဲ့တယ္ဆိုတဲ့ လူရႊင္ေတာ္ ျငိမ္းခ်မ္း

Written by Ms Cele

လျပည့္ေန႔က ဘုရားသြား ေကာင္းမႈ ကုသိုလ္ ျပဳလုပ္ၿပီး ျပန္လာရာမွ မ်က္နွာတစ္ျခမ္း ေလျဖန္းသြား ခဲ့တယ္ဆိုတဲ့ လူရႊင္ေတာ္ ျငိမ္းခ်မ္း

တစ္ခ်ိန္က ပရိသတ္ ေတြကို ရယ္စရာ ဟာဒယရႊင္ေဆး တိုက္ေကြ်းခဲ့ၾကတဲ့ လူရႊင္ေတာ္ ျငိမ္းခ်မ္း၊ ရွဲဒိုး၊ ဝုိင္းခ်စ္၊ ေကာင္းေက်ာ္နဲ့ ထက္ထက္ တို့ ပါဝင္တဲ့ ေရႊညီကို အဖြဲ့ကို ပရိသတ္ၾကီး မွတ္မိၾက မယ္ ထင္ပါတယ္။ ရွဲဒိုး ကေတာ့ ကြယ္လြန္သြားခဲ့ျပီဆုိေပမယ့္ ျငိမ္းခ်မ္း၊ ဝိုင္းခ်စ္၊ ေကာင္းေက်ာ္နဲ့ထက္ထက္တို့ ကေတာ့ ဒီေန့ဒီအခ်ိန္ထိ အနုပညာေလာကမွာ က်င္လည္ ေနၾကဆဲ ျဖစ္ပါတယ္။ အရင္လို အျငိမ့္ေတြ မကျဖစ္တဲ့အခ်ိန္မွာလည္း လူရႊင္ေတာ္ၾကီးေတြက ရုပ္ရွင္နဲ့ ဗီဒီယိုဇာတ္ကား ေတြမွာ ဟာသသရုပ္ေဆာင္ေတြ အျဖစ္ သရုပ္ေဆာင္ရင္း ပရိသတ္ေတြကို တတ္စြမ္းသေလာက္ ေဖ်ာ္ေျဖေနဆဲ ျဖစ္ပါတယ္။

ဒီကေန့မွာေတာ့ လူရႊင္ေတာ္ၾကီး ျငိမ္းခ်မ္းက မထင္မွတ္ပဲ မ်က္နွာေလ တစ္ျခမ္းျဖတ္သြားခဲ့ရတဲ့ အေၾကာင္းကို စိတ္မေကာင္းစြာနဲ့ ေျပာလာပါတယ္။ ျငိမ္းခ်မ္းက “လျပည္႔ေန႔က ေရႊတိဂံုဘုရားသြား ေကာင္းမႈကိုသိုလ္လုပ္ျပီးျပန္လာမွ မထင္မွတ္ဘဲ မ်က္ႏွာတျခမ္းေလျဖန္းသြားတယ္။ ညာဘက္မ်က္လုံးနဲ႔ပါးတျခမ္းထိသြားတယ္” ဆိုျပီး သူ့ရဲ ့စိတ္မေကာင္းစရာ သတင္းအေၾကာင္းကို ေျပာျပလာပါတယ္။

ဦးျငိမ္းခ်မ္းကေတာ့ ကုသိုလ္သြား လုပ္ရာမွ စိတ္မေကာင္းစြာနဲ့ မ်က္နွာ တစ္ျခမ္း ေလျဖတ္သြားခဲ့ရတာပဲ ျဖစ္ပါတယ္။ ဦးျငိမ္းခ်မ္းၾကီး တစ္ေယာက္ အျမန္ဆံုးေနေကာင္း က်န္းမာလာေစဖို့ ပရိသတ္ၾကီးက ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

လပြည့်နေ့က ဘုရားသွား ကောင်းမှု ကုသိုလ် ပြုလုပ်ပြီး ပြန်လာရာမှ မျက်နှာတစ်ခြမ်း လေဖြန်းသွား ခဲ့တယ်ဆိုတဲ့ လူရွှင်တော် ငြိမ်းချမ်း

တစ်ချိန်က ပရိသတ် တွေကို ရယ်စရာ ဟာဒယရွှင်ဆေး တိုက်ကျွေးခဲ့ကြတဲ့ လူရွှင်တော် ငြိမ်းချမ်း၊ ရှဲဒိုး၊ ဝိုင်းချစ်၊ ကောင်းကျော်နဲ့ ထက်ထက် တို့ ပါဝင်တဲ့ ရွှေညီကို အဖွဲ့ကို ပရိသတ်ကြီး မှတ်မိကြ မယ် ထင်ပါတယ်။ ရှဲဒိုး ကတော့ ကွယ်လွန်သွားခဲ့ပြီဆိုပေမယ့် ငြိမ်းချမ်း၊ ဝိုင်းချစ်၊ ကောင်းကျော်နဲ့ထက်ထက်တို့ ကတော့ ဒီနေ့ဒီအချိန်ထိ အနုပညာလောကမှာ ကျင်လည် နေကြဆဲ ဖြစ်ပါတယ်။ အရင်လို အငြိမ့်တွေ မကဖြစ်တဲ့အချိန်မှာလည်း လူရွှင်တော်ကြီးတွေက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကား တွေမှာ ဟာသသရုပ်ဆောင်တွေ အဖြစ် သရုပ်ဆောင်ရင်း ပရိသတ်တွေကို တတ်စွမ်းသလောက် ဖျော်ဖြေနေဆဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ လူရွှင်တော်ကြီး ငြိမ်းချမ်းက မထင်မှတ်ပဲ မျက်နှာလေ တစ်ခြမ်းဖြတ်သွားခဲ့ရတဲ့ အကြောင်းကို စိတ်မကောင်းစွာနဲ့ ပြောလာပါတယ်။ ငြိမ်းချမ်းက “လပြည့်နေ့က ရွှေတိဂုံဘုရားသွား ကောင်းမှုကိုသိုလ်လုပ်ပြီးပြန်လာမှ မထင်မှတ်ဘဲ မျက်နှာတခြမ်းလေဖြန်းသွားတယ်။ ညာဘက်မျက်လုံးနဲ့ပါးတခြမ်းထိသွားတယ်” ဆိုပြီး သူ့ရဲ ့စိတ်မကောင်းစရာ သတင်းအကြောင်းကို ပြောပြလာပါတယ်။

ဦးငြိမ်းချမ်းကတော့ ကုသိုလ်သွား လုပ်ရာမှ စိတ်မကောင်းစွာနဲ့ မျက်နှာ တစ်ခြမ်း လေဖြတ်သွားခဲ့ရတာပဲ ဖြစ်ပါတယ်။ ဦးငြိမ်းချမ်းကြီး တစ်ယောက် အမြန်ဆုံးနေကောင်း ကျန်းမာလာစေဖို့ ပရိသတ်ကြီးက ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment