Celebrity


Written by Ms Cele





Credit:Cele Gabar

လပြည့်နေ့မှာ Delivery တွေကို အစား အသောက်တွေ လှူဒါန်းပေးခဲ့တဲ့ Sinon

ဖိလစ်ပိုင်နိုင်ငံက မော်ဒယ်လ် တစ်ယောက် ဖြစ်တဲ့ ပရိသတ်တွေရဲ့အချစ်တော် Sinon ကတော့ ပရဟိတ စိတ်အပြည့်ရှိတဲ့ အနုပညာရှင် တစ်ယောက်ပါ ။ မကြာခဏ ဆိုသလို အလှူအတန်းတွေပြုလုပ်တတ်ပြီး ကြင်နာမှုအပြည့်ရှိတဲ့ Sinon ကို ပရိသတ်တွေ ကလည်း လေးစားချစ်ခင်ကြပါတယ် ။

သီတင်းကျွတ်လပြည့်နေ ့ကလည်း မွန်မြတ်တဲ့ အလှူလေး တစ်ခုကို ပြုလုပ်ခဲ့ပါသေးတယ် ။ လပြည့်နေ့ မှာ ကျေးဇူးတင်လက်ဆောင် အနေနဲ့ အခုလိုLockdown ကာလမှာ နေပူမရှောင် မိုးရွာမရှောင် ကျွန်တော်တို့အိမ်ကို အရသာရှိတဲ့ အစားအသောက် တွေကို ပင်ပန်းခံပီးလိုက်ပို့နေတဲ့သူတို့ကို လေးစားသောအားဖြင့် ကျွန်တော် ကိုယ်တိုင် အရသာရှိလှတဲ့ နေ့လည်စာ တွေကိုသူတို့ကိုပေး ခဲ့ပါတယ် ‌ဆိုတဲ့စာသားလေးနဲ့ အတူ Delivery လေးတွေကို အရသာရှိတဲ့ နေ့လည်စာ တွေကိုလှူဒါန်း ကုသိုလ်ယူခဲ့တာပါ ။

နေ့လည်စာတွေလိုက်လံ လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် Sinon က ပရိသတ် တွေကို မျှဝေပေးခဲ့ပြီး ပရိသတ်တွေ Sinon ရဲ့ အလှူလေး အတွက် သာဓုတွေခေါ်ဆိုခဲ့ကြပါတယ် ။ ဒါအပြင် အခုလို လှူဒါန်းပေးတဲ့ Sinon တစ်ယောက် စိတ်ချမ်းသာ ကိုယ်ကျန်းမာ ရှိပါစေလို့ ပရိသတ်တွေက ဆုမွန်ကောင်း တွေ တောင်းပေးခဲ့ကြပါတယ် ။

Credit:Cele Gabar

About the author

Ms Cele

Leave a Comment