Celebrity
လွင်မိုးကို အထင်ကရ ပုဂ္ဂိုလ် တစ်ယောက်နဲ့ တူတယ် ဆိုပြီး စနောက် ခဲ့တဲ့ စိုးမြတ်သူဇာ
Written by Ms Cele
လွင်မိုးကို အထင်ကရ ပုဂ္ဂိုလ် တစ်ယောက်နဲ့ တူတယ် ဆိုပြီး စနောက် ခဲ့တဲ့ စိုးမြတ်သူဇာ
လွွင်မိုးကို အထင်ကရ ပုဂ္ဂိုလ် တစ်ယောက်နဲ့ တူတယ် ဆိုပြီး စနောက် ခဲ့တဲ့ စိုးမြတ်သူဇာ
နိုင်ငံကျော် သရုပ်ဆောင်များ ဖြစ်ကြတဲ့ စိုးမြတ်သူဇာနဲ့ လွင်မိုးတို့ ကတော့ အကယ်ဒမီ ဆုတွေများစွာကို လက်ဝယ် ပိုင်ဆိုင်ထားကြပြီး အောင်မြင်မှုတွေ အသီးသီး ရရှိပိုင်ဆိုင် ထားကြသူများ ဖြစ်ကြပါတယ်။ စိုးမြတ်သူဇာနဲ့ လွင်မိုး ကတော့ သက်တူရွယ်တူတွေပီပီ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားတွေကို အတူတူ ရိုက်ကူးရင်း သူငယ်ချင်းလို မောင်နှမလို ခင်မင်ကြဆဲ ဖြစ်ပါတယ်။ နောက်ပိုင်း မှာတော့ လွင်မိုးက ရုပ်ရှင်ဇာတ်ကားတွေ သိပ်မရိုက်ကူးဖြစ်တော့ ပေမယ့် အနုပညာညီအစ်ကိုမောင်နှမတွေ နဲ့တော့့ အမြဲတမ်း အဆက်အသွယ် မပြတ်ရှိနေဆဲ ဖြစ်ပါတယ်။
စိုးမြတ်သူဇာ ကတော့ ပျော်ပျော်နေတတ်သူ တစ်ယောက်ပီပီ သူမနဲ့ ခင်မင်ရင်းနှီးတဲ့သူတွေကို စနောက် ကျီစယ်တတ်တာ ပရိသတ်ကြီး သိပြီးသား ဖြစ်မှာပါ။ ဒီတစ်ခေါက် မှာလည်း စိုးမြတ်သူဇာက ဆံပင်တွေရှည်ပြီး နှုတ်ခမ်းမွှေး တွေမရိတ်ပဲ ညှင်းသိုးသိုးဖြစ်နေတဲ့ သူငယ်ချင်းလွင်မိုးကို “ဦးတေဇနဲ့တူတယ်” ဆိုပြီး မှတ်ချက်ချ စနောက်ခဲ့တာကို တွေ့ရပါတယ်။
စိုးမြတ်သူဇာကတော့ ဆံပင်ရှည်နေတဲ့ သူငယ်ချင်း လွင်မိုးကို နာမည်ကြီးပုဂ္ဂိုလ် တစ်ယောက်နဲ့တူတယ်ဆိုပြီး စနောက်ခဲ့ တာကြောင့် ပရိသတ်တွေ ခမျာ ရယ်ချင်သွား ခဲ့ရတာ ဖြစ်ပါတယ်။ ပရိသတ်ကြီး ကလည်း လွင်မိုးတစ်ယောက် စိုးမြတ်သူဇာ ပြောတဲ့ ပုဂ္ဂိုလ်နဲ့ တကယ်ပဲ တူရဲ့လား မှတ်ချက်လေးတွေ ပေးခဲ့ကြ ပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာ ပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Credit:Cele Connections
About the author
Ms Cele
Leave a Comment