Celebrity

လြတ္လပ္ေရးေန့မွာ ဗိုလ္တေထာင္ ေစတီေတာ္ၾကီး ဘက္စံု မြမ္းမံ ျပဳျပင္ေရး အတြက္ ေငြ (၁၂၅) သိန္း လွဴဒါန္း ခဲ့တဲ့ ခန့္စည္သူ

Written by Ms Cele

လြတ္လပ္ေရးေန့မွာ ဗိုလ္တေထာင္ ေစတီေတာ္ၾကီး ဘက္စံု မြမ္းမံ ျပဳျပင္ေရး အတြက္ ေငြ (၁၂၅) သိန္း လွဴဒါန္း ခဲ့တဲ့ ခန့္စည္သူ

အကယ္ဒမီ မင္းသားေခ်ာ ခန့္စည္သူကေတာ့ ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံေတာ္ အစိုးရရဲ႕ ဂုဏ္ျပဳခ်ီးျမႇင့္ဘြဲ႕ရထားတဲ့ သီဟသုဓမၼမဏိေဇာတဓရဘြဲ့တံဆိပ္နဲ့ သီရိသုဓမၼမဏိေဇာတဓရ ဘြဲ့တံဆိပ္ကို လက္ဝယ္ပိုင္ဆိုင္ထားသူ တစ္ေယာက္ ျဖစ္ပါတယ္။ အလွဴအတန္းမွာ တြန့္တိုျခင္း အလ်င္းမရိွပဲ လက္နဲ့မကြာ အျမဲတမ္းလွဴဒါန္းတတ္တဲ့ ခန့္စည္သူက သမာအာဇီဝ က်က် ရွာေဖြထားတဲ့ ေငြေၾကးေတြကို ေက်းဇူးရွင္ မိဘနွစ္ပါး အတြက္နဲ့ ကုသိုလ္ေကာင္းမႈေတြကို ျပဳလုပ္ဖို့သာ ခြဲေဝလွဴဒါန္းတတ္သူတစ္ေယာက္ ျဖစ္ပါတယ္။

အလွဴေရစက္၊ လက္နဲ့မကြာ လွဴဒါန္း တတ္တဲ့ ခန့္စည္သူက မေန့က ဇန္နဝါရီလ (၄) ရက္ေန့၊ လြတ္လပ္ေရး ေန့မွာလည္း အလွဴၾကီးတစ္ခုကို ျပဳလုပ္ခဲ့ပါတယ္။ ခန့္စည္သူက ဗိုလ္တေထာင္ က်ိဳက္ေဒးအပ္ဆံေတာ္ဦးေစတီေတာ္ျမတ္ႀကီး ဘက္စုံ မြမ္းမံ ျပဳျပင္ေရးအတြက္ အလႉေတာ္ေငြ (၁၂၅) သိန္းကို လႉဒါန္းခဲ့ေၾကာင္း ပရိသတ္ေတြ သာဓုအနုေမာဓာနာေခၚဆိုနိုင္ဖို့ သူ့ရဲ့ ေဖ့စ္ဘုတ္ စာမ်က္နွာမွာ မွ်ေဝေပးလာပါတယ္။

ခန့္စည္သူ ကေတာ့ ျပီးခဲ့တဲ့ (၂၀၂၀) ခုနွစ္ နိုဝင္ဘာလ အတြင္းကပဲ ဗိုလ္တေထာင္ ေစတီေတာ္အတြင္း သာသနာေတာ္ ထြန္းကားျပန႔္ပြားေစဖို႔ အလႉေငြ သိန္း (၂၀) လွဴဒါန္းခဲ့ျပီး အခုတစ္ေခါက္ မွာလည္း ဘက္စံု မြမ္းမံျပဳျပင္ေရး အတြက္ အလွဴေငြ သိန္း (၁၂၅) သိန္းကို ထပ္မံလွဴဒါန္းခဲ့တာ ျဖစ္ပါတယ္။ ပရိသတ္ၾကီးလည္း ခန့္စည္သူရဲ့ အလွဴ အတြက္ ဝမ္းေျမာက္ေၾကာင္း သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပး ၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source: Kyaw Soe Win’s fb
Credit:Cele Connections

လွတ်လပ်ရေးနေ့မှာ ဗိုလ်တထောင် စေတီတော်ကြီး ဘက်စုံ မွမ်းမံ ပြုပြင်ရေး အတွက် ငွေ (၁၂၅) သိန်း လှူဒါန်း ခဲ့တဲ့ ခန့်စည်သူ

အကယ်ဒမီ မင်းသားချော ခန့်စည်သူကတော့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရရဲ့ ဂုဏ်ပြုချီးမြှင့်ဘွဲ့ရထားတဲ့ သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်နဲ့ သီရိသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်ကို လက်ဝယ်ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်ပါတယ်။ အလှူအတန်းမှာ တွန့်တိုခြင်း အလျင်းမရှိပဲ လက်နဲ့မကွာ အမြဲတမ်းလှူဒါန်းတတ်တဲ့ ခန့်စည်သူက သမာအာဇီဝ ကျကျ ရှာဖွေထားတဲ့ ငွေကြေးတွေကို ကျေးဇူးရှင် မိဘနှစ်ပါး အတွက်နဲ့ ကုသိုလ်ကောင်းမှုတွေကို ပြုလုပ်ဖို့သာ ခွဲဝေလှူဒါန်းတတ်သူတစ်ယောက် ဖြစ်ပါတယ်။

အလှူရေစက်၊ လက်နဲ့မကွာ လှူဒါန်း တတ်တဲ့ ခန့်စည်သူက မနေ့က ဇန်နဝါရီလ (၄) ရက်နေ့၊ လွတ်လပ်ရေး နေ့မှာလည်း အလှူကြီးတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ ခန့်စည်သူက ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်မြတ်ကြီး ဘက်စုံ မွမ်းမံ ပြုပြင်ရေးအတွက် အလှူတော်ငွေ (၁၂၅) သိန်းကို လှူဒါန်းခဲ့ကြောင်း ပရိသတ်တွေ သာဓုအနုမောဓာနာခေါ်ဆိုနိုင်ဖို့ သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ မျှဝေပေးလာပါတယ်။

ခန့်စည်သူ ကတော့ ပြီးခဲ့တဲ့ (၂၀၂၀) ခုနှစ် နိုဝင်ဘာလ အတွင်းကပဲ ဗိုလ်တထောင် စေတီတော်အတွင်း သာသနာတော် ထွန်းကားပြန့်ပွားစေဖို့ အလှူငွေ သိန်း (၂၀) လှူဒါန်းခဲ့ပြီး အခုတစ်ခေါက် မှာလည်း ဘက်စုံ မွမ်းမံပြုပြင်ရေး အတွက် အလှူငွေ သိန်း (၁၂၅) သိန်းကို ထပ်မံလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခန့်စည်သူရဲ့ အလှူ အတွက် ဝမ်းမြောက်ကြောင်း သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေး ကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: Kyaw Soe Win’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment