Celebrity


Written by Ms Cele






လွတ်လပ်ရေးနေ့မှာ ငါးလွှတ်ကုသိုလ်ယူရင်း လွတ်လပ်ခြင်းရဲ့ ပျော်ရွှင်ကြည်နူးမှုကို ခံစားနေတဲ့ နေခြည်ဦး

ထူးခြားတဲ့ အနုပညာ အရည်အချင်းကြောင့် အနုပညာလောကမှာ တစ်ရှိန်ထိုး နာမည်ရလာပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အားပေးသူ ပရိသတ်အခိုင်အမာ ရရှိလာသူလေးကတော့ Beauty Blogger မင်းသမီးချောလေး နေခြည်ဦးပဲ ဖြစ်ပါတယ်။ နေခြည်ဦး ကတော့ အခုဆိုရင် အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်အဖြစ် ထိပ်ဆုံးကနေ ရည်တည်နေပြီး သွက်လက် ချက်ချာပြီး ထက်ထက်မြက်မြက်ရှိတဲ့ ပုံစံလေးကြောင့် အနုပညာ အသိုင်းအဝိုင်း တစ်ခုလုံးကလည်း ချစ်ခင်ခြင်းခံရတာပဲ ဖြစ်ပါတယ်။ နေခြည်ဦး ကတော့ ဒီကနေ့ (၇၃) နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့မှာ ငါးလွှတ်ကုသိုလ်ယူရင်းနဲ့ လွတ်လပ်ခြင်းရဲ့ ပျော်ရွှင်ကြည်နူးမှုကို ခံစားနေကြောင်း ပြောလာပါတယ်။

“Happy 73rd Myanmar Independence Day 🇲🇲 နေခြည်တို့နိုင်ငံကြီး လွတ်လပ်သော အမိမြေ ဖြစ်တာ ၇၃ နှစ်တောင် ရှိခဲ့ပြီ။ နေခြည်တို့ကော လွတ်လပ်သော လူသားတွေ ဖြစ်နေကြရဲ့လား? လွတ်လပ်စွာ တွေးခေါ်ပြီး ကိုယ့်ကိုယ် ကို အပြည့်အဝ ပိုင်ဆိုင်နိုင်ပြီလား? နေခြည်ကတော့ I’m a free spirit and soul and I own my body. ဒါကြောင့် လွတ်လပ်ခြင်းကို celebrate လုပ်တဲ့ ဒီနေ့ကို နေခြည် အရမ်းပျော်တယ်။ နေခြည်တို့ နိုင်ငံကြီးလည်း ၂၀၂၁ မှာ အစစ အရာရာ အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းရင်း.. ချစ်တဲ့​နေခြည်” ဆိုပြီး နှစ်သစ်ဆုတောင်း စကားလေး ပြောလာပါတယ်။

နေခြည်ဦး ကတော့ လွတ်လပ် ရေးနေ့မှာ ငါးလွှတ်ကုသိုလ်ယူ ခဲ့သလို အလုပ်တွေနားတဲ့ တစ်နေ့တာကို လွတ်လွတ် လပ်လပ်နဲ့ ဖြတ်သန်း နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီး ကလည်း ဒီကနေ့ လွတ်လပ်ရေးနေ့မှာ စိတ်လွတ်ကိုယ်လွတ်နဲ့ ပေါ့ပါးပျော်ရွှင်နိုင်ကြပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ဆုတောင်း ပေးလိုက်ပါတယ်။

Source: beautybynaychi ‘s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment