Celebrity

လြန္ခဲ့တဲ့ နွစ္ေပါင္းမ်ားစြာက လြတ္လပ္ေရးေန့ ပန္းစည္းဆက္သျခင္း အခမ္းအနား တက္ေရာက္ခဲ့တဲ့ မိခင္ျဖစ္သူရဲ႕ ပံုေတြကို ခ်ျပလာတဲ့ ေမခလာ

Written by Ms Cele

လြန္ခဲ့တဲ့ နွစ္ေပါင္းမ်ားစြာက လြတ္လပ္ေရးေန့ ပန္းစည္းဆက္သျခင္း အခမ္းအနား တက္ေရာက္ခဲ့တဲ့ မိခင္ျဖစ္သူရဲ႕ ပံုေတြကို ခ်ျပလာတဲ့ ေမခလာ

“ခ်စ္ငယ္”လို့ ပရိသတ္ေတြ ခ်စ္စနိုးနဲ့ ေခၚၾကတဲ့ အဆိုေတာ္ ေမခလာ ကေတာ့ စတူဒီယိုေခတ္ ကတည္းကေန အခုခ်ိန္ထိ ေအာင္ျမင္မႈ ေပါင္းမ်ားစြာကို ရရိွပိုင္ဆိုင္ထားသူ တစ္ေယာက္ ျဖစ္ပါတယ္။ ေမခလာက သရုပ္ေဆာင္ရန္ေက်ာ္နဲ့ အတူတူ သမီးေလး တစ္ေယာက္ကို ေမြးဖြားထားျပီး သာယာေပ်ာ္ရႊင္တဲ ့မိသားစုေလးကို တည္ေဆာက္ထားျပီး အနုပညာအလုပ္ေတြ ကိုလည္း အခ်ိန္ေပး လုပ္ကိုင္ေနလ်က္ ရိွတာပဲ ျဖစ္ပါတယ္။ ဒီကေန့ (၇၃) နွစ္ေျမာက္ လြတ္လပ္ေရးေန့ အထိမ္းအမွတ္ေန့မွာေတာ့ ေမခလာက သူမေမေမရဲ့ ငယ္ဘဝပံုရိပ္ေလး တစ္ခုကို ခ်ျပလာပါတယ္။

ေမခလာက “ေက်းဇူးရွင္ ေမေမ ေဒၚျဖဴျဖဴရွိန္ လြန္ခဲေသာႏွစ္ေပါင္းမ်ားစြာက လြတ္လပ္ေရးေန႔ မွာ ပန္းစီးဆက္သျခင္း အခမ္းနား တခု႔ရဲ႕ ပံုေလးပါ👏👏👏 ဒီေန႔ fb သတင္းဦး သတင္းထူးမွာ တက္လာလို႔ ခ်စ္ငယ္ျပန္တင္ေပး လိုက္ပါတယ္❤️❤️❤️ေမေမရဲ႕ အလွကို သမီးေတြမမွီဘူး ဆိုတာ လက္ေတြ႕ပဲေလ 🙏🙏🙏” ဆိုျပီး လြန္ခဲ့တဲ့နွစ္ေပါင္းမ်ားစြာက လြတ္လပ္ေရးေန့မွာ ပန္းစည္းဆက္သျခင္းအခမ္း အနားတစ္ခုမွာ ေတြ့ရတဲ့ ေမေမ့ရဲ့က်က္သေရရိွတဲ့ အလွကို ခ်ျပလာတာပဲ ျဖစ္ပါတယ္။

ေမခလာရဲ့ ေမေမ ကေတာ့ ျမန္မာထိုင္မသိမ္း ဝတ္စံုေလးနဲ့ အရမ္းလွျပီး က်က္သေရရိွေနတာကို ပရိသတ္ၾကီးလည္း အံ့ၾသမွင္သက္စြာ ေတြ့ျမင္ရမွာပဲ ျဖစ္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Source: May KhaLar’s fb
Credit:Cele Connections

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက လွတ်လပ်ရေးနေ့ ပန်းစည်းဆက်သခြင်း အခမ်းအနား တက်ရောက်ခဲ့တဲ့ မိခင်ဖြစ်သူရဲ့ ပုံတွေကို ချပြလာတဲ့ မေခလာ

“ချစ်ငယ်”လို့ ပရိသတ်တွေ ချစ်စနိုးနဲ့ ခေါ်ကြတဲ့ အဆိုတော် မေခလာ ကတော့ စတူဒီယိုခေတ် ကတည်းကနေ အခုချိန်ထိ အောင်မြင်မှု ပေါင်းများစွာကို ရရှိပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်ပါတယ်။ မေခလာက သရုပ်ဆောင်ရန်ကျော်နဲ့ အတူတူ သမီးလေး တစ်ယောက်ကို မွေးဖွားထားပြီး သာယာပျော်ရွှင်တဲ ့မိသားစုလေးကို တည်ဆောက်ထားပြီး အနုပညာအလုပ်တွေ ကိုလည်း အချိန်ပေး လုပ်ကိုင်နေလျက် ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့မှာတော့ မေခလာက သူမမေမေရဲ့ ငယ်ဘဝပုံရိပ်လေး တစ်ခုကို ချပြလာပါတယ်။

မေခလာက “ကျေးဇူးရှင် မေမေ ဒေါ်ဖြူဖြူရှိန် လွန်ခဲသောနှစ်ပေါင်းများစွာက လွတ်လပ်ရေးနေ့ မှာ ပန်းစီးဆက်သခြင်း အခမ်းနား တခု့ရဲ့ ပုံလေးပါ👏👏👏 ဒီနေ့ fb သတင်းဦး သတင်းထူးမှာ တက်လာလို့ ချစ်ငယ်ပြန်တင်ပေး လိုက်ပါတယ်❤️❤️❤️မေမေရဲ့ အလှကို သမီးတွေမမှီဘူး ဆိုတာ လက်တွေ့ပဲလေ 🙏🙏🙏” ဆိုပြီး လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက လွတ်လပ်ရေးနေ့မှာ ပန်းစည်းဆက်သခြင်းအခမ်း အနားတစ်ခုမှာ တွေ့ရတဲ့ မေမေ့ရဲ့ကျက်သရေရှိတဲ့ အလှကို ချပြလာတာပဲ ဖြစ်ပါတယ်။

မေခလာရဲ့ မေမေ ကတော့ မြန်မာထိုင်မသိမ်း ဝတ်စုံလေးနဲ့ အရမ်းလှပြီး ကျက်သရေရှိနေတာကို ပရိသတ်ကြီးလည်း အံ့သြမှင်သက်စွာ တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Source: May KhaLar’s fb
Credit:Cele Connections

About the author

Ms Cele

Leave a Comment