Celebrity

လြန္ခဲ့တဲ့ အနွစ္ (၂၀) ပတ္ဝန္းက်င္က ရင္ခုန္သံေတြ အျမန္ဆံုးျဖစ္ ခဲ့ရတဲ့ အမွတ္တရ ေဟာင္းကို ခ်ျပလာခဲ့တဲ့ ထက္ထက္မိုးဦး

Written by Ms Cele

လြန္ခဲ့တဲ့ အနွစ္ (၂၀) ပတ္ဝန္းက်င္က ရင္ခုန္သံေတြ အျမန္ဆံုးျဖစ္ ခဲ့ရတဲ့ အမွတ္တရ ေဟာင္းကို ခ်ျပလာခဲ့တဲ့ ထက္ထက္မိုးဦး

သ႐ုပ္ေဆာင္ ထက္ထက္မိုးဦး ကေတာ့ လူႀကီး၊ လူငယ္၊ ကေလးမေ႐ြး ခ်စ္ခင္အားေပးျခင္း ခံရတဲ့ မင္းသမီးေခ်ာ တစ္ေယာက္ပါပဲ။ ထက္ထက္မိုးဦးက အခုဆိုရင္ အသက္အ႐ြယ္ တစ္ခုကို ေရာက္ရွိေနၿပီ ျဖစ္ေပမယ့္ ပရိသတ္ေတြက သူမကိုခ်စ္ၾကတဲ့ အခ်စ္ေတြ ကေတာ့ ေလ်ာ့နည္းသြားျခင္း မရွိပဲ တစ္ေန႔တစ္ျခား ပိုလို႔ေတာင္ တိုးပြားလာတာပဲ ျဖစ္ပါတယ္။ ထက္ထက္မိုးဦးက အႏုပညာ အလုပ္ေတြ မလုပ္ကိုင္ျဖစ္ေသးပဲ ရတနာပစၥည္းေတြ၊ တန္ဖိုးႀကီး ကားနဲ႔ အိမ္ရာေတြကို Live လႊင့္ၿပီး ေရာင္းခ်တဲ့အခါမွာလည္း ပရိသတ္ေတြရဲ႕ မထင္ထားေလာက္တဲ့ အားေပးမႈ ကို ရရွိတာပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြ အတြက္ လႈပ္ရွားမႈ အသစ္ ေတြကို ခ်ျပေနသလို အရင္က အမွတ္တရေဟာင္း ေတြကို ခ်ျပေနတဲ့ ထက္ထက္မိုးဦးက ဒီကေန့မွာလည္း သူမရဲ့ လြန္ခဲ့တဲ့ အနွစ္ (၂၀) နီးပါးက ဘဝမွတ္တိုင္တစ္ခုကို ခ်ျပလာခဲ့ပါတယ္။ ထက္ထက္မိုးဦးက လြန္ခဲ့တဲ့ (၂၀၀၁) ခုနွစ္က “သမီးမိုက္” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အေကာင္းဆံုး အမ်ိဳးသမီး ဇာတ္ေဆာင္ဆု ရရိွခဲ့တဲ့ ဓာတ္ပံုေလးကို ခ်ျပရင္း “အမွတ္တရည.. ႏွစ္ ၂၀ ေတာင္ရွိေတာ့မယ္ေနာ္” ဆိုျပီး အလြမ္းေျပေျပာလာတာပဲ ျဖစ္ပါတယ္။

ထက္ထက္မိုးဦး ကေတာ့ သူမရဲ့ အနုပညာ သက္တမ္း နွစ္သံုးဆယ္မွာ “ပန္းသခင္” ရုပ္ရွင္ ဇာတ္ကားၾကီး “သမီးမိုက္” ရုပ္ရွင္ဇာတ္ကားၾကီးနဲ့ အေကာင္းဆံုးအမ်ိဳးသမီး ဇာတ္ေဆာင္ဆု (၂) ဆုတိတိကို ရရိွခဲ့ တာပဲ ျဖစ္ပါတယ္။ ပရိသတ္ ၾကီးလည္း ထက္ထက္မိုးဦးရဲ့ ဓာတ္ပံုေလးကို ၾကည့္ျပီး အရင္က ရုပ္ရွင္ ဇာတ္ကားၾကီး ေတြကို သတိရသြားၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾက ပါေစလို႔ ဆုေတာင္းေပး လိုက္ပါတယ္။

Credit:Cele Connections

လွန်ခဲ့တဲ့ အနှစ် (၂၀) ပတ်ဝန်းကျင်က ရင်ခုန်သံတွေ အမြန်ဆုံးဖြစ် ခဲ့ရတဲ့ အမှတ်တရ ဟောင်းကို ချပြလာခဲ့တဲ့ ထက်ထက်မိုးဦး

သရုပ်ဆောင် ထက်ထက်မိုးဦး ကတော့ လူကြီး၊ လူငယ်၊ ကလေးမရွေး ချစ်ခင်အားပေးခြင်း ခံရတဲ့ မင်းသမီးချော တစ်ယောက်ပါပဲ။ ထက်ထက်မိုးဦးက အခုဆိုရင် အသက်အရွယ် တစ်ခုကို ရောက်ရှိနေပြီ ဖြစ်ပေမယ့် ပရိသတ်တွေက သူမကိုချစ်ကြတဲ့ အချစ်တွေ ကတော့ လျော့နည်းသွားခြင်း မရှိပဲ တစ်နေ့တစ်ခြား ပိုလို့တောင် တိုးပွားလာတာပဲ ဖြစ်ပါတယ်။ ထက်ထက်မိုးဦးက အနုပညာ အလုပ်တွေ မလုပ်ကိုင်ဖြစ်သေးပဲ ရတနာပစ္စည်းတွေ၊ တန်ဖိုးကြီး ကားနဲ့ အိမ်ရာတွေကို Live လွှင့်ပြီး ရောင်းချတဲ့အခါမှာလည်း ပရိသတ်တွေရဲ့ မထင်ထားလောက်တဲ့ အားပေးမှု ကို ရရှိတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေ အတွက် လှုပ်ရှားမှု အသစ် တွေကို ချပြနေသလို အရင်က အမှတ်တရဟောင်း တွေကို ချပြနေတဲ့ ထက်ထက်မိုးဦးက ဒီကနေ့မှာလည်း သူမရဲ့ လွန်ခဲ့တဲ့ အနှစ် (၂၀) နီးပါးက ဘဝမှတ်တိုင်တစ်ခုကို ချပြလာခဲ့ပါတယ်။ ထက်ထက်မိုးဦးက လွန်ခဲ့တဲ့ (၂၀၀၁) ခုနှစ်က “သမီးမိုက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့တဲ့ ဓာတ်ပုံလေးကို ချပြရင်း “အမှတ်တရည.. နှစ် ၂၀ တောင်ရှိတော့မယ်နော်” ဆိုပြီး အလွမ်းပြေပြောလာတာပဲ ဖြစ်ပါတယ်။

ထက်ထက်မိုးဦး ကတော့ သူမရဲ့ အနုပညာ သက်တမ်း နှစ်သုံးဆယ်မှာ “ပန်းသခင်” ရုပ်ရှင် ဇာတ်ကားကြီး “သမီးမိုက်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆု (၂) ဆုတိတိကို ရရှိခဲ့ တာပဲ ဖြစ်ပါတယ်။ ပရိသတ် ကြီးလည်း ထက်ထက်မိုးဦးရဲ့ ဓာတ်ပုံလေးကို ကြည့်ပြီး အရင်က ရုပ်ရှင် ဇာတ်ကားကြီး တွေကို သတိရသွားကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြ ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment