Celebrity

လြန္ခဲ့တဲ့ (၅) နွစ္ UK မွာ ေက်ာင္းသြား တက္စဥ္က ခႏၶာကိုယ္၀ခဲ့ ဖူးေၾကာင္း ေျပာျပလာတဲ့ ေမတိုးခိုင္

Written by Ms Cele

လြန္ခဲ့တဲ့ (၅) နွစ္ UK မွာ ေက်ာင္းသြား တက္စဥ္က ခႏၶာကိုယ္၀ခဲ့ ဖူးေၾကာင္း ေျပာျပလာတဲ့ ေမတိုးခိုင္

အဆိုေတာ္ႀကီး တိုးခိုင္ရဲ႕သမီးျဖစ္သလို၊ အကယ္ ဒမီ အိျႏၵာေက်ာ္ဇင္ရဲ႕ တူမေခ်ာေလး ေမတိုးခိုင္ ကေတာ့ Photo Model တစ္ေယာက္အျဖစ္ အႏုပညာေလာက ထဲကို ဝင္ေရာက္လာခဲ့ၿပီး အေဒၚျဖစ္သူရဲ႕ ေဖးမ ကူညီမႈေၾကာင့္ ႐ုပ္ရွင္ဇာတ္ကားႀကီး တစ္ကား မွာ ပါဝင္သ႐ုပ္ေဆာင္ ခဲ့တာပဲ ျဖစ္ပါတယ္။ “႐ူးေအာင္ခ်စ္မယ့္သူ” ႐ုပ္ရွင္ဇာတ္ကားႀကီးကလည္း ေမတိုးခိုင္ရဲ႕ ပထမဦးဆုံး ႐ုပ္ရွင္ဇာတ္ကားျဖစ္ေပမယ့္ ပရိသတ္ေတြရဲ႕ အားေပးမႈကို ရရွိပိုင္ဆိုင္ႏိုင္ခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ေမတိုးခိုင္က ပရိသတ္ေတြ လုံးဝထင္မထား ေလာက္တဲ့ သူမရဲ႕ ဝခဲ့ဖူးတဲ့ အမွတ္တရကို အခုလိုပဲ ပြင့္ပြင့္ လင္းလင္းခ်ျပလာပါတယ္။

“၅ ႏွစ္အတြင္း ေျပာင္းလဲမႈ ❣️ အရင္က လည္းဖူး ခုလည္းဖူး 🖤 UK ေရာက္သြား တုန္းက ဝကစ္ေလးျဖစ္သြားတယ္။ ဟိုက အစားေတြ ေၾကာင့္ရယ္ Hyper Thyroid ျဖစ္သြားတာလည္းပါတယ္။ ပတ္ဝန္းက်င္ ကေတာ့ စိတ္ပူၿပီးေျပာတာေပါ့ေနာ္ ဝိတ္နည္းနည္း ခ်ရမယ္ အစားေလွ်ာ့စားပါဆိုၿပီး။ ရန္ကုန္ျပန္ ေရာက္ေတာ့ ပူတဲ့ရာသီဥတု ေၾကာင့္ရယ္ အလုပ္ ေတြေၾကာင့္ရယ္ ျပန္က်သြားခဲ့တယ္။ ”

“အဲ့တုန္းက ကိုယ့္ဟာကိုယ္ေတာ့ တစ္ခါမွ စိတ္တိုင္း မက်ျဖစ္ၿပီး ငါအရမ္းဝေနတယ္ ဝိတ္ခ်ရမယ္ဆိုတဲ့ stress မရွိခဲ့ေပမဲ့ ဖူးအခု Work Out ပုံမွန္လုပ္ၿပီး Healthy Meals စားျဖစ္လို႔ က်န္းမာၿပီး ေနထိုင္ေကာင္းတဲ့ lifestyle ေလးရထားတယ္။ ဖူးေတာ့ဘဝရဲ႕ အဆိုးအေကာင္း ေျပာင္းလဲမႈေတြအားလုံးကို တန္ဖိုးထားတယ္။ ယူတတ္ရင္ အားလုံးကသင္ခန္းစာေတြပဲ လို႔လည္းခံယူထားတယ္ ❤️” ဆိုၿပီး သူမရဲ႕ ေျပာင္းလဲလာပုံကို ျပသလာပါတယ္။

ေမတိုးခိုင္ကေတာ့ သူမရဲ႕ အဆိုး အေကာင္း ေျပာင္းလဲမႈကို လက္ခံထားၿပီး သားျဖစ္တယ္လို႔ ပြင့္ပြင့္လင္းလင္းေျပာ ထားတာ ျဖစ္ပါတယ္။ ပရိသတ္ႀကီး ကေတာ့ ေမတိုးခိုင္ေလး ဘယ္ေလာက္ပဲ ေျပာင္းလဲသြားသြား ခ်စ္ၿပီးသားျဖစ္မွာပါေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

လွန်ခဲ့တဲ့ (၅) နှစ် UK မှာ ကျောင်းသွား တက်စဉ်က ခန္ဓာကိုယ်ဝခဲ့ ဖူးကြောင်း ပြောပြလာတဲ့ မေတိုးခိုင်

အဆိုတော်ကြီး တိုးခိုင်ရဲ့သမီးဖြစ်သလို၊ အကယ် ဒမီ အိန္ဒြာကျော်ဇင်ရဲ့ တူမချောလေး မေတိုးခိုင် ကတော့ Photo Model တစ်ယောက်အဖြစ် အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့ပြီး အဒေါ်ဖြစ်သူရဲ့ ဖေးမ ကူညီမှုကြောင့် ရုပ်ရှင်ဇာတ်ကားကြီး တစ်ကား မှာ ပါဝင်သရုပ်ဆောင် ခဲ့တာပဲ ဖြစ်ပါတယ်။ “ရူးအောင်ချစ်မယ့်သူ” ရုပ်ရှင်ဇာတ်ကားကြီးကလည်း မေတိုးခိုင်ရဲ့ ပထမဦးဆုံး ရုပ်ရှင်ဇာတ်ကားဖြစ်ပေမယ့် ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်နိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မေတိုးခိုင်က ပရိသတ်တွေ လုံးဝထင်မထား လောက်တဲ့ သူမရဲ့ ဝခဲ့ဖူးတဲ့ အမှတ်တရကို အခုလိုပဲ ပွင့်ပွင့် လင်းလင်းချပြလာပါတယ်။

“၅ နှစ်အတွင်း ပြောင်းလဲမှု ❣️ အရင်က လည်းဖူး ခုလည်းဖူး 🖤 UK ရောက်သွား တုန်းက ဝကစ်လေးဖြစ်သွားတယ်။ ဟိုက အစားတွေ ကြောင့်ရယ် Hyper Thyroid ဖြစ်သွားတာလည်းပါတယ်။ ပတ်ဝန်းကျင် ကတော့ စိတ်ပူပြီးပြောတာပေါ့နော် ဝိတ်နည်းနည်း ချရမယ် အစားလျှော့စားပါဆိုပြီး။ ရန်ကုန်ပြန် ရောက်တော့ ပူတဲ့ရာသီဥတု ကြောင့်ရယ် အလုပ် တွေကြောင့်ရယ် ပြန်ကျသွားခဲ့တယ်။ ”

“အဲ့တုန်းက ကိုယ့်ဟာကိုယ်တော့ တစ်ခါမှ စိတ်တိုင်း မကျဖြစ်ပြီး ငါအရမ်းဝနေတယ် ဝိတ်ချရမယ်ဆိုတဲ့ stress မရှိခဲ့ပေမဲ့ ဖူးအခု Work Out ပုံမှန်လုပ်ပြီး Healthy Meals စားဖြစ်လို့ ကျန်းမာပြီး နေထိုင်ကောင်းတဲ့ lifestyle လေးရထားတယ်။ ဖူးတော့ဘဝရဲ့ အဆိုးအကောင်း ပြောင်းလဲမှုတွေအားလုံးကို တန်ဖိုးထားတယ်။ ယူတတ်ရင် အားလုံးကသင်ခန်းစာတွေပဲ လို့လည်းခံယူထားတယ် ❤️” ဆိုပြီး သူမရဲ့ ပြောင်းလဲလာပုံကို ပြသလာပါတယ်။

မေတိုးခိုင်ကတော့ သူမရဲ့ အဆိုး အကောင်း ပြောင်းလဲမှုကို လက်ခံထားပြီး သားဖြစ်တယ်လို့ ပွင့်ပွင့်လင်းလင်းပြော ထားတာ ဖြစ်ပါတယ်။ ပရိသတ်ကြီး ကတော့ မေတိုးခိုင်လေး ဘယ်လောက်ပဲ ပြောင်းလဲသွားသွား ချစ်ပြီးသားဖြစ်မှာပါနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment