Celebrity
Written by Ms Cele
လွန်ခဲ့တဲ့ နှစ်က ဘွဲ့နှင်းသဘင်မှာ စိတ်ကောက်ပြီး ငိုနေခဲ့လို ချစ်သူ မောင်က ချောမော့ပေး ခဲ့တဲ့ အမှတ်တရ ကို ပြောပြ လာတဲ့ ရီရီပွင့်ဖြူ
သရုပ်ဆောင် ရီရီပွင့်ဖြူ ကတော့ နိုင်ငံကျော် မင်းသမီးကြီး ဒေါ်ခင်သန်းဝင်းရဲ့ သမီးလေး တစ်ယောက်အဖြစ် ပရိသတ်ကြီး သိပြီးသား ဖြစ်မှာပါ။ ရီရီပွင့့်ဖြူကတော့ သူမကိုယ်တိုင် လည်း ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကား တော်တော်များများမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီး လွန်ခဲ့တဲ့နှစ်တွေမှာတော့ အနုပညာ အလုပ်တွေကို လုံးဝရပ်နားလိုက်ပြီး အပြင်စီးပွားရေး အလုပ်တွေကိုသာ လုပ်ကိုင် နေခဲ့တာပဲ ဖြစ်ပါတယ်။ ရီရီပွင့်ဖြူကတော့ အလုပ်တွေကိုလည်း လုပ်ကိုင်နေသလို သူမရဲ့ချစ်သူ သရုပ်ဆောင် မောင်နဲ့ သာယာ လှပတဲ့ အချစ်လမ်း ခရီးကို တည်ဆောက် ထားတာ ဖြစ်ပါတယ်။
ချစ်သူသက်တမ်း (၇) နှစ်ကျော် ရှိပြီဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တွေ အချစ်တွေ တိုးလာခဲ့တဲ့ မောင်နဲ့ ရီရီပွင့်ဖြူကတော့ သူတို့ နှစ်ယောက်ကြားမှာ သတိရစရာ အမှတ်တရတွေ များစွာလည်းရှိတာ ဖြစ်ပါတယ်။ ဒီကနေ့ မှာတော့ ရီရီပွင့်ဖြူက လွန်ခဲ့တဲ့ (၂) နှစ်က ဘွဲ့နှင်းသဘင်မှာ စိတ်ကောက်ပြီး ငိုနေခဲ့လို ချစ်သူ မောင်က ချောမော့ပေး ခဲ့တဲ့ အမှတ်တရကို “အဲ့​နေ့က အကြီးကျယ် ဓါတ်ပုံရိုက်ဖို့ ဓါတ်ဆရာ​​ခေါ်ထား။ ေ​သေချာပြင်ဆင် ထားပြီး ဘွဲ့နှင်းသဘင်အပြီးမှာ မိုး​တွေရွာချလို့ တစ်ပုံမှ မရိုက်ရဘူး…😤 တ​စ်ယောက်ထဲ စိတ်​ကောက်ပြီး ငိုပလိုက်တာ.. 😛😛ပြီးမှ ခိုခို​က ​ချော့ပြီ ဆယ်လဖီ ပဲ ဆွဲလိုက်ရတယ်..” ဆိုပြီး ပြောပြလာ ခဲ့ပါတယ်။
မောင်နဲ့ ရီရီပွင့်ဖြူ ကတော့ ချစ်သူသက်တမ်း (၇) နှစ်ကျော် အတွင်းမှာ ပြန်တွေးတိုင်း ကြည်နူးစရာ၊ တမ်းတစရာ အမှတ်တရတွေ များစွာကို ပိုင်ဆိုင်ထားတဲ့ ချစ်သူနှစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို ့ဆုတောင်းပေးလိုက်ပါတယ်။
Credit:Cele Connections
About the author
Ms Cele
Leave a Comment