Celebrity

လြန္ခဲ့တဲ့ ႏွစ္ေပါင္း သုံးဆယ္ေက်ာ္ တုန္းက အ, သုံးလုံး စာသင္ေပး ဖူးတဲ့ အမွတ္တရ ေလးကို မၽွေဝ လာတဲ့ တကၠသိုလ္ ဂြမ္းပုံ

Written by Ms Cele

လြန္ခဲ့တဲ့ ႏွစ္ေပါင္း သုံးဆယ္ေက်ာ္ တုန္းက အ, သုံးလုံး စာသင္ေပး ဖူးတဲ့ အမွတ္တရ ေလးကို မၽွေဝ လာတဲ့ တကၠသိုလ္ ဂြမ္းပုံ

ဇာတ္ပို႔ဇာတ္ရံ ေလာကမွာ ႏွစ္ေပါင္းၾကာ ရွည္စြာ ေအာင္ျမင္မႈကို ထိန္းထားနိုင္ သလို လက္ရွိအခ်ိန္ ထိလည္း ရိုက္ကူးေရးေတြ၊ တီဗြီအစီ အစဥ္ေတြမွာ အျမဲမျပတ္ပါဝင္ေနရသူ ကေတာ့ တကၠသိုလ္ဂြမ္းပုံပါ။ ဒါ့အျပင္ ဇာတ္ပို႔ဇာတ္ရံေတြအတြက္ ေမၽွာ္မွန္းရခက္တဲ့ အကယ္ဒမီဆုကိုလည္း ရယူနိုင္ခဲ့ၿပီး တကၠသိုလ္ဂြမ္းပုံ ကေတာ့ ပရိသတ္ခ်စ္ျခင္းေမတၱာကို အျပည့္အဝသိမ္းပိုက္ထားနိုင္သူတစ္ေယာက္လည္း ျဖစ္ပါတယ္။

တကၠသိုလ္ဂြမ္းပုံကေတာ့ သူ႔ရဲ့တေန႔တာအေၾကာင္းအရာေလးေတြကို လူမႈကြန္ရက္မွာ အျမဲမျပတ္မၽွေဝေပးေလ့ရွိၿပီး ဒီေန႔မွာ လြန္ခဲ့တဲ့ႏွစ္ေပါင္း (၃၀) ေက်ာ္က အမွတ္တရ ပုံရိပ္ေလးတစ္ခုကို မၽွေဝလာပါတယ္။ ကာလ အေတာ္ၾကာျမင့္ေနၿပီျဖစ္တဲ့ အျဖဴအမည္းဓာတ္ပုံေလး ကိုေတာ့ အသိမ္းလြန္ေနတာၾကာၿပီျဖစ္ၿပီး ဒီေန႔မွျပန္ရွာ ေတြ႕လို႔ ဝမ္းသာၾကည္ႏူးစြာနဲ႔ ပရိသတ္ေတြအတြက္ မၽွေဝေပး ခဲ့တာပါ။

ဒီဓာတ္ပုံေလးကေတာ့ လြန္ခဲ့တဲ့ (၁၉၈၄) ခုႏွစ္ စစ္ကိုင္းတိုင္း၊ ဗန္းေမာက္ၿမိဳ႕၊ ဆင္ကန္ရြာမွာ တကၠသိုလ္ အ. သုံးလုံးအဖြဲ႕က လႊတ္လို႔ အ. သုံးလုံး သြားေရာက္သင္ၾကားေပးထားတဲ့ပုံေလးျဖစ္ၿပီး တကၠသိုလ္ေက်ာင္းသူ ဘဝကတည္းက ပါးေဖာင္းေဖာင္းေလးနဲ႔ခ်စ္ဖို႔ ေကာင္းတဲ့ ဂြမ္းပုံကို ျမင္ေတြ႕ရမွာပါ ပရိသတ္ႀကီးေရ.. ပရိသတ္ေတြကေတာ့ ဂြမ္းပုံရဲ့ဓာတ္ပုံေလးကို ခ်စ္စနိုးနဲ႔မွတ္ခ်က္ ေပးခဲ့ၾကသလို တခ်ိန္တုန္းက အမွတ္တရေတြ ကိုလည္း ေမးျမန္းခဲပါတယ္။

Source – တကၠသိုလ္ဂြမ္းပုံ
Rainbow- Cele Gabar
Post Views: 51

လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးဆယ်ကျော် တုန်းက အ, သုံးလုံး စာသင်ပေး ဖူးတဲ့ အမှတ်တရ လေးကို မျှဝေ လာတဲ့ တက္ကသိုလ် ဂွမ်းပုံ

ဇာတ်ပို့ဇာတ်ရံ လောကမှာ နှစ်ပေါင်းကြာ ရှည်စွာ အောင်မြင်မှုကို ထိန်းထားနိုင် သလို လက်ရှိအချိန် ထိလည်း ရိုက်ကူးရေးတွေ၊ တီဗွီအစီ အစဉ်တွေမှာ အမြဲမပြတ်ပါဝင်နေရသူ ကတော့ တက္ကသိုလ်ဂွမ်းပုံပါ။ ဒါ့အပြင် ဇာတ်ပို့ဇာတ်ရံတွေအတွက် မျှော်မှန်းရခက်တဲ့ အကယ်ဒမီဆုကိုလည်း ရယူနိုင်ခဲ့ပြီး တက္ကသိုလ်ဂွမ်းပုံ ကတော့ ပရိသတ်ချစ်ခြင်းမေတ္တာကို အပြည့်အဝသိမ်းပိုက်ထားနိုင်သူတစ်ယောက်လည်း ဖြစ်ပါတယ်။

တက္ကသိုလ်ဂွမ်းပုံကတော့ သူ့ရဲ့တနေ့တာအကြောင်းအရာလေးတွေကို လူမှုကွန်ရက်မှာ အမြဲမပြတ်မျှဝေပေးလေ့ရှိပြီး ဒီနေ့မှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၃၀) ကျော်က အမှတ်တရ ပုံရိပ်လေးတစ်ခုကို မျှဝေလာပါတယ်။ ကာလ အတော်ကြာမြင့်နေပြီဖြစ်တဲ့ အဖြူအမည်းဓာတ်ပုံလေး ကိုတော့ အသိမ်းလွန်နေတာကြာပြီဖြစ်ပြီး ဒီနေ့မှပြန်ရှာ တွေ့လို့ ဝမ်းသာကြည်နူးစွာနဲ့ ပရိသတ်တွေအတွက် မျှဝေပေး ခဲ့တာပါ။

ဒီဓာတ်ပုံလေးကတော့ လွန်ခဲ့တဲ့ (၁၉၈၄) ခုနှစ် စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့၊ ဆင်ကန်ရွာမှာ တက္ကသိုလ် အ. သုံးလုံးအဖွဲ့က လွှတ်လို့ အ. သုံးလုံး သွားရောက်သင်ကြားပေးထားတဲ့ပုံလေးဖြစ်ပြီး တက္ကသိုလ်ကျောင်းသူ ဘဝကတည်းက ပါးဖောင်းဖောင်းလေးနဲ့ချစ်ဖို့ ကောင်းတဲ့ ဂွမ်းပုံကို မြင်တွေ့ရမှာပါ ပရိသတ်ကြီးရေ.. ပရိသတ်တွေကတော့ ဂွမ်းပုံရဲ့ဓာတ်ပုံလေးကို ချစ်စနိုးနဲ့မှတ်ချက် ပေးခဲ့ကြသလို တချိန်တုန်းက အမှတ်တရတွေ ကိုလည်း မေးမြန်းခဲပါတယ်။

Source – တက္ကသိုလ်ဂွမ်းပုံ
Rainbow- Cele Gabar
Post Views: 51

About the author

Ms Cele

Leave a Comment