Celebrity

လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ပြည်သူတွေနဲ့တစ်သားတည်း ရှိနေကြောင်းကို သက်သေပြလိုက်တဲ့ Idol အဖွဲ့ဝင် ယောကီး

Written by Ms Cele

လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ပြည်သူတွေနဲ့တစ်သားတည်း ရှိနေကြောင်းကို သက်သေပြလိုက်တဲ့ Idol အဖွဲ့ဝင် ယောကီး




Source: Yawkee
Credit:Cele World

လွွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ပြည်သူတွေနဲ့တစ်သားတည်း ရှိနေကြောင်းကို သက်သေပြလိုက်တဲ့ Idol အဖွဲ့ဝင် ယောကီး

မြန်မာ Idol အစီအစဉ်တွေမှာ ပရိသတ်တွေရဲ့ အချစ်တွေကို ရယူထားနိုင်သူတွေ ထဲမှာလည်း ယောကီး လည်းတစ်ယောက် အပါအဝင်ဖြစ်ပါတယ်နော်.. အဆိုတော်ယောကီး ကတော့ တိုင်းရင်းသားလေး တစ်ယောက်လည်းဖြစ်တာကြောင့် အပြောအဆိုလေး ကလည်း ပွင့်လင်းတာကြောင့် အိုင်ဒေါအဖွဲ့ဝင်တွေကိုယ်တိုင်ကလည်း ချစ်ခင်ပြီးစနောက်နေကြတဲ့ သူလေးဖြစ်ပါတယ်နော်… ယောကီးကတော့ အသံပါဝါအားကောင်းကောင်းနဲ့ သီချင်းတွေကို ပိုင်ဆိုင်စွာသီဆိုတတ်သူဖြစ်ပေမဲ့ Voting စနစ်ရဲ့ရွေးချယ်မှုကြောင့် အဆိုပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရသူဖြစ်ပါတယ်။

ယောကီးတစ်ယောက် ပြိုင်ပွဲကနေ မရှိတော့ပေမဲ့ အနုပညာလမ်းကြောင်းပေါ်ကနေ ပျောက်ကွယ် မသွားဘဲ လုပ်ဖော်ကိုင်ဖက်တွေနဲ့အပြင် ပရိသတ်တွေနဲ့လည်း အဆက်အသွယ်မပြတ်ဘဲ ဆက်သွယ်နေသူဖြစ်ပါတယ်နော်.. ခုလိုဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ အာဏာသိမ်းမှုကြောင့် အနုပညာရှင် တော်တော်များများလည်း လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေကြပြီးပြည်သူနဲ့တစ်သားတည်း အာဏာရှင်ကိုတော်လှန်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်နော်.. အဲအထဲမှာ ယောကီး တစ်ယောက်လည်း အပါအဝင်ဖြစ်ပါတယ်..

ဒီနေ့လေး မှာတော့ ယောကီးက လွတ်မြောက်နယ်မြေမှာ စစ်ရေးလေ့ကျင့်နေတဲ့ပုံတွေကို သူ့ရဲ့ဖေ့ဘုတ်စာမျက်နှာမှာ တင်လာခဲ့ပြီဖြစ် ပါတယ်နော်.. သူ့ရဲ့ ပုံတွေအောက်မှာတော့ ပြည်သူပရိသတ်တွေက လေးစားပြီးကျေးဇူးတင်ကြောင်းတွေ နဲ့အတူ အားပေးစကားတွေ ပြောပေးထားကြပါတယ်နော်.. ပရိသတ်ကြီးလည်း ယောကီး အတွက် အားဖြစ်စေမဲ့ စကားလေးတစ်ခုခုလောက်ရေးပေးသွားကြပါအုံးနော်..

Source: Yawkee
Credit:Cele World

About the author

Ms Cele

Leave a Comment