Celebrity

လွိုင္သာယာက စားဝတ္ေနေရး အဆင္မေျပျဖစ္ေနတဲ့ ျပည္သူေတြအတြက္ ဆန္အျပင္ အျခားအစားအေသာက္မ်ားကို သြားေရာက္လႉဒါန္းဖို႕ ျပင္ဆင္ေနတဲ့ ေနေဒြး

Written by Ms Cele

လွိုင္သာယာက စားဝတ္ေနေရး အဆင္မေျပျဖစ္ေနတဲ့ ျပည္သူေတြအတြက္ ဆန္အျပင္ အျခားအစားအေသာက္မ်ားကို သြားေရာက္လႉဒါန္းဖို႕ ျပင္ဆင္ေနတဲ့ ေနေဒြး

ပရိသတ္ေတြရဲ့ အားေပးခ်စ္ခင္ျခင္းကို အျပည့္အဝရရွိထားတဲ့ ေနေဒြး ကေတာ့ ခုလတ္တေလာမွာျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ပတ္သက္ၿပီး ေဖေဖာ္ဝါရီလထဲကေန ဒီေန႔ထိ ျပည္သူလူထုနဲ႔အတူ ရပ္တည္ကာ လမ္းေပၚထြက္လႈပ္ရွားမႈေတြကို အားတတ္သေရာျပဳလုပ္သလို လႈပ္ရွားမႈျပဳလုပ္ေနတဲ့ ျပည္သူေတြအတြက္လည္း အစားအေသာက္မ်ားနဲ႔ ကာကြယ္ေရး ပစၥည္းမ်ားကို လႉဒါန္းလ်က္ရွိပါတယ္။

ခုလိုအစစအရာရာ ဘက္ေပါင္းစုံကေနပါဝင္ကူညီအားျဖည့္ေပးေနတဲ့ အႏုပညာရွင္ေတြရွိေန တာေၾကာင့္လည္း ဒီလႈပ္ရွားမႈႀကီးက ခုခ်ိန္ထိ စည္းလုံးညီညြတ္ၿပီး အသက္ဝင္ေနခဲ့တာပါ။ျပည္သူေတြကလည္း ဘယ္လိုအခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရပါေစ ေနာက္မဆုတ္ဘဲ ယုံၾကည္ခ်က္ေတြ အတြက္ အသက္ကိုပင္ေပးကာ ေရွ႕ဆက္လွမ္းေနၾကတာလည္းျဖစ္ပါတယ္။

အခုဆိုရင္ တစ္ခ်ိဳ႕ၿမိဳ႕နယ္ေတြမွာ အတားအဆီးေတြ အျပည့္နဲ႔ ၿဖိဳခြင္းခံရမႈေတြ အပစ္အခတ္ေတြရွိ ေနတာေၾကာင့္ ျပည္သူတစ္ခ်ိဳ႕ဟာ စားဝတ္ေနေရး အဆင္မေျပမႈေတြၾကဳံေတြ႕ေနရတာလည္းျဖစ္ပါတယ္။ အႏုပညာရွင္ေတြ ကလည္း အခက္အခဲျဖစ္ေနတဲ့ ျပည္သူေတြကို တတ္နိုင္သေလာက္ စုေပါင္းလႉဒါန္းမႈေတြျပဳလုပ္ေပးလ်က္ရွိတာလည္း ေလးစားစြာေတြ႕ျမင္ရပါတယ္။အခုလည္း ေနေဒြးက လွိုင္သာယာက စားဝတ္ေနေရး အဆင္မေျပျဖစ္ေနတဲ့ ျပည္သူေတြ အတြက္ ဆန္အျပင္ အျခားအစားအေသာက္မ်ားကို သြားေရာက္လႉဒါန္းရန္ ျပင္ဆင္လ်က္ရွိေၾကာင္းဗီဒီယိုေလးကို ေဖာ္ျပထားရာ ေလးစားမိတာေၾကာင့္ ပရိသတ္ႀကီး အတြက္ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit: Cele Zone
Photo – Nay Dway

လှိုင်သာယာက စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေအတွက် ဆန်အပြင် အခြားအစားအသောက်များကို သွားရောက်လှူဒါန်းဖို့ ပြင်ဆင်နေတဲ့ နေဒွေး

ပရိသတ်တွေရဲ့ အားပေးချစ်ခင်ခြင်းကို အပြည့်အဝရရှိထားတဲ့ နေဒွေး ကတော့ ခုလတ်တလောမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီလထဲကနေ ဒီနေ့ထိ ပြည်သူလူထုနဲ့အတူ ရပ်တည်ကာ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေကို အားတတ်သရောပြုလုပ်သလို လှုပ်ရှားမှုပြုလုပ်နေတဲ့ ပြည်သူတွေအတွက်လည်း အစားအသောက်များနဲ့ ကာကွယ်ရေး ပစ္စည်းများကို လှူဒါန်းလျက်ရှိပါတယ်။

ခုလိုအစစအရာရာ ဘက်ပေါင်းစုံကနေပါဝင်ကူညီအားဖြည့်ပေးနေတဲ့ အနုပညာရှင်တွေရှိနေ တာကြောင့်လည်း ဒီလှုပ်ရှားမှုကြီးက ခုချိန်ထိ စည်းလုံးညီညွတ်ပြီး အသက်ဝင်နေခဲ့တာပါ။ပြည်သူတွေကလည်း ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါစေ နောက်မဆုတ်ဘဲ ယုံကြည်ချက်တွေ အတွက် အသက်ကိုပင်ပေးကာ ရှေ့ဆက်လှမ်းနေကြတာလည်းဖြစ်ပါတယ်။

အခုဆိုရင် တစ်ချို့မြို့နယ်တွေမှာ အတားအဆီးတွေ အပြည့်နဲ့ ဖြိုခွင်းခံရမှုတွေ အပစ်အခတ်တွေရှိ နေတာကြောင့် ပြည်သူတစ်ချို့ဟာ စားဝတ်နေရေး အဆင်မပြေမှုတွေကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ အနုပညာရှင်တွေ ကလည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို တတ်နိုင်သလောက် စုပေါင်းလှူဒါန်းမှုတွေပြုလုပ်ပေးလျက်ရှိတာလည်း လေးစားစွာတွေ့မြင်ရပါတယ်။အခုလည်း နေဒွေးက လှိုင်သာယာက စားဝတ်နေရေး အဆင်မပြေဖြစ်နေတဲ့ ပြည်သူတွေ အတွက် ဆန်အပြင် အခြားအစားအသောက်များကို သွားရောက်လှူဒါန်းရန် ပြင်ဆင်လျက်ရှိကြောင်းဗီဒီယိုလေးကို ဖော်ပြထားရာ လေးစားမိတာကြောင့် ပရိသတ်ကြီး အတွက်ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit: Cele Zone
Photo – Nay Dway

About the author

Ms Cele

Leave a Comment