Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Rebecca Win

လှိုင်သာယာနဲ့ရွှေပြည်သာက အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေအတွက် လိုအပ်တာများသွားရောက်လှူဒါန်းကာ နှစ်သစ်မှာကုသိုလ်ယူခဲ့တဲ့ ရေဗက္ကာဝင်း

အဆိုတော်ရေဗက္ကာဝင်း ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူပရိသတ်တွေ နဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်။ တော်လှန်ရေးတိုက်ပွဲကြီးမှာ ရရာနေရာကနေတတ်နိုင်သလောက် ပါဝင်အားဖြည့်နေကြတဲ့ ပြည်သူတွေ အားလုံးနဲ့အတူ ရေဗက္ကာဝင်းကလည်း အလှူလေးတွေနဲ့ တစ်တပ်တစ်အား ပါဝင်နေတာပါ။

တော်လှန်ရေး စတင်ထဲက နေ့စဉ်တိုင်းလိုလို ကိုယ်တိုင်အစားအသောက်တွေ ချက်ပြုတ်ကာ လမ်းမပေါ်ကပြည်သူတွေကို လိုက်ဝေငှခဲ့တာလည်း ဖြစ်ပါတယ်။ဒါ့အပြင် ဆန္ဒထုတ်ဖော်မှုမှာ ပါဝင်ကြသူတွေနဲ့ ညဘက် ပတ်ဝန်းကျင်လုံခြုံရေးအတွက် ကင်းစောင့်ကြတဲ့ သူရဲကောင်းတွေ အတွက်လည်း လိုအပ်တဲ့ အကာအကွယ်ပစ္စည်း များလည်း လှူဒါန်းပါဝင်ခဲ့ပါတယ်။

အခုလည်း အခြေအနေတွေ မတည်ငြိမ်နေသေးချိန်မှာ အခက်အခဲတွေနဲ့ မပြည့်မစုံရင်ဆိုင် နေရရှာတဲ့ ပြည်သူများထံကို မိတ်ဆွေတွေနဲ့စုပေါင်းကာ အစားအသောက်များ လှူဒါန်းဖြစ် ခဲ့ပြန်ပါတယ်။အလှူပုံလေးတွေနဲ့အတူ ” မြန်မာနှစ်သစ်ကူးအလှူ အဖြစ် အနုပညာပိုးသဘက် Shingni Nbat ( မြစ်ကြီးနား )ပထမမြန်မာနှစ်ခြင်း အသင်းတော် (ဆန်ဖရန်စ္စကို)Nestle Myanmar တို့နဲ့အတူ အိမ်ထောင်စု ၁ဝဝစာ အတွက်ပေါ်ဆန်းမွှေး ၃ပြည်နေကြာဆီ ၁လီတာပဲနီလေးကြက်သွန်နီတစ်ပိဿကြက်သွန်ဖြူမှုန့် ဂျင်းမှုန့်ပဲကြာဇံ Maggi စွယ်စုံသုံးဟင်းခတ်မှုန့် တို့ကို လိုအပ်နေတဲ့ လှိုက်သာယာနဲ့ ရွှေပြည်သာမှ ပြည်သူများအတွက် ပေးလှူခဲ့ပါတယ်ရှင် “ဆိုပြီးဖော်ပြထား တာတွေ့ရပါတယ်။

Credit:Cele Zone
Photo – Rebecca Win

About the author

Ms Cele

Leave a Comment