Celebrity


Written by Ms Cele





Credit: Cele Zone
Photo – မမ ဆောင်း

လှိုင်သာယာဘက်က အိမ်ထောင်စု (၁၀၀)စာအတွက် စုပေါင်းပြီး တတ်နိုင်သလောက် အခြေခံ စားသောက်ကုန် များကို သွားရောက်လှူဒါန်းခဲ့တဲ့ မမဆောင်း

အဆိုတော် သရုပ်ဆောင် မမ ဆောင်း ကတော့ ဟန်ဆောင်မှု မရှိ ပွင့်လင်းတဲ့ ဟန်ပန်လေး တွေကြောင့် အနုပညာလောကမှာ ပရိသတ်တွေရဲ့ အချစ်တွေကို တစ်ခဲနက်ရရှိထားသူပါ ။မမဆောင်းကတော့ လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေတွေမှာ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအတွက် အလှူလေးတွေ မကြာခဏဆိုသလို ပြုလုပ်ပြီး အားလုံးနဲ့အတူ ရပ်တည်နေတာလည်း ပရိသတ်တွေ မြင်တွေ့ကြရမှာပါ။

ခုလို ကာလမျိုးမှာ လက်လုပ်လက်စား ပြည်သူတွေဟာ လုပ်ငန်းတာဝန်တွေကို အလွယ်တကူ မလုပ်နိုင် တာကြောင့် စားဝတ်နေရေးအခက်အခဲများစွာကို ကြုံတွေ့နေရတာလည်းဖြစ်ပါတယ်။ဒီလိုခက်ခဲနေတဲ့ ပြည်သူတွေကို အနုပညာရှင်များစွာကလည်း ပြန်လည်ကြည့်ရှုကာ တတ်နိုင်သလောက် ထောက်ပံ့လှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာလည်း လှိုင်သာယာ ဘက်က အိမ်ထောင်စု (၁၀၀) စာအတွက် စုပေါင်းပြီး တတ်နိုင် သလောက် အခြေခံ စားသောက်ကုန် များကို သွားရောက် လှူဒါန်းဖြစ်ခဲ့ပြန်ပါတယ်။ ခက်ခဲနေသူတွေကို လှူဒါန်း ဝေငှခြင်းကလည်း နည်းသည် များသည် ဖြစ်စေ တကယ်ကို မွန်မြတ်တဲ့ အလှူလေးပါပဲနော်။ မမဆောင်းလည်း ဒီထက်မက လှူဒါန်းမှုတွေ ပြုလုပ်နိုင်ပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Credit: Cele Zone
Photo – မမ ဆောင်း

About the author

Ms Cele

Leave a Comment