Celebrity

လွိုင္သာယာဘက္မွ က်ဳးေက်ာ္အိမ္ေၿခ (၂၀၀)အား တစ္အိမ္လၽွင္ ဆန္(၅)ျပည္စီ ေဝမၽွလႉဒါန္းခဲ့တဲ့ ခိုင္ႏွင္းေ၀

Written by Ms Cele

လွိုင္သာယာဘက္မွ က်ဳးေက်ာ္အိမ္ေၿခ (၂၀၀)အား တစ္အိမ္လၽွင္ ဆန္(၅)ျပည္စီ ေဝမၽွလႉဒါန္းခဲ့တဲ့ ခိုင္ႏွင္းေ၀

ပရဟိတအလုပ္ ဆိုတာ ကိုယ္က်ိဳးစြန႔္ၿပီးအမ်ားအက်ိဳးကို ေဆာင္ရြက္ရတဲ့အလုပ္မို႔ ေတာ္႐ုံလူမလုပ္နိုင္ ပါဘူးေနာ္။ ပရဟိတလုပ္ငန္းေတြကို ႏွစ္ရွည္လမ်ားစြာ လုပ္ကိုင္ခဲ့တဲ့ သ႐ုပ္ေဆာင္ခိုင္ႏွင္းေဝရဲ့ ေစတနာကေတာ့ တကယ့္ကိုအံ့မခန္းပါပဲ။ လိုအပ္တဲ့ေနရာေတြဆီကို ဘယ္ေလာက္ေဝးေဝး အေရာက္သြားတတ္ၿပီး အကူအညီလိုအပ္သူတိုင္းကို ေဖးမကူညီရင္း အားေပးႏွစ္သိမ့္တတ္သူတစ္ေယာက္ပါ။

ခုလိုကာလမွာ ဆိုရင္လည္း ေနရာတိုင္းမွာ အကူအညီ လိုအပ္ေနသူေတြ အမ်ားအျပားရွိေနၿပီး ခိုင္ႏွင္းေဝ ကလည္း လက္လွမ္းမွီသေလာက္ လိုက္လံကူညီေပးခဲ့ပါတယ္။ ဒါ့အျပင္ အလုပ္အကိုင္အဆင္မေျပျဖစ္ကာ စားဝတ္ေနေရး အခက္အခဲေတြနဲ႔ ရင္ဆိုင္ေနရတဲ့ ျပည္သူေတြဆီကိုလည္း ေန႔စဥ္တိုင္းလိုလို သြားေရာက္ကာ စားနပ္ရိကၡာနဲ႔ လိုအပ္တာမ်ား လႉဒါန္းခဲ့တာကိုေတြ႕ရပါတယ္။

ယေန႔ ေမလ (၇) ရက္ေန႔ မွာလည္း လွိုင္သာယာဘက္ က က်ဳးေက်ာ္အိမ္ေၿခ (၂၀၀)အား တစ္အိမ္လၽွင္ ဆန္ (၅) ျပည္စီ လႉဒါန္းခဲ့ျပန္ပါတယ္။အလႉနဲ႔ ပတ္သက္ၿပီးလည္း ” လွိုင္သာယာ ဘက္မွ က်ဳးေက်ာ္အိမ္ေၿခ (၂၀၀)အား တစ္အိမ္လၽွင္ ဆန္ (၅)ျပည္စီ ေဝမၽွ လႉဒါန္းခဲ့ပါတယ္ရွင္..အိမ္ေတြထိ လိုက္ေဝလို႔ အဆင္မေျပတဲ့ အတြက္ ဘုန္းဘုန္းေက်ာင္း ႏွင့္ သက္ဆိုင္ရာ ရပ္ကြက္႐ုံးေတြ မွာသာ လႉျဖစ္ခဲ့ပါတယ္…က်မႏွင့္ အတူ နိဗၺာန္လမ္းကို ရည္မွန္း၍ ပါဝင္ လႉဒါန္းေပးၾကေသာ အလႉရွင္မ်ား ႏွင့္ သာဓုေခၚဆို ေပးၾကေသာ ခုႏွစ္ရက္ သားသမီးမ်ား အားလုံး ထပ္တူ ကုသိုလ္ရၾကပါေစရွင္”ဆိုတဲ့စာေလးကိုေရးသားထားရာ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Khine Hnin Wai

လှိုင်သာယာဘက်မှ ကျုးကျော်အိမ်ခြေ (၂၀၀)အား တစ်အိမ်လျှင် ဆန်(၅)ပြည်စီ ဝေမျှလှူဒါန်းခဲ့တဲ့ ခိုင်နှင်းဝေ

ပရဟိတအလုပ် ဆိုတာ ကိုယ်ကျိုးစွန့်ပြီးအများအကျိုးကို ဆောင်ရွက်ရတဲ့အလုပ်မို့ တော်ရုံလူမလုပ်နိုင် ပါဘူးနော်။ ပရဟိတလုပ်ငန်းတွေကို နှစ်ရှည်လများစွာ လုပ်ကိုင်ခဲ့တဲ့ သရုပ်ဆောင်ခိုင်နှင်းဝေရဲ့ စေတနာကတော့ တကယ့်ကိုအံ့မခန်းပါပဲ။ လိုအပ်တဲ့နေရာတွေဆီကို ဘယ်လောက်ဝေးဝေး အရောက်သွားတတ်ပြီး အကူအညီလိုအပ်သူတိုင်းကို ဖေးမကူညီရင်း အားပေးနှစ်သိမ့်တတ်သူတစ်ယောက်ပါ။

ခုလိုကာလမှာ ဆိုရင်လည်း နေရာတိုင်းမှာ အကူအညီ လိုအပ်နေသူတွေ အများအပြားရှိနေပြီး ခိုင်နှင်းဝေ ကလည်း လက်လှမ်းမှီသလောက် လိုက်လံကူညီပေးခဲ့ပါတယ်။ ဒါ့အပြင် အလုပ်အကိုင်အဆင်မပြေဖြစ်ကာ စားဝတ်နေရေး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ပြည်သူတွေဆီကိုလည်း နေ့စဉ်တိုင်းလိုလို သွားရောက်ကာ စားနပ်ရိက္ခာနဲ့ လိုအပ်တာများ လှူဒါန်းခဲ့တာကိုတွေ့ရပါတယ်။

ယနေ့ မေလ (၇) ရက်နေ့ မှာလည်း လှိုင်သာယာဘက် က ကျုးကျော်အိမ်ခြေ (၂၀၀)အား တစ်အိမ်လျှင် ဆန် (၅) ပြည်စီ လှူဒါန်းခဲ့ပြန်ပါတယ်။အလှူနဲ့ ပတ်သက်ပြီးလည်း ” လှိုင်သာယာ ဘက်မှ ကျုးကျော်အိမ်ခြေ (၂၀၀)အား တစ်အိမ်လျှင် ဆန် (၅)ပြည်စီ ဝေမျှ လှူဒါန်းခဲ့ပါတယ်ရှင်..အိမ်တွေထိ လိုက်ဝေလို့ အဆင်မပြေတဲ့ အတွက် ဘုန်းဘုန်းကျောင်း နှင့် သက်ဆိုင်ရာ ရပ်ကွက်ရုံးတွေ မှာသာ လှူဖြစ်ခဲ့ပါတယ်…ကျမနှင့် အတူ နိဗ္ဗာန်လမ်းကို ရည်မှန်း၍ ပါဝင် လှူဒါန်းပေးကြသော အလှူရှင်များ နှင့် သာဓုခေါ်ဆို ပေးကြသော ခုနှစ်ရက် သားသမီးများ အားလုံး ထပ်တူ ကုသိုလ်ရကြပါစေရှင်”ဆိုတဲ့စာလေးကိုရေးသားထားရာ ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment