Celebrity


Written by Ms Cele





Credit:Cele Zone
Photo – Kyaw Soe Win

လှိုင်သာယာက ပြည်သူဆေးရုံက ကျန်းမာရေးဝမ်းထမ်းတွေအတွက် ထမင်းဗူး(၁၉၀)၊သောက်ရေသန့်များနဲ့တခြားလိုအပ်တာများ သွားရောက်လှူဒါန်းခဲ့တဲ့ ခန့်စည်သူ

ခန့်စည်သူ ကတော့ ပြည်သူတွေ အရေးကြုံလာတိုင်း ရှေ့ဆုံးကနေ တတ်နိုင် သလောက် အလှူလေးတွေနဲ့ ပါဝင်နေသူ တစ်ယောက်ပါ ။ ဒီလိုကာလမှာလည်း အခက်အခဲဖြစ်နေတဲ့ ပြည်သူတွေ အတွက် အစားအသောက် တွေလည်း တတ်နိုင်သလောက် ကူညီခဲ့တာတွေ့ရပါတယ် ။

ခုလို ကိုဗစ်ကာလ မှာလည်း လူနာများ အဆင်ပြေစေရန် ရည်ရွယ်ပြီး လိုအပ်တဲ့ အစားအသောက်နဲ့ ပစ္စည်း ဆေးဝါးတွေကို လှူဒါန်းလျက်ရှိတာကို လေးစားစွာ တွေ့ရပါတယ် ။ မကြာခင်ရက်ပိုင်း ကလည်း ဆေးရုံတွေမှာ တောက်လျှောက် လှူဒါန်းမှုတွေ ပြုလုပ်ခဲ့ပါသေးတယ် ။

အခုလည်း လှိုင်သာယာ ပြည်သူ့ဆေးရုံက လူနာများနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ အတွက် ထမင်းဗူး(၁၉၀)၊သောက်ရေသန့်များ၊ကယ်လ်ဆီယမ်ကွေကာများ၊ ဆေးဝါးများနှင့် ဆေးရုံသုံးပစ္စည်းများကို လှူဒါန်းခဲ့တာတွေ့ရပါတယ် ။ တကယ်ကို မွန်မြတ်တဲ့ အလှူလေးဖြစ်တာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Kyaw Soe Win

About the author

Ms Cele

Leave a Comment