Celebrity

လႉဒါန္းရန္ စာရင္းသြားေကာက္ရာမွ စိတ္မောကာင္းစရာ ၾကံဳေတြခဲ့ရတဲ့ အျဖစ္အပ်က္ေတြကို ေျပာျပလာတဲ့ ခိုင္ႏွင္းေ၀

Written by Ms Cele

လႉဒါန္းရန္ စာရင္းသြားေကာက္ရာမွ စိတ္မောကာင္းစရာ ၾကံဳေတြခဲ့ရတဲ့ အျဖစ္အပ်က္ေတြကို ေျပာျပလာတဲ့ ခိုင္ႏွင္းေ၀

သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝ ကေတာ့ အားလုံးက ခ်စ္စနိုးနဲ႔ ပရဟိတ မင္းသမီးႀကီးလို႔ တင္စားေခၚေဝၚရ ေလာက္ေအာင္ အလႉအတန္းေတြကို အားႀကိဳးမာန္တတ္ လုပ္ေဆာင္ေနသူ တစ္ေယာက္ပါ။ ” ခိုင္ႏွင္းေဝ ရင္ေသြးေလးမ်ား ေဂဟာ” ကိုလည္း ဦးစီးတည္ေထာင္ ထားကာ မိဘမဲ့ကေလးေတြကို မိခင္ရင္းစဖြယ္ အစစအရာရာ ေကၽြးေမြးျပဳစုေစာင့္ေရွာက္ ေပးေနတာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ လိုအပ္ေနတဲ့ ျပည္သူေတြအတြက္လည္း တတ္နိုင္သေလာက္ အျမဲေဖးမကူညီတတ္တဲ့ သူမကေတာ့ အခုလိုအခ်ိန္မွာလည္း အားလုံးနဲ႔အတူ ရပ္တည္လ်က္ရွိပါတယ္။ စားဝတ္ေနေရးခက္ခဲေနၾကတဲ့ ျပည္သူေတြအတြက္ သူကိုယ္တိုင္အျပင္ အလႉရွင္ေတြနဲ႔ပါ စုေပါင္းၿပီး လႉဒါန္းမႈေတြကို ျပဳလုပ္ေပးေနတာလည္းျဖစ္ပါတယ္။

ဒီေန႔မွာလည္း (၁၆) ရက္ေန႔ အလႉအတြက္ သက္ႀကီးရြယ္အို ႏွင့္ အိမ္ေၿခ (၁၅၀) စာကို စာရင္းသြားေကာက္ရင္း သူၾကဳံေတြ႕ခဲ့ရတာေလးကို ခုလိုေျပာျပလာတာျဖစ္ ပါတယ္။ ဘဝအစုံကိုေတြ႕ျမင္ခဲ့ရၿပီး အမွန္တကယ္ ခက္ခဲေနသူေတြကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္ရေၾကာင္းနဲ႔ သူမလာေရာက္ လႉဒါန္းမယ္ဆိုတာသိရေတာ့ ေပ်ာ္ရႊင္သြားၾကၿပီး ဆုေတာင္းေပးၾကေၾကာင္းေတြကိုလည္း ေရးသားေဝမၽွထားရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမၽွေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Khine Hnin Wai

လှူဒါန်းရန် စာရင်းသွားကောက်ရာမှ စိတ်မောကာင်းစရာ ကြုံတွေခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြလာတဲ့ ခိုင်နှင်းဝေ

သရုပ်ဆောင် ခိုင်နှင်းဝေ ကတော့ အားလုံးက ချစ်စနိုးနဲ့ ပရဟိတ မင်းသမီးကြီးလို့ တင်စားခေါ်ဝေါ်ရ လောက်အောင် အလှူအတန်းတွေကို အားကြိုးမာန်တတ် လုပ်ဆောင်နေသူ တစ်ယောက်ပါ။ ” ခိုင်နှင်းဝေ ရင်သွေးလေးများ ဂေဟာ” ကိုလည်း ဦးစီးတည်ထောင် ထားကာ မိဘမဲ့ကလေးတွေကို မိခင်ရင်းစဖွယ် အစစအရာရာ ကျွေးမွေးပြုစုစောင့်ရှောက် ပေးနေတာလည်းဖြစ်ပါတယ်။

ဒါ့အပြင် လိုအပ်နေတဲ့ ပြည်သူတွေအတွက်လည်း တတ်နိုင်သလောက် အမြဲဖေးမကူညီတတ်တဲ့ သူမကတော့ အခုလိုအချိန်မှာလည်း အားလုံးနဲ့အတူ ရပ်တည်လျက်ရှိပါတယ်။ စားဝတ်နေရေးခက်ခဲနေကြတဲ့ ပြည်သူတွေအတွက် သူကိုယ်တိုင်အပြင် အလှူရှင်တွေနဲ့ပါ စုပေါင်းပြီး လှူဒါန်းမှုတွေကို ပြုလုပ်ပေးနေတာလည်းဖြစ်ပါတယ်။

ဒီနေ့မှာလည်း (၁၆) ရက်နေ့ အလှူအတွက် သက်ကြီးရွယ်အို နှင့် အိမ်ခြေ (၁၅၀) စာကို စာရင်းသွားကောက်ရင်း သူကြုံတွေ့ခဲ့ရတာလေးကို ခုလိုပြောပြလာတာဖြစ် ပါတယ်။ ဘဝအစုံကိုတွေ့မြင်ခဲ့ရပြီး အမှန်တကယ် ခက်ခဲနေသူတွေကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရကြောင်းနဲ့ သူမလာရောက် လှူဒါန်းမယ်ဆိုတာသိရတော့ ပျော်ရွှင်သွားကြပြီး ဆုတောင်းပေးကြကြောင်းတွေကိုလည်း ရေးသားဝေမျှထားရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment