Celebrity

ဝကၤဘာျမန္မာအမ်ိဳးသမီးမ်ား ဖြံၿဖိဳးတိုးတက္ေရးေဂဟာအတြက္ အလႉရွင္ေတြကိုယ္စား အေျခခံစားေသာက္ကုန္မ်ား လႉဒါန္းေပးခဲ့တဲ့ ေအးသီတာ

Written by Ms Cele

ဝကၤဘာျမန္မာအမ်ိဳးသမီးမ်ား ဖြံၿဖိဳးတိုးတက္ေရးေဂဟာအတြက္ အလႉရွင္ေတြကိုယ္စား အေျခခံစားေသာက္ကုန္မ်ား လႉဒါန္းေပးခဲ့တဲ့ ေအးသီတာ

ေအးသီတာ ကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယို ဇာတ္ကားမ်ားတြင္ ဇာတ္ပို႔အျဖစ္ ႏွစ္ေပါင္းမ်ားစြာ ပါဝင္ရိုက္ကူးခဲ့သူလည္း ျဖစ္ပါတယ္။သူမ ကေတာ့ အေရးၾကဳံတဲ့ အခါတိုင္း ျပည္သူေတြဘက္ကေန မားမားမတ္မတ္ ရပ္တည္ေပးေနတဲ့ အႏုပညာရွင္ တစ္ဦး ျဖစ္ပါတယ္။လက္ရွိ ျဖစ္ေပၚေနတဲ့ အေျခအေနေတြေၾကာင့္ အစားအေသာက္ခက္ခဲေနၾကတဲ့ ျပည္သူအခ်ိဳ႕ကိုလည္း သူမရဲ့ ေခၽြးနည္းစာထဲကေန ေစတနာသဒၶါတရား ထက္သန္စြာ ေပးကမ္းလႉဒါန္းေနတာကိုလည္း ေတြ႕ရပါတယ္။

ဒါ့အျပင္လည္း ပရိသတ္ျပည္သူေတြ သိရွိေစဖို႔ အတြက္ လက္ရွိအေျခအေနနဲ႔ သတိစကားေလး ေတြကို သူမရဲ့ Facebook Account ထက္မွာ ေရးသားေဝမၽွေလ့ရွိပါတယ္။ ဒီေန႔မွာလည္း ေအးသီတာက ျမန္မာအမ်ိဳးသမီးမ်ားဖြံၿဖိဳးတိုးတက္ေရးအသင္းအတြက္ အလႉရွင္ေတြကိုယ္စား အေျခခံစားေသာက္ကုန္မ်ားစြာကို သြားေရာက္လႉဒါန္းေပးကာ ကုသိုလ္ေကာင္းမႈျပဳခဲ့ပါတယ္။

ယေန႔အလႉနဲ႔ပတ္သက္ၿပီး အလႉရွင္ေတြကိုလည္း ခုလိုဆုေတာင္းစာေလးေရးသားေဖာ္ျပထားပါေသးတယ္။” ဒီေန႔အလႉရွင္ ကိုေက်ာ္ဝင္းထြန္း မဖူးပြင့္ခိုင္တို႔က လိုအပ္ေနရာမွာ လႉဒါန္းေပးပါဆိုလို႔ ဝကၤဘာျမန္မာအမ်ိဳးသမီးမ်ားဖြံၿဖိဳး တိုးတက္ေရးေဂဟာ ႐ုပ္ရွင္အစည္းအ႐ုံးေရွ႕မွာရွိ တေန႔ကိုဆန္တအိတ္နီးပါးကုန္တယ္ဆိုလို႔ ဆန္၃အိတ္ ဆီ၅ပိသာ ပုံးတပုံးၾကက္ဥ၅ကတ္ သကၠနိမၼိတာ႐ုံဆရာေလးမ်ား ေက်ာင္းကို ဆန္၃အိတ္ဆီ၅ပိသညတပုံး ၾကက္ဥ၅ကတ္သြားေရာက္လႉဒါန္းေပးခဲ့ပါတယ္ရွင္ ယခုအလႉရွင္မ်ားမေတာင့္မတမေၾကာင့္မၾကျပည့္စုံနိုင္ၾကပါေစ” စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Credit:Cele Zone
Photo – Aye Thida

ဝင်္ကဘာမြန်မာအမျိုးသမီးများ ဖွံဖြိုးတိုးတက်ရေးဂေဟာအတွက် အလှူရှင်တွေကိုယ်စား အခြေခံစားသောက်ကုန်များ လှူဒါန်းပေးခဲ့တဲ့ အေးသီတာ

အေးသီတာ ကတော့ ရုပ်ရှင်နဲ့ ဗီဒီယို ဇာတ်ကားများတွင် ဇာတ်ပို့အဖြစ် နှစ်ပေါင်းများစွာ ပါဝင်ရိုက်ကူးခဲ့သူလည်း ဖြစ်ပါတယ်။သူမ ကတော့ အရေးကြုံတဲ့ အခါတိုင်း ပြည်သူတွေဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးနေတဲ့ အနုပညာရှင် တစ်ဦး ဖြစ်ပါတယ်။လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အစားအသောက်ခက်ခဲနေကြတဲ့ ပြည်သူအချို့ကိုလည်း သူမရဲ့ ချွေးနည်းစာထဲကနေ စေတနာသဒ္ဓါတရား ထက်သန်စွာ ပေးကမ်းလှူဒါန်းနေတာကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင်လည်း ပရိသတ်ပြည်သူတွေ သိရှိစေဖို့ အတွက် လက်ရှိအခြေအနေနဲ့ သတိစကားလေး တွေကို သူမရဲ့ Facebook Account ထက်မှာ ရေးသားဝေမျှလေ့ရှိပါတယ်။ ဒီနေ့မှာလည်း အေးသီတာက မြန်မာအမျိုးသမီးများဖွံဖြိုးတိုးတက်ရေးအသင်းအတွက် အလှူရှင်တွေကိုယ်စား အခြေခံစားသောက်ကုန်များစွာကို သွားရောက်လှူဒါန်းပေးကာ ကုသိုလ်ကောင်းမှုပြုခဲ့ပါတယ်။

ယနေ့အလှူနဲ့ပတ်သက်ပြီး အလှူရှင်တွေကိုလည်း ခုလိုဆုတောင်းစာလေးရေးသားဖော်ပြထားပါသေးတယ်။” ဒီနေ့အလှူရှင် ကိုကျော်ဝင်းထွန်း မဖူးပွင့်ခိုင်တို့က လိုအပ်နေရာမှာ လှူဒါန်းပေးပါဆိုလို့ ဝင်္ကဘာမြန်မာအမျိုးသမီးများဖွံဖြိုး တိုးတက်ရေးဂေဟာ ရုပ်ရှင်အစည်းအရုံးရှေ့မှာရှိ တနေ့ကိုဆန်တအိတ်နီးပါးကုန်တယ်ဆိုလို့ ဆန်၃အိတ် ဆီ၅ပိသာ ပုံးတပုံးကြက်ဥ၅ကတ် သက္ကနိမ္မိတာရုံဆရာလေးများ ကျောင်းကို ဆန်၃အိတ်ဆီ၅ပိသညတပုံး ကြက်ဥ၅ကတ်သွားရောက်လှူဒါန်းပေးခဲ့ပါတယ်ရှင် ယခုအလှူရှင်များမတောင့်မတမကြောင့်မကြပြည့်စုံနိုင်ကြပါစေ” စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Credit:Cele Zone
Photo – Aye Thida

About the author

Ms Cele

Leave a Comment