Celebrity

ဝင္ေငြေကာင္းတဲ့ ခင္ပြန္းကို ပိုင္ဆိုင္ ထားေပမယ့္ ပကာသန ဆိုတာထက္ ကုသိုလ္ေရးကိုသာ ပိုမိုအာရံု စိုက္တဲ့ ပိုးအိအိခန္႕

Written by Ms Cele

ဝင္ေငြေကာင္းတဲ့ ခင္ပြန္းကို ပိုင္ဆိုင္ ထားေပမယ့္ ပကာသန ဆိုတာထက္ ကုသိုလ္ေရးကိုသာ ပိုမိုအာရံု စိုက္တဲ့ ပိုးအိအိခန္႕

နိုင္ငံေက်ာ္ သရုပ္ေဆာင္ မင္းသမီးေလး ပိုးအိအိခန့္နဲ့ နိုင္ငံ့ ဂုဏ္ေဆာင္ လက္ေရြးစင္ ေဘာလံုး သမား ေအာင္သူတို့ရဲ့ အခ်စ္ဇာတ္လမ္း ေလးကေတာ့ ပရိသတ္ေတြအၾကားမွာ ၾကည္နူးရာ ဇာတ္လမ္းေလး တစ္ပုဒ္ပါပဲ။ က်င္လည္ရာနယ္ပယ္အသီးသီးမွာ ေအာင္ျမင္ ေနၾကတဲ့ ေအာင္သူနဲ့ ပိုးအိအိခန့္ တို့က အြန္လိုင္းမွာ ဆံုေတြ့ျပီးတဲ့ေနာက္ တစ္ေယာက္နဲ့ တစ္ေယာက္ ခ်စ္ၾကိဳက္ခဲ့ကာ (၂၀၁၉) ခုနွစ္ မတ္လအတြင္းမွာ လက္ထပ္ခဲ့တာပဲ ျဖစ္ပါတယ္။ ေအာင္သူ ကလည္း လစာေကာင္းတဲ့ ေဘာလံုးသမားျဖစ္သလုိ ပိုးအိအိခန့္ ကလည္း အနုပညာ အရေရာ စီးပြားေရးအရပါ အဆင္ေျပတာမို့ သူတို့ နွစ္ေယာက္ရဲ့ မိသားစုေလး က လိုေလေသးမရိွ ျပည့္စံုတယ္လုိ့ ဆိုနိုင္ပါတယ္။

ဇနီးေမာင္နွံ နွစ္ေယာက္စလံုး ဝင္ေငြေကာင္းၾကေပမယ့္ ပကာသန ဆိုတာထက္ ကုသိုလ္ေရးကိုသာ ပိုမိုအာရံုစိုက္ ျဖစ္တဲ့ ပိုးအိအိခန့္က ဝင္ေငြေကာင္းတဲ့ ခင္ပြန္းကို ပိုင္ဆိုင္ထား ေပမယ့္ စိန္ေတြေရႊေတြ ဝယ္ေပးပါဆိုတာထက္ အလွဴေလးေတြလုပ္ဖို့ပဲ ဆႏၵရိွတဲ့ အေၾကာင္းကုိ “အလႉတစ္ခု ၿပီးေျမာက္တိုင္းမွာ ေက်းဇူးတင္မိတာက ဒီကမာၻေလာကႀကီးအေပၚမွာ လူတစ္လုံး သူတစ္လုံးျဖစ္လာေအာင္ရယ္ လူျဖစ္သည့္အေလ်ာက္ သူတစ္ပါးဆီက ရယူလိုစိတ္ထက္ သူတစ္ပါးအေပၚ ေပးခ်င္ကမ္းခ်င္စိတ္မ်ိဳး ရွိေအာင္ပဲ သြင္သင္ဆုံးမ ပဲ့ျပင္ေပးခဲ့တဲ့ မိဘႏွစ္ပါးကို ပထမဦးဆုံးေက်းဇူးတင္မိတယ္။ ဒုတိယေက်းဇူးတင္မိတာကေတာ့ ခင္ပြန္း ကိုပါ။ ကိုယ္က ဘယ္ေလာက္ပဲ လႉခ်င္ခ်င္ အေနာက္ကေန မပံ့ပိုးေပးဘူး ျဖစ္ခ်င္တာကို လိုက္မလုပ္ေပးဘူးဆိုရင္လည္း စိတ္သြားတိုင္းကိုယ္မပါႏိုင္ပါဘူး”

“ကြၽန္မလည္း ေယာက်ာ္းကို ပူဆာတိုင္း စိန္ေတြ ေ႐ႊေတြ ဝယ္ေပးပါ ဆိုတာထက္ ဟိုဟာေလးလႉခ်င္တယ္ ဒီမွာလည္း လႉလိုက္မယ္ေနာ္ ဆိုတာမ်ိဳးက ပိုမ်ားပါတယ္။ အဲ့လို လႉခ်င္တိုင္း သဒၵါစိတ္ျဖစ္တိုင္းမွာ ေဖာင္းသေဘာ ၊ ေဖာင္းလႉေလ ဆိုတာပဲ ေျပာခဲ့တဲ့ ခင္ပြန္းကိုလည္း ေက်းဇူးတင္မိတယ္။ အလႉေတြ လႉၿပီးတိုင္း ရင္ထဲမွာ ဆုေတာင္းမိတာက အၿမဲ ဒီလို လႉႏိုင္ တန္းႏိုင္ ေပးႏိုင္ ကမ္းႏိုင္တဲ့ သူမ်ိဳးပဲျဖစ္ပါရေစ ဆိုတဲ့ ဆုေတာင္းေလးပဲ ထပ္ေတာင္းမိတယ္ 🥰🥰🥰🥰 ကြၽန္မ သူေ႒းႀကီး မဟုတ္ပါဘူး။ ခ်မ္းလည္းမခ်မ္းသာဘူး။ ဒါေပမယ့္ ရွိသေလာက္ကို လႉခ်င္ေနတဲ့ ေစတနာေလးေတာ့ ခ်မ္းသာတယ္☺️☺️☺️☺️” ဆိုျပီး သူမရဲ့ ပီတိေလးကို ေျပာျပ လာပါတယ္။

ပိုးအိအိခန့္ ကေတာ့ သူမကို လိုေလေသးမရိွ ျပီးျပည့္စံုေအာင္ ထားတဲ့ မိဘနွစ္ပါးနဲ့ ျဖစ္ခ်င္တာမွန္သမွ်ကို ျဖည့္ဆည္းေပး တတ္တဲ့ ခင္ပြန္းေၾကာင့္ လက္ရိွဘဝေလးကို ေက်နပ္ေနရတာပဲ ျဖစ္ပါတယ္။ ပိုးအိအိခန့္ တစ္ေယာက္ ျဖစ္ခ်င္တဲ့ ဆႏၵေလးေတြ ျပည့္ဝျပီး ဒီထက္မက လွဴနိုင္တန္းနိုင္ ပါေစလို့ ဆုေတာင္းေပး လိုက္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီး အားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလး တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Credit:Cele Connections

ဝင်ငွေကောင်းတဲ့ ခင်ပွန်းကို ပိုင်ဆိုင် ထားပေမယ့် ပကာသန ဆိုတာထက် ကုသိုလ်ရေးကိုသာ ပိုမိုအာရုံ စိုက်တဲ့ ပိုးအိအိခန့်

နိုင်ငံကျော် သရုပ်ဆောင် မင်းသမီးလေး ပိုးအိအိခန့်နဲ့ နိုင်ငံ့ ဂုဏ်ဆောင် လက်ရွေးစင် ဘောလုံး သမား အောင်သူတို့ရဲ့ အချစ်ဇာတ်လမ်း လေးကတော့ ပရိသတ်တွေအကြားမှာ ကြည်နူးရာ ဇာတ်လမ်းလေး တစ်ပုဒ်ပါပဲ။ ကျင်လည်ရာနယ်ပယ်အသီးသီးမှာ အောင်မြင် နေကြတဲ့ အောင်သူနဲ့ ပိုးအိအိခန့် တို့က အွန်လိုင်းမှာ ဆုံတွေ့ပြီးတဲ့နောက် တစ်ယောက်နဲ့ တစ်ယောက် ချစ်ကြိုက်ခဲ့ကာ (၂၀၁၉) ခုနှစ် မတ်လအတွင်းမှာ လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။ အောင်သူ ကလည်း လစာကောင်းတဲ့ ဘောလုံးသမားဖြစ်သလို ပိုးအိအိခန့် ကလည်း အနုပညာ အရရော စီးပွားရေးအရပါ အဆင်ပြေတာမို့ သူတို့ နှစ်ယောက်ရဲ့ မိသားစုလေး က လိုလေသေးမရှိ ပြည့်စုံတယ်လို့ ဆိုနိုင်ပါတယ်။

ဇနီးမောင်နှံ နှစ်ယောက်စလုံး ဝင်ငွေကောင်းကြပေမယ့် ပကာသန ဆိုတာထက် ကုသိုလ်ရေးကိုသာ ပိုမိုအာရုံစိုက် ဖြစ်တဲ့ ပိုးအိအိခန့်က ဝင်ငွေကောင်းတဲ့ ခင်ပွန်းကို ပိုင်ဆိုင်ထား ပေမယ့် စိန်တွေရွှေတွေ ဝယ်ပေးပါဆိုတာထက် အလှူလေးတွေလုပ်ဖို့ပဲ ဆန္ဒရှိတဲ့ အကြောင်းကို “အလှူတစ်ခု ပြီးမြောက်တိုင်းမှာ ကျေးဇူးတင်မိတာက ဒီကမ္ဘာလောကကြီးအပေါ်မှာ လူတစ်လုံး သူတစ်လုံးဖြစ်လာအောင်ရယ် လူဖြစ်သည့်အလျောက် သူတစ်ပါးဆီက ရယူလိုစိတ်ထက် သူတစ်ပါးအပေါ် ပေးချင်ကမ်းချင်စိတ်မျိုး ရှိအောင်ပဲ သွင်သင်ဆုံးမ ပဲ့ပြင်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ပထမဦးဆုံးကျေးဇူးတင်မိတယ်။ ဒုတိယကျေးဇူးတင်မိတာကတော့ ခင်ပွန်း ကိုပါ။ ကိုယ်က ဘယ်လောက်ပဲ လှူချင်ချင် အနောက်ကနေ မပံ့ပိုးပေးဘူး ဖြစ်ချင်တာကို လိုက်မလုပ်ပေးဘူးဆိုရင်လည်း စိတ်သွားတိုင်းကိုယ်မပါနိုင်ပါဘူး”

“ကျွန်မလည်း ယောကျာ်းကို ပူဆာတိုင်း စိန်တွေ ရွှေတွေ ဝယ်ပေးပါ ဆိုတာထက် ဟိုဟာလေးလှူချင်တယ် ဒီမှာလည်း လှူလိုက်မယ်နော် ဆိုတာမျိုးက ပိုများပါတယ်။ အဲ့လို လှူချင်တိုင်း သဒ္ဒါစိတ်ဖြစ်တိုင်းမှာ ဖောင်းသဘော ၊ ဖောင်းလှူလေ ဆိုတာပဲ ပြောခဲ့တဲ့ ခင်ပွန်းကိုလည်း ကျေးဇူးတင်မိတယ်။ အလှူတွေ လှူပြီးတိုင်း ရင်ထဲမှာ ဆုတောင်းမိတာက အမြဲ ဒီလို လှူနိုင် တန်းနိုင် ပေးနိုင် ကမ်းနိုင်တဲ့ သူမျိုးပဲဖြစ်ပါရစေ ဆိုတဲ့ ဆုတောင်းလေးပဲ ထပ်တောင်းမိတယ် 🥰🥰🥰🥰 ကျွန်မ သူဋ္ဌေးကြီး မဟုတ်ပါဘူး။ ချမ်းလည်းမချမ်းသာဘူး။ ဒါပေမယ့် ရှိသလောက်ကို လှူချင်နေတဲ့ စေတနာလေးတော့ ချမ်းသာတယ်☺️☺️☺️☺️” ဆိုပြီး သူမရဲ့ ပီတိလေးကို ပြောပြ လာပါတယ်။

ပိုးအိအိခန့် ကတော့ သူမကို လိုလေသေးမရှိ ပြီးပြည့်စုံအောင် ထားတဲ့ မိဘနှစ်ပါးနဲ့ ဖြစ်ချင်တာမှန်သမျှကို ဖြည့်ဆည်းပေး တတ်တဲ့ ခင်ပွန်းကြောင့် လက်ရှိဘဝလေးကို ကျေနပ်နေရတာပဲ ဖြစ်ပါတယ်။ ပိုးအိအိခန့် တစ်ယောက် ဖြစ်ချင်တဲ့ ဆန္ဒလေးတွေ ပြည့်ဝပြီး ဒီထက်မက လှူနိုင်တန်းနိုင် ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေး တစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment