Knowledge

ဝမ္း လဲ မွန္ ပါ တယ္ . သြား လဲ တ ေန႔ (၂) ႀကိမ္ တိုက္ ပါ ရဲ့ နဲ႔ ခံတြင္း နံ့ နံေန ရင္ ..

Written by Ms Cele

ဝမ္း လဲ မွန္ ပါ တယ္ . သြား လဲ တ ေန႔ (၂) ႀကိမ္ တိုက္ ပါ ရဲ့ နဲ႔ ခံတြင္း နံ့ နံေန ရင္ ..

မဂ္လာပါ ဆရာ

က်မ အသက္ ၃၃ႏွစ္ အိမ္ေထာင္ ရွိပါ တယ္ ဆရာ။

အစာအိမ္ ကေတာ့ အပူအစပ္ စားရင္ နည္းနည္း ေအာင့္ပါတယ္။ ခႏၶာကိုယ္ က အပူဓာတ္ မ်ားလို႔ အသားက အျမဲ ပူေနတတ္ပါတယ္။

ဒါေပမဲ့ ဝမ္း လဲ မွန္ပါတယ္ ..အဲ့တာ ကို ခံတြင္းနံ့ နံလို႔ပါ ဆရာ။ သြားလဲ တေန႔ ၂ႀကိမ္တိုက္ ပါတယ္။

ထမင္း စားၿပီး တိုင္းလဲ ပလုတ္က်င္း ပါတယ္ ဒါေပမဲ့ နံတာ မေပ်ာက္ သြားပါဘူး။

ခံတြင္းအနံ့နံ တာကို ကိုယ့္ဖာသာ သိေနေတာ့ သူမ်ားနဲ႔ စကားေျပာရမွာ စိတ္က မလုံဘူးျဖစ္ပါတယ္။

ခံတြင္းနံ့ေပ်ာက္ေဆး ေတြလည္း သုံးဖူးပါတယ္။ မရပါ။

ခံတြင္း အနံ့နံ ေပ်ာက္ကင္း ေအာင္ ဘယ္လိုလုပ္ရမလဲ အႀကံေပးပါလား ဆရာ။

ဝမ္းထဲမွာ ေလပူရွိလို႔ပါ။

မနက္ေရ မခ်ိဳးမီ ဆန္ေဆးေရ အၾကည္ တစ္ဖန္ခြက္ေသာက္ပါ။ ခံတြင္းအနံ့တက္တာ သက္သာလာ ပါလိမ့္မယ္။ ဆန္ေဆးရည္က အေအးပါ။ အပူကိုနိုင္ပါတယ္။

အုန္းစိမ္းရည္ တစ္ပါတ္ကို တစ္ႀကိမ္ေသာက္ ပါ။ တမာရြက္ ျပာခ် ဆားနဲ႔ေရာ သြားတိုက္ပါ။

ညအိပ္ခါနီး ေျခဖဝါး ဆားပြတ္ ဒူးအထက္မွေအာက္ ေရေလာင္းေၿခ ေဆးေပးရင္ ပိုေကာင္းပါသည္ ။ ေရရွည္စြဲလုပ္ၾကည့္ပါ။

ေျခေလး ေခ်ာင္းသား တတ္နိုင္သမၽွ ေရွာင္စားပါ။ ေလပူစာ မၽွစ္၊မၽွစ္ခ်ဥ္၊လက္လုပ္ခ်ဥ္၊ ခ်ဥ္စပ္အစာမ်ား၊ အုန္းထမင္း၊ဒန္ေပါက္၊ ေရခဲေရမ်ားေရွာင္ပါ။

အစာအိမ္ ေဆး ေလပူက်ေဆး မ်ားစားပါ။

ဝမ်း လဲ မှန် ပါ တယ် . သွား လဲ တ နေ့ (၂) ကြိမ် တိုက် ပါ ရဲ့ နဲ့ ခံတွင်း နံ့ နံနေ ရင် ..

မဂ်လာပါ ဆရာ

ကျမ အသက် ၃၃နှစ် အိမ်ထောင် ရှိပါ တယ် ဆရာ။

အစာအိမ် ကတော့ အပူအစပ် စားရင် နည်းနည်း အောင့်ပါတယ်။ ခန္ဓာကိုယ် က အပူဓာတ် များလို့ အသားက အမြဲ ပူနေတတ်ပါတယ်။

ဒါပေမဲ့ ဝမ်း လဲ မှန်ပါတယ် ..အဲ့တာ ကို ခံတွင်းနံ့ နံလို့ပါ ဆရာ။ သွားလဲ တနေ့ ၂ကြိမ်တိုက် ပါတယ်။

ထမင်း စားပြီး တိုင်းလဲ ပလုတ်ကျင်း ပါတယ် ဒါပေမဲ့ နံတာ မပျောက် သွားပါဘူး။

ခံတွင်းအနံ့နံ တာကို ကိုယ့်ဖာသာ သိနေတော့ သူများနဲ့ စကားပြောရမှာ စိတ်က မလုံဘူးဖြစ်ပါတယ်။

ခံတွင်းနံ့ပျောက်ဆေး တွေလည်း သုံးဖူးပါတယ်။ မရပါ။

ခံတွင်း အနံ့နံ ပျောက်ကင်း အောင် ဘယ်လိုလုပ်ရမလဲ အကြံပေးပါလား ဆရာ။

ဝမ်းထဲမှာ လေပူရှိလို့ပါ။

မနက်ရေ မချိုးမီ ဆန်ဆေးရေ အကြည် တစ်ဖန်ခွက်သောက်ပါ။ ခံတွင်းအနံ့တက်တာ သက်သာလာ ပါလိမ့်မယ်။ ဆန်ဆေးရည်က အအေးပါ။ အပူကိုနိုင်ပါတယ်။

အုန်းစိမ်းရည် တစ်ပါတ်ကို တစ်ကြိမ်သောက် ပါ။ တမာရွက် ပြာချ ဆားနဲ့ရော သွားတိုက်ပါ။

ညအိပ်ခါနီး ခြေဖဝါး ဆားပွတ် ဒူးအထက်မှအောက် ရေလောင်းခြေ ဆေးပေးရင် ပိုကောင်းပါသည် ။ ရေရှည်စွဲလုပ်ကြည့်ပါ။

ခြေလေး ချောင်းသား တတ်နိုင်သမျှ ရှောင်စားပါ။ လေပူစာ မျှစ်၊မျှစ်ချဉ်၊လက်လုပ်ချဉ်၊ ချဉ်စပ်အစာများ၊ အုန်းထမင်း၊ဒန်ပေါက်၊ ရေခဲရေများရှောင်ပါ။

အစာအိမ် ဆေး လေပူကျဆေး များစားပါ။

About the author

Ms Cele

Leave a Comment