Celebrity


Written by Ms Cele






ဝါဆိုမိုးဦး ကို တစ်သောင်းတန် တွေ အထပ် လိုက်နဲ့ Challenge ခေါ် ခဲ့တဲ့ ဖြိုးလေး ရဲ့ အခွီ ဗီဒီယို

အနုပညာရှင် စုံတွဲထဲက အထာကျပြီး ခေတ်ရှေ့ ပြေးတဲ့ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲက လူငယ်ပရိသတ်တွေရဲ့ အားကျချစ် ခင်ခြင်းခံရသူလေး တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦး တို့က အနုပညာ အလုပ်တွေကို ကိုယ်စီ လုပ်ကိုင်နေကြသလို တစ်ယောက်ကိုတစ်ယောက် လက်တွဲ မဖြုတ်စတမ်း ချစ်လာခဲ့ကြတာ အခုဆိုရင် ချစ်သူသက်တမ်း (၅) နှစ်နီးပါးတောင် ရှိပြီပဲ ဖြစ်ပါ တယ်။ ဖြိုးလေးနဲ့ ဝါဆိုမိုးဦးက လက်ရှိမှာလည်း နားလည်မှုတွေကိုယ်စီ ရှေ့ဆက်နေကြပြီး သာယာတဲ့ အချစ်လမ်းခရီး ကို တူနှစ်ကိုယ် လျှောက်လှမ်းနေကြဆဲ ဖြစ်ပါတယ်။

လက်ရှိမှာ တော့ အနုပညာလှုပ်ရှားမှုတွေမရှိတဲ့ ဖြိုးလေး နဲ့ ဝါဆိုမိုးဦးတို့ စုံတွဲလေးကတော့ သူတို့နှစ်ယောက် ရဲ့ ဟာသ ဗီဒီယိုလေးတွေကို မျှဝေရင်း ပရိသတ်တွေ အတွက် ဘဝ အမောတွေ ပြေပျောက်စေဖို့ ကြိုးစား နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ဖြိုးလေးက အအေးဘူးတွေကြား အချဉ်ရည်ပုလင်းကြီးထားပြီး ချစ်သူဝါဆိုမိုးဦးကို တစ်သောင်းတန်တွေအထပ်လိုက်နဲ့ Challenge ခေါ်ခဲ့တာကို အခုလိုပဲ တွေ့ရပါတယ်။

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ စုံတွဲလေး ကတော့ ပရိသတ်တွေ ဘဝအမော ပြေပျောက်စေဖို့ သူတို့နှစ်ယောက်ရဲ့ ရယ်စရာအဖြစ်အပျက်လေးတွေကို ဗီဒီယိုလေး ကနေတဆင့် တင်ဆက်ပေး လာတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဖြိုးလေးနဲ့ ဝါဆိုမိုးဦး ရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး အပျော်တွေ ကူးစက်သွားကြမယ် ထင်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီး အားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Credit:Cele Connections

About the author

Ms Cele

Leave a Comment