Celebrity

သက္ႀကီးဘိုးဘြားေတြကို အလွဴေငြမ်ားလွဴရင္း ဝမ္းသာပီတိျဖစ္ကာ ငိုေနၾကတာေၾကာင့္ စိတ္မေကာင္းျဖစ္မိေၾကာင္း ေျပာျပလာတဲ့ ခိုင္ႏွင္းေ၀

Written by Ms Cele

သက္ႀကီးဘိုးဘြားေတြကို အလွဴေငြမ်ားလွဴရင္း ဝမ္းသာပီတိျဖစ္ကာ ငိုေနၾကတာေၾကာင့္ စိတ္မေကာင္းျဖစ္မိေၾကာင္း ေျပာျပလာတဲ့ ခိုင္ႏွင္းေ၀

ပရဟိတ လုပ္ငန္းေတြကို အားသြန္ ခြန္စိုက္ ႀကိဳးစားေဆာင္ရြက္ ေနၿပီး ျပည္သူေတြ လိုအပ္တာမ်ား တတ္နိုင္ သေလာက္ ကူညီေပးေနသူ ကေတာ့ သ႐ုပ္ေဆာင္ ခိုင္ႏွင္းေဝပဲ ျဖစ္ပါတယ္။ခိုင္ႏွင္းေဝက ရင္ေသြးေလးမ်ား ေဂဟာကို တည္ေထာင္ ထားၿပီး လူမမယ္ကေလး မ်ားကို ေႏြးေထြးတဲ့ ေမတၱာမ်ားျဖင့္ ထိန္းသိမ္းေစာင့္ေရွာက္ေပးေနတာလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္လည္း လူတိုင္း အေပၚ ကူညီခ်င္စိတ္ ရွိတဲ့ ခိုင္ႏွင္းေဝရဲ့ စိတ္ထား ကိုေတာ့ ပရိသတ္မ်ားက ခ်ီးက်ဴးေနၾကတာ ျဖစ္ပါတယ္။ လက္ရွိ အေျခအေနေတြေၾကာင့္ စားဝတ္ေနေရး အဆင္မေျပၾကသူမ်ားကိုလည္း စားနပ္ရိကၡာမ်ား လႉဒါန္းေပးေနတာ ကိုလည္း ၾကည္ႏူးဖြယ္ ျမင္ေတြ႕ၾကရမွာပါ။ သူမ ကေတာ့ ဘာသာေရး ကိုင္းရွိုင္းလြန္းသူ တစ္ေယာက္ျဖစ္ၿပီးအဓိဌာန္မ်ားလည္း မၾကာခဏဝင္ေရာက္ေလ့ရွိသူ ျဖစ္ပါတယ္။

ယေန႔မွာ လည္း သက္ႀကီး ဘိုးဘြားမ်ား အဆင္ေျပေစရန္ အတြက္ တစ္ဦးကို ေဆးဖိုး အလႉေငြ (၁) ေသာင္းက်ပ္ ႏွင့္ အာဟာရ မုန္႔ဗူးမ်ားကို သြားေရာက္ လႉဒါန္းခဲ့ျပန္ပါတယ္ ။ အဖိုးအဖြားေတြ ခမ်ာ အလႉေငြေလးေတြ ရလို႔ ဝမ္းသာ ပီတိျဖစ္ကာ ငိုေနၾကတာေၾကာင့္ စိတ္မေကာင္းျဖစ္ မိေၾကာင္းကိုလည္း ” ဘိုးဘြား တစ္ဦးလၽွင္ ေဆးဘိုး အလႉေငြ (၁) ေသာင္းက်ပ္ ႏွင့္ အဟာရ မုန္႔ဗူးမ်ား လႉဒါန္းေပးခဲ့ပါတယ္ရွင္..အဘြားေတြ ငိုတာၾကည့္ၿပီး ကိုယ့္အလွည့္ က်ရင္လဲ အိုဇာတာေကာင္းပါေစလို႔ ဆုေတာင္းမိပါတယ္..အသက္ရွင္ေနစဥ္ ကာလမွာ တတ္နိုင္သေလာက္ အလႉဒါနေတြ ျပဳၿပီး ကုသိုလ္ေတြ ရနိုင္သေလာက္ ရသေလာက္ ျပဳလုပ္သြားဘို႔လဲ စဥ္းစားမိပါတယ္..ခုႏွစ္ရက္ သားသမီး အလႈရွင္မ်ား အားလုံးကိုလဲ လႈေနစဥ္ တစ္ေလၽွာက္လုံး ေမတၱာ ပို႔ ဆုေတာင္းေပးပါတယ္…သာဓု သာဓု သာဓု ေခၚဆိုနိုင္ၾကပါေစရွင္.” ခုလိုေရးသားေဖာ္ျပခဲ့ပါတယ္ ။ ပရိသတ္ႀကီး အတြက္ ခိုင္ႏွင္းေဝရဲ့ အလႉေလးကို ေဝမၽွေပးလိုက္ပါတယ္ ။

Credit:Cele Zone
Photo – Khine Hnin Wai

သက်ကြီးဘိုးဘွားတွေကို အလှူငွေများလှူရင်း ဝမ်းသာပီတိဖြစ်ကာ ငိုနေကြတာကြောင့် စိတ်မကောင်းဖြစ်မိကြောင်း ပြောပြလာတဲ့ ခိုင်နှင်းဝေ

ပရဟိတ လုပ်ငန်းတွေကို အားသွန် ခွန်စိုက် ကြိုးစားဆောင်ရွက် နေပြီး ပြည်သူတွေ လိုအပ်တာများ တတ်နိုင် သလောက် ကူညီပေးနေသူ ကတော့ သရုပ်ဆောင် ခိုင်နှင်းဝေပဲ ဖြစ်ပါတယ်။ခိုင်နှင်းဝေက ရင်သွေးလေးများ ဂေဟာကို တည်ထောင် ထားပြီး လူမမယ်ကလေး များကို နွေးထွေးတဲ့ မေတ္တာများဖြင့် ထိန်းသိမ်းစောင့်ရှောက်ပေးနေတာလည်း ဖြစ်ပါတယ်။

ဒါကြောင့်လည်း လူတိုင်း အပေါ် ကူညီချင်စိတ် ရှိတဲ့ ခိုင်နှင်းဝေရဲ့ စိတ်ထား ကိုတော့ ပရိသတ်များက ချီးကျူးနေကြတာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေတွေကြောင့် စားဝတ်နေရေး အဆင်မပြေကြသူများကိုလည်း စားနပ်ရိက္ခာများ လှူဒါန်းပေးနေတာ ကိုလည်း ကြည်နူးဖွယ် မြင်တွေ့ကြရမှာပါ။ သူမ ကတော့ ဘာသာရေး ကိုင်းရှိုင်းလွန်းသူ တစ်ယောက်ဖြစ်ပြီးအဓိဌာန်များလည်း မကြာခဏဝင်ရောက်လေ့ရှိသူ ဖြစ်ပါတယ်။

ယနေ့မှာ လည်း သက်ကြီး ဘိုးဘွားများ အဆင်ပြေစေရန် အတွက် တစ်ဦးကို ဆေးဖိုး အလှူငွေ (၁) သောင်းကျပ် နှင့် အာဟာရ မုန့်ဗူးများကို သွားရောက် လှူဒါန်းခဲ့ပြန်ပါတယ် ။ အဖိုးအဖွားတွေ ခမျာ အလှူငွေလေးတွေ ရလို့ ဝမ်းသာ ပီတိဖြစ်ကာ ငိုနေကြတာကြောင့် စိတ်မကောင်းဖြစ် မိကြောင်းကိုလည်း ” ဘိုးဘွား တစ်ဦးလျှင် ဆေးဘိုး အလှူငွေ (၁) သောင်းကျပ် နှင့် အဟာရ မုန့်ဗူးများ လှူဒါန်းပေးခဲ့ပါတယ်ရှင်..အဘွားတွေ ငိုတာကြည့်ပြီး ကိုယ့်အလှည့် ကျရင်လဲ အိုဇာတာကောင်းပါစေလို့ ဆုတောင်းမိပါတယ်..အသက်ရှင်နေစဉ် ကာလမှာ တတ်နိုင်သလောက် အလှူဒါနတွေ ပြုပြီး ကုသိုလ်တွေ ရနိုင်သလောက် ရသလောက် ပြုလုပ်သွားဘို့လဲ စဉ်းစားမိပါတယ်..ခုနှစ်ရက် သားသမီး အလှုရှင်များ အားလုံးကိုလဲ လှုနေစဉ် တစ်လျှောက်လုံး မေတ္တာ ပို့ ဆုတောင်းပေးပါတယ်…သာဓု သာဓု သာဓု ခေါ်ဆိုနိုင်ကြပါစေရှင်.” ခုလိုရေးသားဖော်ပြခဲ့ပါတယ် ။ ပရိသတ်ကြီး အတွက် ခိုင်နှင်းဝေရဲ့ အလှူလေးကို ဝေမျှပေးလိုက်ပါတယ် ။

Credit:Cele Zone
Photo – Khine Hnin Wai

About the author

Ms Cele

Leave a Comment