Celebrity


Written by Ms Cele





Credit:Swelsone News

သင်ဇာရဲ့ စကား တစ်ခွန်းကြောင့် အကုန်လုံး သဘောကျမဆုံး ဖြစ်သွား ကြတဲ့ ပိုင်ဖြိုးသုတို့ အဖွဲ့

ပရိသတ် အချစ်တော် မင်းသမီးချောလေး သင်ဇာဝင့်ကျော် ကတော့ အမိုက်စားဖက်ရှင် တွေကို ဝတ်ဆင်လေ့ရှိပြီး ဆွဲဆောင်မှု အပြည့်နဲ့ လှနေတတ်တာ ဖြစ်ပါတယ် ။ ပုရိသတွေရဲ့အထူး တလည် စိတ်ဝင်စားခြင်းကို ခံနေရတဲ့ သင်ဇာဝင့်ကျော်က သူမရဲ့အလုပ် အပေါ်မှာ အာရုံစိုက်ပြီး သေသေချာချာ လုပ်ကိုင်တတ်တာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်က ဝေဖန်တိုက်ခိုက်မှုဒဏ်တွေကို မကြာခဏခံရ တတ်ပေမယ့် ပြိုလဲသွားခြင်းမရှိဘဲ သူမရဲ့အောင်မြင်မှုပန်းတိုင်ကိုသာ ဆက်လက် လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။

ဒီနေ့မှာတော့ သင်ဇာဝင့်ကျော်က SHAYI ဖက်ရှင်ဆိုင်ရဲ့ဆိုင်အသစ်ဖွင့်ပွဲကို တက်ရောက် ခဲ့တာပဲ ဖြစ်ပါတယ် ။ Myanmar Plaza မှာ ကျင်းပပြုလုပ်တဲ့ SHAYI ရဲ့ Grand Opening ကို သင်ဇာဝင့်ကျော်အပြင် စန္ဒီမြင့်လွင့်၊ အေးမြတ်သူ၊ နန်းဆုရတီစိုးနဲ့ ပိုင်ဖြိုးသုတို့လည်း အသီးသီးတက်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ် ။ သင်ဇာဝင့်ကျော်တို့ အနုပညာညီအစ်မ တစ်စုကတော့ အတူဆုံတဲ့အချိန်လေးမှာ စကားတွေပြောရင်း ရယ်မောခဲ့သလို အမှတ်တရ ဓာတ်ပုံတွေလည်း ရိုက်ကူးခဲ့ကြတာ ဖြစ်ပါတယ် ။

ဓာတ်ပုံရိုက် နေရင်းနဲ့ သင်ဇာဝင့်ကျော်က နန်းဆုရတီစိုးကို အသားတွေ ပိုဖြူပြီးလှလာကြောင်းပြောခဲ့တာ ဖြစ်ပါတယ် ။ ဒါ့အပြင် သင်ဇာက နန်းဆုရဲ့ခြေထောက်ကိုကြည့်ပြီး စစနောက်နောက်နဲ့ စကားတစ်ခွန်းပြောချ လိုက်တာလည်း ဖြစ်ပါတယ် ။ Live လွှင့်နေမှန်းမသိဘဲ လှန်ကြည့်မယ်လို့ပြောလိုက်တဲ့ သင်ဇာ့ကြောင့် နန်းဆုတို့အနုပညာ ညီအစ်မတွေ ရယ်မောခဲ့ရတာလည်း ဖြစ်ပါတယ် ။ ကဲ သင်ဇာဝင့်ကျော်နဲ့ နန်းဆုရတီစိုးတို့ အနုပညာညီအစ်မ တစ်စုရဲ့အခွီ ဗီဒီယိုလေးကို ချစ်ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်ပါတယ်နော် ။

Credit:Swelsone News

About the author

Ms Cele

Leave a Comment