Knowledge

သင် သူ့ကို “လက်လွှတ်သင့်နေပြီဆိုတာ” သိရှိ နိုင်မည့် အကြောင်းများ

Written by Ms Cele

သူပြောင်းလဲလာမလား ဆိုပြီး စောင့်ကြည့်နေ ရင်း မပြောင်းလဲလာတော့ ရင် သင် သူကို လက်လွှတ် သင့်နေပြီလား။ တစ်ခါ တစ်လေ ကိုယ့်အပေါ်မကောင်းမှန်းသိနေရက်နဲ့ ဆက်ပြီးတွဲနေတာမျိုးလည်းရှိတယ်။ တစ်ခါတစ်လေ ကိုယ့်ကို မချစ်မှန်းသိနေရက်နဲ့၊ အချစ်မခံရတာ သိသိရက်နဲ့လည်း ဆက်ချစ်နေကြတာတွေလည်းရှိတယ်။ ပျိုမေတို့ရေ အချစ်ဆိုတာ အရမ်းဆန်းကြယ်တာပါနော်။

(၁) သင့်အတွက် မပြောင်းလဲလာဘူး

သင်တို့နှစ်ယောက်ကြား အဆင်မပြေတဲ့အရာတွေကို ပြောင်းလဲလာမလားဆိုပြီး စောင့်ကြည့်တယ်။ သူပြောင်းလဲပါစေလို့လည်း မျော်လင့်နေတယ်။ တကယ်ဆို မိမိကိုယ့်ကိုသာ ပြောင်းလဲနိုင်ကြတာပါ။ ဘယ်သူကမှ ပြောင်းလဲပေးလို့လည်းမရပါဘူး။ အဲ့လိုပါပဲ သူဘာသာသူ့ မပြောင်းလဲလာတော့ဘူဆိုရင်တော့ သင်သူကို လက်လျော့လိုက်ပါတော့။

(၂)သင်ကပဲ အချစ်ခံရဖို့ကို တောင်းပန်နေရတယ်

သင်ဘက်က တစ်ဖက်သတ်ချစ်နေရသလိုမျိုး သူ့ဆီကနေ အချစ်ခံရဖို့ တောင်းဆိုနေရတယ်ဆိုရင်တော့ လက်လွှတ်လိုက်ပါတော့။ သင့်ကိုသာ တစ်ကယ်ချစ်ရင် သင့်ဘက်ကချည်း တောင်းဆိုနေစရာမလိုပါဘူး။ အဲ့လိုလူမျိုးနဲ့တွဲနေတာထက်စာရင် သူ့ထက် သင့်ကိုချစ်နိုင်မယ့် လူနဲ့ပဲ လက်တွဲလိုက်ပါတော့နော်။

(၃) သင်ကို ရန်အမြဲရှာတယ်

ပြီးခဲ့တဲ့လက သင်လုပ်ခဲ့တဲ့အမှားအတွက် သင်ကိုအမြဲရန်ရှာနေတယ်။ အပြစ်ပြောနေတယ်။ သင်တို့ အဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း ရန်ခဏခဏဖြစ်ကြတယ်ဆိုရင် သင်တို့ရဲ့ relationship က ညှိယူလို့မရတော့ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက်လည်း အမုန်းပွားလာမယ် ဆိုရင်တော့ သင့်သူကို လက်လျော့လိုက်သင့်ပါပြီး။

(၄) သင်တို့ ရည်မှန်းချက်တွေ မတူကြဘူး

သူ့က ကလေးတွေမချစ်တတ်လို့ ကလေးယူရမှာ စိတ်မ၀င်စားဘူး။ ဒါဆို သင့်အကြိုက်ကိုသိပြီး လိုက်လုပ်ပေးမယ်လို့ထင်နေရင် မှားတယ်။ အဲ့လိုယောကျာ်းမျိုးက သင့်အတွက်နဲ့တော့ ပြောင်းလဲလာမှာ မဟုတ်ဘူးဆိုတာ သိထားပါ။ သူ့အတွက်ပဲ သူဘ၀ကို ဆက်လျှောက်လှမ်းနေမှာပါ။

(၅) သင်အမြဲ အထီးကျန်နေရတယ်

ကိုယ့်ဘေးနားမှာ တစ်စုံတစ်ယောက်ရှိနေတာတောင် အထီးကျန်နေတယ်ဆိုရင် သင့်အချစ်မခံရတာ သင့်ကို တကယ်ချစ်တဲ့ယောကျာ်းကတော့ သင့်ကို အထီးမကျန်ရအောင်၊ စိတ်မချမ်းသာအောင်ထားမှာပါ။ ချစ်သူရှိနေပြီး အထီးကျန်နေရတာထက် တစ်ယောက်တည်းနေပြီး အထီးကျန်နေရတာပိုကောင်းပါတယ်။ သင်ဘေးနားမှာ သူရှိတာ ကောင်းလား၊ မကောင်းလား ဆိုတာ ကိုယ့်ကိုကိုယ် အရင်ပြန်မေးကြည့်ပါနော်။ သူရှိနေတာတောင် အထီကျန်နေတယ်ဆိုရင်တော့ သူကို စွန့်လွှတ်လိုက်ပါတာ ကောင်းပါတယ်။

(၆) သင်တစ်ယောက်တည်းနေရမှာ ကြောက်လို့

သူပြောင်းလဲလာမလား ဆိုပြီး သူ့ပြောင်းလဲလာဖို့ကိုစောင့်နေတာဟာ သင်တစ်ယောက်တည်းနေရမှာ ကြောက်နေလို့ပါပဲ။ ဒီ relationship နဲ့ပြတ်သွားရင် သင်တစ်ယောက်တည်းဖြစ်နေမှာကို ကြောက်လို့ သူကို မစွန့်လွှတ်နိုင်တာပါ။ သင် အမြဲယုံကြည်ရမှာက သူထက်သာတဲ့လူကတော့ သင့်ဘေးနားမှာရှိနေတယ်ဆိုတာပါပဲ။ ဒီ relationship မှာ အဆင်မပြေခဲ့ရင် နောက် ပိုကောင်းတဲ့ လူမျိုးနဲ့တွေ့ရမှာပါနော်။

(၇) သူဟာ တစ်ကိုယ့်ကောင်းသမား

တစ်ကိုယ့်ကောင်းသမား တော်တော်များများက သူတို့အတွက်ပဲတွေးတတ်ကြတယ်။ သူတို့စိတ်ထဲမှာ ဘေးလူအတွက်ဆိုတာ မရှိဘူး။ အမြဲ သူတို့ကောင်းစားဖို့ပဲတွေးတတ်ကြတယ်။ သူက အဲ့လိုယောက်ျားမျိုးဆို သင့် လက်လွှတ်လိုက်ပါတော့။ သင့်အတွက်ဆိုတာ သူခေါင်းထဲမှာ မရှိခဲ့လို့ သင့်အတွက် ဘယ်အရာကိုမှ မလုပ်ပေးခဲ့တာပါ။ ဒါကြောင့် လက်လွှတ်လိုက်ပါတော့နော်။

About the author

Ms Cele

Leave a Comment